မဲခေါင်၊ နိုဝင်ဘာ ၂၁
ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ချာတူချက်စျေးရုံနီကြီး၌ စျေးရောင်းနေသူသည် စျေးလာဝယ်သူ သတ္တု ဗူးအားကိုင်ကြည့်ခြင်းအပေါ် ရိုင်းစိုင်းစွာရန်တွေ့ပြီး ငွေမပါ၊ မဝယ်လျှင် မကိုင်ရဟု အော်ကြီးဟစ် ကျယ် ရန်တွေ့ခဲ့ရာ ထိုဗီဒီယိုမှတ်တမ်း အွန်လိုင်းပေါ်တွင် ကြည့်ရှုသူ ၅ သန်းကျော်သွားပြီးနောက် စျေးအာဏာပိုင်များက ထိုစျေးဆိုင်ပိုင်ရှင်အား ဆိုင်ခန်းငှားရမ်းမှုစာချုပ် ဖျက်သိမ်းပြီး စျေးရောင်း ခွင့် ပိတ်ပင်ခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး “ နင် ဒီမှာ မထိရ၊ မကိုင်ရလို့ ရေးထားတာ မတွေ့ဘူး လား။ ငွေမပါ၊ မဝယ်ရင် ပစ္စည်းမကိုင်ရဘူး” ဟု ရန်တွေ့ခဲ့သည်ကို စျေးဝယ်သူက တောင်းပန် သော်လည်း ထပ်ကာထပ်ကာ ရန်တွေ့နေသဖြင့် စျေးသည်အပေါ် ကြည့်ရသူပရိသတ်များ ဝေဖန်မှု များပြားခဲ့သည်။
စျေးဝယ်သူက ဖွင့်ကြည့်မိသော သတ္တုဗူးအား သေချာပြန်ကြည့်ရာတွင်လည်း အင်္ဂလိပ်လို ကျေးဇူးတင်ပါသည်ဟုသာ ရေးထားပြီး မထိရဟု ရေးမထားကြောင်း၊ စနောက်သည် အထင်ဖြင့် ကနဦးပြန်တောင်းပန်သော်လည်း ထပ်ကာထပ်ကာ လူစုပြီး စော်ကားရန်တွေ့နေသဖြင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ဆိုခဲ့သည်။
ထို့ကြောင့် ချာတူချက်စျေးနီရုံကြီး တာဝန်ရှိသူများသည် ယင်းစျေးသည်ကို ခေါ်တွေ့ပြီး နှစ်ဖက် သဘောတူ ဆိုင်ခန်းအငှားစာချုပ်ဖျက်သိမ်းကာ စျေးရောင်းချခွင့်ပိတ်ပင်သလို စျေးဝယ်များအပေါ် စော်ကားသည့် စျေးသည်ကြောင့် တောင်းပန်ကြောင်း ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ဘန်ကောက်
#ချာတူချက်
#ဈေးသည်








