ကမ္ဘာ့သတင်း

ပေါင် ၁၁ သန်းတန် ရုရှား Mi-8 ရဟတ်ယာဉ်ကို ယူကရိန်း ဒရုန်းတစ်လုံးတည်းဖြင့် ပစ်ချနိုင်ခဲ့ပြန်

မဲခေါင် 23 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၃ ယူကရိန်းအထူးတပ်ဖွဲ့က နည်းစနစ်အသစ်ဖြင့် ရုရှားအားထားနေရသည့် ပေါင် ၁၁ သန်းတန် Mi-8 ရဟတ်ယာဉ်ကို ဒရုန်းတစ်ခုတည်းဖြင့် ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင့် အဆိုပါဒရုန်းတွင် တပ်ဆင် ပေးလိုက်သည့် ကင်မရာရုပ်သံမှတ်တမ်းနှင့်ပါ ထုတ်ပြန်ကြုံးဝါးသွားခဲ့သည်။ ယင်းဗီဒီယိုတွင် ရုရှားနိုင်ငံအတွင်း ရော့စတော့ဗ်အိုဘလက်စ်ဒေသအတွင်း ပျံသန်းနေသည့် Mi-8 ရဟတ်ယာဉ်ကို ဒရုန်းက အနီးကပ်တိုးဝင်သွားပြီးနောက် ဖောက်ခွဲလိုက်ရာ မီးလုံးကြီးအဖြစ်နှင့် ရဟတ် ယာဉ်တစ်စီးလုံးလည်း ပေါက်ကွဲပျက်ကျသွားသည်ကို မြင်တွေ့ရသည်။ ယူကရိန်းလျှပ်စစ်နည်းပညာစစ်ရေးအထူးတပ်ဖွဲ့က အောင်မြင်သော မစ်ရှင်တစ်ခုကို ဖော်ဆောင်နိုင်ရန် မှာ တိုက်ပွဲစည်းမျဉ်းစည်းကမ်းများအား ပြောင်းလဲပြစ်နိုင်စွမ်းရှိရမည်ဖြစ်‌ကာ အကြိမ်ကြိမ် လေ့ကျင့် ခြင်းမှ အောင်မြင်သည့် မစ်ရှင်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို ရုရှား Mi-8 ရဟတ်ယာဉ်အား အပျံသန်းနေစဉ် ဒရုန်း

မဲခေါင်၊ နိုဝင်ဘာ ၂၃

ယူကရိန်းအထူးတပ်ဖွဲ့က နည်းစနစ်အသစ်ဖြင့် ရုရှားအားထားနေရသည့် ပေါင် ၁၁ သန်းတန် Mi-8 ရဟတ်ယာဉ်ကို ဒရုန်းတစ်ခုတည်းဖြင့် ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင့် အဆိုပါဒရုန်းတွင် တပ်ဆင် ပေးလိုက်သည့် ကင်မရာရုပ်သံမှတ်တမ်းနှင့်ပါ ထုတ်ပြန်ကြုံးဝါးသွားခဲ့သည်။

ယင်းဗီဒီယိုတွင် ရုရှားနိုင်ငံအတွင်း ရော့စတော့ဗ်အိုဘလက်စ်ဒေသအတွင်း ပျံသန်းနေသည့် Mi-8 ရဟတ်ယာဉ်ကို ဒရုန်းက အနီးကပ်တိုးဝင်သွားပြီးနောက် ဖောက်ခွဲလိုက်ရာ မီးလုံးကြီးအဖြစ်နှင့် ရဟတ် ယာဉ်တစ်စီးလုံးလည်း ပေါက်ကွဲပျက်ကျသွားသည်ကို မြင်တွေ့ရသည်။

ယူကရိန်းလျှပ်စစ်နည်းပညာစစ်ရေးအထူးတပ်ဖွဲ့က အောင်မြင်သော မစ်ရှင်တစ်ခုကို ဖော်ဆောင်နိုင်ရန် မှာ တိုက်ပွဲစည်းမျဉ်းစည်းကမ်းများအား ပြောင်းလဲပြစ်နိုင်စွမ်းရှိရမည်ဖြစ်‌ကာ အကြိမ်ကြိမ် လေ့ကျင့် ခြင်းမှ အောင်မြင်သည့် မစ်ရှင်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို ရုရှား Mi-8 ရဟတ်ယာဉ်အား အပျံသန်းနေစဉ် ဒရုန်း ဖြင့် တိုက်ခိုက်နိုင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ လက်ရှိ စစ်ဆင်ရေး သည် အမဲလိုက်စစ်ဆင်ရေးအသွင်ဖြစ်နေသည်ဟု ထုတ်ပြန်သွားခဲ့သည်။

ယူကရိန်းအထူးတပ်ဖွဲ့သည် ယခုတစ်ပတ်အတွင်း ကြီးမားသည့် နည်းစနစ်သစ်များဖြင့် အောင်မြင် သည့် မစ်ရှင်များဖော်ဆောင်နိုင်ခဲ့ကာ Kalibr ခရုဇ်ဒုံးကျည်ကို လူသားသယ်ဆောင်နိုင်သော လေကြောင်းရန်ကာကွယ်ရေးစနစ် ဆုံလည်သေနတ်ဖြင့် ရဟတ်ယာဉ်ပေါ်မှ ပစ်ချပြခြင်း၊ ရုရှား၏ ကာမီကာဇီဒရုန်းကိုလည်း ရဟတ်ယာဉ်ပေါ်မှပင် ပစ်ချပြခြင်းများ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယူကရိန်း နည်းပညာဆိုင်ရာ အထူးတပ်သည် ပူတင်ဘက်မှ မည်သူမျှ တားမရနိုင်ဟု ကြွေးကျော် ထားသည့် Kinzhal ဒုံးကျည် ၁၉ လုံးအား ဂျမ်းမင်းစနစ်တွင် ဒုံးကျည်၏ လေကြောင်းလမ်းညွှန် ထိန်းချုပ်မှုစနစ်ကို ပျက်စေသော သီချင်းသံစဉ် တစ်ပုဒ်ဖြင့် ဖျက်ချပြနိုင်ခဲ့သည်များကိုလည်း ဂုဏ်ယူ စွာ ထုတ်ပြန်ခဲ့သေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ယူကရိန်း
#နည်းပညာ
#ဒရုန်း
#ရဟတ်ယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now