မဲခေါင်၊ နိုဝင်ဘာ ၂၇
နိုဝင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွင် မိုးသည်းထန်လွန်းပြီး ရေကြီးခြင်းနှင့်မြေ ပြိုမှုများဖြစ်ပွားရာတွင် အနည်းဆုံး ၂၈ ယောက်သေဆုံးကာ ၁၀ ဦးပျောက်ဆုံးနေသေးသည့်အချိန်တွင် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်း၌ နောက်ထပ် ကပ်ဆိုးအဖြစ် ပြင်းအား ၆ ဒသမ ၆ အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြန်သည်။
အပူပိုင်းမုန်တိုင်းတစ်ခုသည် ဆူမားတြားမြောက်ပိုင်းကို ဦးတည်တိုက်ခတ်ခဲ့ရာတွင် ထိုဒေသမှ လူပေါင်း ၈၀၀၀ ကို ရွှေ့ပြောင်းကယ်တင်နိုင်ခဲ့သော်လည်း မြေပြိုခြင်းများနှင့် ရေကြီးမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ လုံး၀ပြတ်တောက်ကုန်သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကြန့်ကြာ နေခဲ့ရပြီး ရဟတ်ယာဉ်ဖြင့် အဓိက ကယ်ဆယ်နေရသည်ဟု အင်ဒိုနီးရှားနိုင်ငံ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒဲလ်မူဟာရီက နိုဝင်ဘာ ၂၇ ရက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ယင်းရေကြီးမြေပြိုမှုကပ်ဘေး မကယ်တင်နိုင်သေးမီ စက်တင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းတွင် ဆူမားတြားကျွန်းအနောက်ဘက်ကမ်းခြေကို ဗဟိုပြုသော ပြင်းအား ၆ ဒသမ ၆ ရှိ ငလျင် ထပ်လှုပ်ခတ်ခဲ့ ခြင်းကြောင့် အင်ဒိုနီးရှားသာမက တူရကီနှင့် အခြားနိုင်ငံများတွင်ပါ ငလျင်ရိုက်ခတ်မှုရှိခဲ့ပြီး သေဆုံး ဒဏ်ရာရမှုဖြစ်စဉ်များကို မသိရှိရသေးကြောင်း သိရသည်။
ယင်းငလျင်သည် ဆူမားတြားကျွန်း အနောက်မြောက်ဘက် ၄၅ ကီလိုမီတာ၌ အနက် ၂၅ ဒသမ ၄ ကီလိုမီတာတွင် ဗဟိုချက်အဖြစ် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒစစ်တမ်းအဖွဲ့က ထုတ်ပြန် ခဲ့သည်။
ယခုတစ်ပတ်အတွင်း အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေး ရှားတို့၌ ရက်စက် မိုးရေချိန် စံချိန်တင်သည့် မိုးသည်းထန်မှုများကြောင့် ဆိုးရွားသော ရေဘေးအန္တရာယ် များနှင့် ရင်ဆိုင်နေခဲ့ရပြီး အနည်းဆုံး အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။
ကိုကလင်း
Ref: yenisafak
#MeKongNews
#အင်ဒိုနီးရှား
#ဆူမားတြားကျွန်း
#ငလျင်
#ရေကြီးနစ်မြုပ်








