မဲခေါင်၊ နိုဝင်ဘာ ၂၄
တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၃ ရက် နံနက်အစော ၀၀ နာရီ ၂၈ မိနစ်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အိမ်အမှတ် ၆/၆၉ တွင် ဖွင့်ထားသည့် ဘိန်းစာရွက်ဖျော်ရည် (ကထော့) ရောင်းချ ဆိုင်အတွင်း ကထော့လာသောက်သူ ဆက်ဖြိုးအောင်ကို သေနတ်သမားများက လာရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်သိရသည်။
“ငွေပြဿနာတွေကြောင့် ဖြစ်မယ်။ ဒီမှာက ဒီလိုပဲ သေနတ်ပေါတာကိုး” ဟု ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ အိမ်ခန်းငှားတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ဦးခေါင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ရင်ဘက်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ လက်မောင်းနှင့် ဗိုက်သားပိုင်း ဖောက်ဝင်ဒဏ်ရာများ စုစုပေါင်း ၅ ချက်မှန်ပြီး၊ ယင်းနေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
ရှမ်းအရှေ့၊ တာချီလိတ်မြို့သည် ထိုင်းနယ်စပ်မြို့ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့မျိုးစုံ၊ ကျားဖြန့်များ၊ခိုး၊ ဆိုး၊ လုယက်များဖြင့် ရာဇဝတ်မှု ထူပြောရာ မြို့ဖြစ်ပြီး ဥပဒေစိုးမိုးမှုအားနည်းသည့် လက္ခဏာအဖြစ် ယခုလို သေနတ်ဖြင့် ပစ်သတ်ခံရမှုများ မကြာခဏ ဖြစ်နေသည့် မြို့ဖြစ်သည်။
#MeKongNews
#တာချီလိတ်
#သေနတ်ပစ်မှု
#လူသေဆုံး
#ကထော့ဆိုင်








