ကမ္ဘာ့သတင်း

စစ်တပ်လွှတ်မည်ဟု ထရမ့်ပြောပြီးနောက် ကျောင်းသားငယ် ၃၀၀ ကျော် နိုင်ဂျီရီးယားအကြမ်းဖက်အဖွဲ့ ပြန်ပေးဆွဲသွား

မဲခေါင် 24 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၄ နိုင်ဂျီးရီးယားနိုင်ငံတွင် လက်နက်ကိုင်အကြမ်းဖက်များ ဆိုးသွမ်းမှု၌ ခရစ်ယာန်အသိုင်းအဝိုင်းများအား အဓိကပစ်မှတ်ထားနေမှုကို အစိုးရမှ မျက်ကွယ်ပြု အကာအကွယ်မပေးနိုင်သဖြင့် မိမိစစ်တပ်စေလွှတ် ရလိမ့်မည်ဟု မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ကာမှ ပိုဆိုးသွားခဲ့ပြီး အဆိုးရွားဆုံး ပြန်ပေးဆွဲမှုအဖြစ် ကက်သလစ်ခရစ်ယာန် မူလတန်းနှင့်အလယ်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူပေါင်း ၃၀၀ ကျော်ကို နိုဝင်ဘာ ၂၁ ရက်က ပြန်ပေးဆွဲ ခေါ်ဆောင် ခံခဲ့ရသည်။ ယခုဖြစ်စဉ်သည် ၂၀၁၄ ခုနှစ်က နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ကျောင်းသူ ၂၇၆ ယောက်ကို ပြန်ပေးဆွဲခဲ့သည့်ဖြစ်စဉ်နောက်ပိုင်း အဆိုးရွားဆုံး ပြန်ပေးဆွဲမှုအဖြစ် ကျောင်းသားကျောင်းသူ ၃၀၃ ယောက်နှင့် ဆရာ၊ ဆရာမ ၁၂

မဲခေါင်၊ နိုဝင်ဘာ ၂၄

နိုင်ဂျီးရီးယားနိုင်ငံတွင် လက်နက်ကိုင်အကြမ်းဖက်များ ဆိုးသွမ်းမှု၌ ခရစ်ယာန်အသိုင်းအဝိုင်းများအား အဓိကပစ်မှတ်ထားနေမှုကို အစိုးရမှ မျက်ကွယ်ပြု အကာအကွယ်မပေးနိုင်သဖြင့် မိမိစစ်တပ်စေလွှတ် ရလိမ့်မည်ဟု မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ကာမှ ပိုဆိုးသွားခဲ့ပြီး အဆိုးရွားဆုံး ပြန်ပေးဆွဲမှုအဖြစ် ကက်သလစ်ခရစ်ယာန် မူလတန်းနှင့်အလယ်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူပေါင်း ၃၀၀ ကျော်ကို နိုဝင်ဘာ ၂၁ ရက်က ပြန်ပေးဆွဲ ခေါ်ဆောင် ခံခဲ့ရသည်။

ယခုဖြစ်စဉ်သည် ၂၀၁၄ ခုနှစ်က နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ကျောင်းသူ ၂၇၆ ယောက်ကို ပြန်ပေးဆွဲခဲ့သည့်ဖြစ်စဉ်နောက်ပိုင်း အဆိုးရွားဆုံး ပြန်ပေးဆွဲမှုအဖြစ် ကျောင်းသားကျောင်းသူ ၃၀၃ ယောက်နှင့် ဆရာ၊ ဆရာမ ၁၂ ယောက်ကို ကျောင်းအတွင်း အကြမ်းဖက်ဝင်ရောက်လာပြီး အနီး အနား တောထဲသို့ ခေါ်ဆောင်ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် တောတွင်းမှ ထွက်ပြေးလွတ်မြောက်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူပေါင်း အယောက် ၅၀ ရှိသော်လည်း ကျောင်းသားကျောင်းသူ ၂၅၃ ယောက် နှင့် ဆရာ၊ ဆရာမ ၁၂ ယောက်ကို ပြန်ပေးဆွဲထားသေးသဖြင့် အသက်အန္တရာယ်စိုးရိမ်နေရကာ ဒေသခံ မုဆိုးများနှင့် အစိုးရတပ်များက တောနင်းရှာဖွေနေသော်လည်း မတွေ့ရသေးဟု သိရသည်။

ယခု တိုက်ခိုက်ပြန်ပေးဆွဲခံရခြင်းသည် နိုင်ဂျီးရီးယားတွင် တစ်ပတ်အတွင်း ၃ ကြိမ်မြောက်ဖြစ်ကာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က ခက်ဘီရှိ မွတ်ဆလင်ကျောင်းသူမိန်းကလေး ၂၀ ကျော်ကို ပြန်ပေး ဆွဲသွားသေးသလို ကွာရာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတိုက်ခိုက်ခံရမှုတွင်လည်း ၂ ဦးသေဆုံးပြီး ၃၈ ယောက် ပြန်ပေးဆွဲခံခဲ့ရသည်။

အကြမ်းဖက်အဖွဲ့များက မွတ်ဆလင်၊ ခရစ်ယာန်မခွဲခြားဘဲ အားလုံးကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပိုမို စိုးရိမ်စရာများဖြစ်လာနေသည်ဟု ထုတ်ပြန်သွားခဲ့သည်။

ယင်းအကြမ်းဖက်အဖွဲ့များသည် တောပုန်းဓားပြများအသွင်ဆောင်ကာ ဘာသာမရွေး ဖမ်းဆီးပြီး ပြန်ပေးဆွဲကာ ပြန်ပေးငွေတောင်းခံမှုများလုပ်ဆောင်နေခဲ့ရာ ၂၀၂၄ ဧပြီလတွင် ပြန်ပေးဆွဲခံမိသားစုများ ပေးခဲ့ရသည့် ပြန်ပေးငွေသည် ဒေါ်လာ ၂ ဘီလီယံကျော်ခဲ့ပြီဟု သိရှိရပြီး နိုင်ငံစီးပွားရေးသည်လည်း ဆိုးရွားလွန်းနေခဲ့ပြီဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#နိုင်ဂျီးရီးယား
#ခရစ်ယာန်ဘာသာဝင်
#ကက်သလစ်
#ဒေါ်နယ်ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now