မဲခေါင်၊ နိုဝင်ဘာ ၂၁
ကရင်နီ ပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ ခဲလုပ်ကွက်တစ်ခုကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှ သိရသည်။
ယနေ့ နိုဝင်ဘာ ၂၁ ရက် မနက် ၈ နာရီဝန်းကျင် ဘတ်အချိန်တွင် မော်ချီးဒေသရှိ ခဲလုပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ခဲမျောလုပ်သားတွေ ကျားရော မရော သေဆုံးခဲ့တယ်၊ ဒဏ်ရာရသူတွေလည်း ရှိတယ်” ဟု Job for Kayah အဖွဲ့က ပြောသည်။
စစ်ကောင်စီလေတပ်က မော်ချီးဒေသ ကေဒီလုပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်သည့်အပြင် မော်ချီးဒေသ အမှတ် (၂) စက်ရုံနှင့် ညောင်ပင်ဘက်သို့လည်း ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်တွင်လည်း မော်ချီးဒေသ လိုခါးလိုရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်တွင်လည်း မော်ချီးဒေသကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၃၂ ဦးသေဆုံးခဲ့ရသည်။
ထို့အပြင် သြဂုတ်လ ၂၀ ရက်နေ့တွင်လည်း မော်ချီးဒေသ လိုခါးရွာကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ိခုက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့သည်။
ဓာတ်ပုံ – Job for Kayah & Nge Lay
#MeKongNews
#မော်ချီး
#ဗုံးကြဲ
#ကရင်နီ
#အရပ်သားသေဆုံးမှု








