ကမ္ဘာ့သတင်း

နမီးဘီးယားရွေးကောက်ပွဲတွင် အဒေါ့ဖ်ဟစ်တလာ သောင်ပြိုကမ်းပြို အနိုင်ရ

မဲခေါင် 26 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၆ အာဖရိကတောင်ပိုင်း ဆာဟာရသဲကန္တာရနယ်ရှိ အခြောက်သွေ့ဆုံးဒေသတွင် တည်ရှိသော နမီးဘီးယား နိုင်ငံ ရွေးကောက်ပွဲတွင် ထူးခြားစွာဖြင့် အဒေါ့ဖ်ဟစ်တလာ နောက်ထပ် ၅ နှစ် တာဝန်ထမ်းဆောင်ရန် သောင်ပြိုကမ်းပြိုအနိုင်ရနေခဲ့ကြောင်း သိရှိရသည်။ နမီးဘီးယားရွေးကောက်ပွဲသည် နိုဝင်ဘာ ၂၆ ရက်တွင် အပြီးသတ်မည်ဖြစ်သော်လည်း အွမ်ပန်ဂျာ မဲဆန္ဒနယ်တွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲက မဲအများဆုံးရရှိပြီး မဲဆန္ဒနယ်အမတ်ဖြစ်ခဲ့သော အဒေါ့ဖ်ဟစ်တလာသည် ယခုရွေးကောက်ပွဲတွင်လည်း အနီးဆုံးပြိုင်ဘက် ၂၁၃ မဲသာရချိန် ဆန္ဒမဲ အားလုံး၏ ၈၅ ရာခိုင်နှုန်းဖြစ်သည့် မဲပေါင်း ၁၁၉၆ မဲ ရရှိထားပြီးဖြစ်ခြင်းကြောင့် သောင်ပြိုကမ်းပြို့ အနိုင်ရကာ နောက်ထပ် ၅ နှစ် တာဝန်ထမ်းရန် သေချာသွားခဲ့ပြီဖြစ်သည်။ ထူးခြားသည်မှာ

မဲခေါင်၊ နိုဝင်ဘာ ၂၆

အာဖရိကတောင်ပိုင်း ဆာဟာရသဲကန္တာရနယ်ရှိ အခြောက်သွေ့ဆုံးဒေသတွင် တည်ရှိသော နမီးဘီးယား နိုင်ငံ ရွေးကောက်ပွဲတွင် ထူးခြားစွာဖြင့် အဒေါ့ဖ်ဟစ်တလာ နောက်ထပ် ၅ နှစ် တာဝန်ထမ်းဆောင်ရန် သောင်ပြိုကမ်းပြိုအနိုင်ရနေခဲ့ကြောင်း သိရှိရသည်။

နမီးဘီးယားရွေးကောက်ပွဲသည် နိုဝင်ဘာ ၂၆ ရက်တွင် အပြီးသတ်မည်ဖြစ်သော်လည်း အွမ်ပန်ဂျာ မဲဆန္ဒနယ်တွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲက မဲအများဆုံးရရှိပြီး မဲဆန္ဒနယ်အမတ်ဖြစ်ခဲ့သော အဒေါ့ဖ်ဟစ်တလာသည် ယခုရွေးကောက်ပွဲတွင်လည်း အနီးဆုံးပြိုင်ဘက် ၂၁၃ မဲသာရချိန် ဆန္ဒမဲ အားလုံး၏ ၈၅ ရာခိုင်နှုန်းဖြစ်သည့် မဲပေါင်း ၁၁၉၆ မဲ ရရှိထားပြီးဖြစ်ခြင်းကြောင့် သောင်ပြိုကမ်းပြို့ အနိုင်ရကာ နောက်ထပ် ၅ နှစ် တာဝန်ထမ်းရန် သေချာသွားခဲ့ပြီဖြစ်သည်။

ထူးခြားသည်မှာ အဒေါ့ဖ်ဟစ်တလာ နာမည်ရလာပုံဖြစ်ပြီး ၎င်းသည် ဥရောပတစ်တိုက်လုံးရှိ ဂျူး လူဦးရေ ၃ ပုံ ၂ ပုံဖြစ်သော ဂျူး ၆ သန်းကို သတ်ခဲ့သော ဂျာမနီနာဇီ အာဏာရှင် အဒေါ့ဖ်ဟစ်တလာကဲ့ သို့ ရက်စက်သည့် အာဏာရှင်မဟုတ်ဘဲ ကံဆိုးစွာဖြင့် ထိုနာမည်ကို ဖခင်ပေးသည့်အတိုင်း ရရှိခဲ့ကာ ပြင်ဆင်ချိန် မရှိဘဲ အမတ်ဖြစ်လာခြင်းဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။

