မဲခေါင်၊ နိုဝင်ဘာ ၂၅
ထိုင်းနိုင်ငံ၊ ဆမတ်ပရာကန်ခရိုင်တွင် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးအား အစိုးရ အဖွဲ့အစည်းမှ အရာရှိ များဟန်ဆောင်ကာ မိခင်ကြီးစုဆောင်ထားသည့် ဘတ် ၆ ဒသမ ၈ သန်းဖိုးအား လိမ်လည်သွားခဲ့သည့် ကျားဖြန့်ရာဇဝတ်သား တရုတ်နိုင်ငံသားကို နိုဝင်ဘ ၂၃ ရက်တွင် ဖမ်းဆီးနိုင်ခဲ့သည်။
မစ်ခ်ဟု အမည်ရသော ၁၉ နှစ်အရွယ် လူငယ်လေးအား ဖမ်း၀ရမ်းအတုကို ပြသကာ ဖမ်းဆီးမခံလို လျှင် ညှိနှိုင်းနိုင်သည့် အခြေအနေရှိဟုဆိုကာ ဗီဒီယိုကောလ်မှာ ၂၄ နာရီကြာအထိ ခြိမ်းခြောက်ခဲ့ရာမှ မစ်ခ်က စိုးရိမ်စိတ်ဖြင့် ယုံကြည်သွားခဲ့ပြီး မိခင်ပိုင်ဆိုင်သည့် မြင်မြင်ရာတန်ဖိုးကြီးအရာများကို ယူဆောင်ကာ ချိန်းထားသည့် နွန်သာဘူရီခရိုင်အထိ သွားပေးခဲ့ကြောင်း သိရသည်။
သို့သော် ယင်းမျှဖြင့် မကျေနပ်သေးဘဲ ထပ်မံခြိမ်းခြောက်ကာ သားအမိနှစ်ယောက်စလုံး လာရောက်မဖြေရှင်းလျှင် ဖမ်းခံရမည်မှာ သေချာ သည်ဟု ထပ်ခြိမ်းခြောက်သဖြင့် မစ်ခ်သည် မိခင်၏ လာအိုဘဏ်၌ အပ်ထားသည့် ဘဏ်စာအုပ်ကို ထပ်လွှဲပေးခဲ့ကြောင်း၊ ဖုန်းထဲတွင် ဘဏ်ကတ်ထဲမှ ငွေများ ပျောက်သွားမှ မိခင်က သိပြီး ဆမတ်ပရာကန်ရဲစခန်းသို့ သွားတိုင်ကြားခဲ့ခြင်းဖြစ်သည်။
ထိုအမှုကို ထိုင်းဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့ကပါ ပူးပေါင်းပြီး အားချင်း စုံစမ်းဖော်ထုတ်ရာ စုစုပေါင်း ဘတ် ၆ ဒသမ ၈ သန်းဖို့ လိမ်လည်သွားသည့် အဓိက တရားခံ ကျင် ဆိုသော ၃၁ နှစ်သား တရုတ်နိုင်ငံသားအား ဘန်ကောက်ရှိ ဟွိုင်ခွမ်းရပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းနှင့်အတူ ကြံရာပါ တရုတ်နိုင်ငံသား ၂ ယောက်ဖြစ်သော မစ္စတာဟောင်နှင့် မစ္စတာချန်တို့ကို ဖမ်းမိနိုင်ရန် ဆက်လက် စုံစမ်းနေသည်။
ဖမ်းမိသည့် ကျင် ဆိုသူက လည်လိမ်မှုမှ ရရှိသည်များကို ဘန်ကောက် စျေးဝယ်စင်တာများတွင် ရောင်း စားခဲ့ကြောင်း ဝန်ခံခဲ့သည်။
ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းရာတွင် ဘတ် ၃ ဒသမ ၅ သန်းတန် ရွှေချောင်းများကို ရောင်းစားထားသည်အား ပြန်လည်ရှာဖွေပြီး မိသားစုထံ ပြန်ပေးအပ်ခဲ့ကြောင်း၊ မိခင်ဖြစ်သူ၏ လာအို ဘဏ်စာအုပ်၊ မာစီဒီးဘန့်ဇ်နှင့် တိုယိုတာဖော်ကျွန်နာ မော်တော်ကား ၂ စီးတို့လည်း ပြန်ရခဲ့ပြီး အဆိုပါ တရုတ်များသည် လာအိုကျားဖြန့်ကွန်ရက်မှ ကျားဖြန့် တရုတ်ရာဇဝတ်သားများဖြစ်ကြောင်း သိရှိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#ထိုင်းနိုင်ငံ
#လာအိုနိုင်ငံ








