နေ့စဥ်သတင်း

ဒေါ်နယ်ထရမ့်၏ အချက် ၂၈ ချက်ပါ လျှို့ဝှက်ငြိမ်းချမ်းရေးအဆို ပေါက်ကြားပြီး ယူကရိန်းက ရုရှားကို လက်နက်ချအညံ့ခံသည့်အလားဖြစ်နေ

မဲခေါင် 22 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၂ နောက်လာနိုဝင်ဘာ ၂၇ ရက် ကျေးဇူးတော်နေ့တွင် မိမိတင်ပြထားသော ရုရှား-ယူကရိန်းငြိမ်းချမ်းရေး အဆိုကို လက်ခံကြမည်ဟု အမေရိကန်သမ္မတပူတင်က ထုတ်ပြန်ပြောဆိုအပြီးမှာပင် လျှို့ဝှက်ထား သော ထရမ့်၏ အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအဆိုမှာ ပေါက်ကြားသွားခဲ့ပြီဖြစ်ကာ ယူကရိန်းဘက် က ရုရှားထံ လက်နက်ချ အညံ့ခံသည့်အလား တစ်ဖက်သတ် နှိမ်ပါးခြင်းခံထားရသည်ကို တွေ့ရှိရသည်။ ထရမ့်တင်သွင်းထားသည့်အဆိုပြုချက်မှာ ဂါဇာငြိမ်းချမ်းရေးဖြစ်စဉ်သကဲ့သို့ အစ္စရေးအား မျက်နှာသာ ပေးလွန်းသည့်အတိုင်း ရုရှားကို မျက်နှာသာပေးလွန်းသည့်အတွက် အနောက်နိုင်ငံခေါင်းဆောင်များက ပင် ယူကရိန်းအား လက်နက်ချ ခိုင်းခြင်းသာဖြစ်သည်ဟု ဝေဖန်နေကြသည်။ The Telegraph သတင်းတွင် ဖော်ပြမှုအရ ယူကရိန်းစစ်အင်အားကို လက်ရှိစစ်အင်အားထက် တစ်ဝက်လျှော့ကာ စစ်သည်

မဲခေါင်၊ နိုဝင်ဘာ ၂၂

နောက်လာနိုဝင်ဘာ ၂၇ ရက် ကျေးဇူးတော်နေ့တွင် မိမိတင်ပြထားသော ရုရှား-ယူကရိန်းငြိမ်းချမ်းရေး အဆိုကို လက်ခံကြမည်ဟု အမေရိကန်သမ္မတပူတင်က ထုတ်ပြန်ပြောဆိုအပြီးမှာပင် လျှို့ဝှက်ထား သော ထရမ့်၏ အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအဆိုမှာ ပေါက်ကြားသွားခဲ့ပြီဖြစ်ကာ ယူကရိန်းဘက် က ရုရှားထံ လက်နက်ချ အညံ့ခံသည့်အလား တစ်ဖက်သတ် နှိမ်ပါးခြင်းခံထားရသည်ကို တွေ့ရှိရသည်။

ထရမ့်တင်သွင်းထားသည့်အဆိုပြုချက်မှာ ဂါဇာငြိမ်းချမ်းရေးဖြစ်စဉ်သကဲ့သို့ အစ္စရေးအား မျက်နှာသာ ပေးလွန်းသည့်အတိုင်း ရုရှားကို မျက်နှာသာပေးလွန်းသည့်အတွက် အနောက်နိုင်ငံခေါင်းဆောင်များက ပင် ယူကရိန်းအား လက်နက်ချ ခိုင်းခြင်းသာဖြစ်သည်ဟု ဝေဖန်နေကြသည်။

The Telegraph သတင်းတွင် ဖော်ပြမှုအရ ယူကရိန်းစစ်အင်အားကို လက်ရှိစစ်အင်အားထက် တစ်ဝက်လျှော့ကာ စစ်သည် ၆၀၀၀၀၀ သာထားရှိရမည်၊ တာဝေးပစ် ဒုံးကျည်များနှင့် ရုရှားကို ခြိမ်းခြောက်နိုင်သည့် ဒုံးကျည်များအားလုံး ယူကရိန်းနိုင်ငံအတွင်း သိုလှောင်ထားရှိခြင်းမပြုရ၊ ဒွန်ဘက်စ်ဒေသတစ်ခုလုံးအား ယူကရိန်းက ရုရှားထံ လွှဲအပ်ပေးရမည်၊ ယူကရိန်းက ရုရှား သိမ်းပိုက်ခံနယ်မြေများကို ပြန်မတိုက်ယူရ၊ နေတိုးနှင့်ပြည်ပမှ စစ်သည်များကို ယူကရိန်းနိုင်ငံအတွင်း လာရောက်ခွင့်မပြုရ စသည်တို့ ပါဝင်သည်။

ယင်းအပြင် ပြည်ပ ဖိုက်တာဂျက် လေယာဉ်များလည်း ယူကရိန်းသို့ မလာရ၊ နေတိုးနှင့်မဟာမိတ်အဖွဲ့များ ပိုလန်တွင်သာ နေခွင့်ပြုမည်၊ အဆိုပါအချက်များကို ယူကရိန်းဘက်မှ ချိုးဖောက်မိလျှင် အမေရိကန်နှင့် ဥရောပမှ လုံခြုံရေးအာမခံ ချက် ဆက်ပေးတော့မည်မဟုတ်၊ ရုရှားထံမှ ဥရောပနိုင်ငံများ သိမ်းဆည်းထားသည့် ပေါင် ၂၆၅ ဘီလီယံကို ပြန်ပေးရမည်၊ ထိုထဲမှ ပေါင် ၇၇ သန်းကို ဘီလီယံတန်ဖိုးရှိ ပိုင်ဆိုင်မှုများကို ယူကရိန်းပြန်လည်ထူထောင်ရေးအတွက် အသုံးပြုခွင့်ပေးမည်ဆိုသည့် တစ်ဖက်သတ်ဆန်လွန်းခြင်း များ ပါဝင်နေသည်။

ရုရှားကို ထရမ့်ဘက်မှ လော်ဘီလုပ်ကာ တောင်းဆိုထားသည့်အချက်မှာ လက်ရှိ G7 အဖွဲ့အတွင်း ရုရှား ဝင်ရောက်ပြီး G8 အဖွဲ့ကြီးအဖြစ် ပူးပေါင်းဆောင်ရွက်ရန် ဆိုသည်သာ ပါရှိခဲ့သည်။

ထိုအခြေအနေ ကြောင့် ယူကရိန်းသမ္မတ ဇီလန်းစကီးက ငြိမ်းချမ်းရေး ရရှိရေး၊ အမေရိကန်၊ ဥရောပနှင့် ကမ္ဘာ့ မဟာမိတ်များသဘောနှင့်အညီ ရိုးသားပွင့်လင်းစွာ လုပ်ဆောင်မည်ဖြစ်သော်လည်း အမေရိကန်တင် သွင်းသည့် အဆိုအားလုံးသည် မိမိတို့ နှင့် မဆိုင်သဖြင့် ချင့်ချိန်ဆုံးဖြတ်မှုများ လုပ်ဆောင်သွားရမည် ဟု လူမှုကွန်ရက် X တွင် ရေးတင်သွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ငြိမ်းချမ်းရေး
#ဒေါ်နယ်ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now