နမီးဘီးယားသည် ၁၉၉၀ ပြည့်နှစ်မှ တောင်အာဖရိကမှ လွတ်လပ်ရေးရခဲ့သော နိုင်ငံဖြစ်သော်လည်း ဂျာမနီ၏ ကိုလိုနီလုပ်ခဲ့ရာ နယ်မြေဖြစ်သော အနောက်တောင်အာဖရိက နယ်မြေထဲမှ တစ်နိုင်ငံဖြစ်ခဲ့ ကာ ၁၉၀၄ ခုနှစ်မှ ၁၉၀၈ ခုနှစ်အထိ ဂျာမန်တပ်သားများသည် နာမာမျိုးနွယ်စုတိုင်းရင်းသား ၁၀၀၀၀ နှင့် ဟီရီယိုတိုင်းရင်းသားမျိုးနွယ်စု ၆၅၀၀၀ ကိုသတ်ဖြတ်ခဲ့သည့် သမိုင်းဆိုးလည်း ရှိခဲ့သည်။

ပထမ ကမ္ဘာစစ်ကတည်းက ဂျာမနီကိုလိုနီဖြစ်ခဲ့သည့်အတွက် ယနေ့ကာလတွင် နမီးဘီးယားသို့ နှစ်စဉ် ဂျာမနီသား ၁၂၀၀၀၀ လာရောက်လည်ပတ်ကာ ယနေ့အထိ နိုင်ငံ လမ်းများစွာ၊ နေရာများစွာကို ဂျာမနီ ဘာသာကစားဖြင့် နာမည်ပေးထားသလို ဂျာမနီစကားပြောသည့် လူမျိုးစုအသိုင်းအဝိုင်းလည်း ကျယ်ပြန့်စွာရှိသည်။

အမည် အဒေါ့ဖ်ဟစ်တလာဖြစ်လာရခြင်းနှင့်ပတ်သက်ပြီး “ ကျွန်တော့်နာမည်ကို အဖေပေးခဲ့တာပါ။ အဒေါ့ဖ်ဟစ်တလာ ယူအန်နိုနာလို့ ပေးခဲ့တာ။ အဒေါ့ဖ်ဟစ်တလာဘာလဲဆိုတာလည်း အဖေ မသိဘူး။ ကလေးဘ၀တုန်းက ဒါသာမန်နာမည်လို့ပဲ ကျွန်တော်လည်း ထင်တာပါ။ ဆယ်ကျော်သက်အရွယ် ရောက်မှပဲ ကမ္ဘာတစ်ခုလုံး အုပ်စိုးချင်ခဲ့သူကြီးရဲ့ နာမည်ဖြစ်နေတာ သိခဲ့ရတယ်။ ခုထိလည်း ဇနီးက ကျွန်တော့်ကို အဒေါ့ဖ်လို့ ခေါ်တာပါပဲ။ ကိုယ့်ဘ၀ စာရွက်စာတမ်းမှတ်ပုံတင်အားလုံးမှာ ဒီနာမည်ကြီးက တောက်လျှောက်ပါနေတော့ ပြင်ဖို့ အချိန်နှောင်းသွားခဲ့လို့ ဒီအတိုင်း ဒီနာမည်နဲ့ ကြီးပြင်းခဲ့ရတာပါ။ ကျွန်တော်ကတော့ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့သူပါ။ ရက်စက်တတ်သူမဟုတ်တဲ့ ကြင်နာတတ်သူပါ” ဟု ဂျာမန်ဘိုင်းလ်သတင်းစာသို့ ၅၉ နှစ်အရွယ် လွှတ်တော်အမတ်က ပြောပြသွားခဲ့ သည်။

အဒေါ့ဖ်ဟစ်တလာအစစ်သည် ၁၉၃၃ ခုနှစ်တွင် နာဇီပါတီ အာဏာရလာခြင်းမှ ဂျာမနီခေါင်းဆောင် စစ်ဘုရင်ဖြစ်လာကာ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီး ဂျူး ၆ သန်းကို သတ်ဖြတ်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် နာဇီတို့ ဗြိတိန်၊ အမေရိကန်နှင့်ရုရှားမဟာမိတ်တပ်များကို စစ်ရှုံးပြီးနောက် ဆိုဗီယက် တပ်နီတော်ကြီး ဘာလင်သို့ ချီတက်လာချိန်၌ မြေအောက်ဥမင်အဆောက်အအုံ Fuhrerbunker ထဲ ပုန်းအောင်းနေရာမှ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ်အဆုံးစီရင်ခဲ့ပြီး တပည့်များက Reich Chancellery အဆောက်အအုံရှေ့ ပန်းခြံထဲ မီးသဂြိဟ်လိုက်ကြသည်ဟု သမိုင်းတွင် ဖော်ပြထားသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#နမီးဘီးယား
#ဟစ်တလာ
#ဂျာမနီ
#စစ်ဘုရင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now