ကမ္ဘာ့သတင်း

ရုရှားဒရုန်းရန်မှ လက်မတင်လွတ်မြောက်ခဲ့သည့် ယူကရိန်းစစ်သားရုပ်သံ နာမည်ကြီး

မဲခေါင် 18 Nov - 2025
မဲခေါင်၊​ နိုဝင်ဘာ ၁၈ လူမှုကွန်ရက်များပေါ်တွင် ယူကရိန်းစစ်သားတစ်ဦး ရုရှား၏ အသေခံ ကာမီကာဇီဒရုန်းတစ်စီး လိုက်လံတိုက်ခိုက်ခံရမှုတွင် ထွက်ပြေးရင်း ပြန်လှည့်ပစ်ရာမှ ကံကောင်းပြီး ထိမှန်ပေါက်ကွဲကာ အသက်ဘေးက လွတ်မြောက်ခဲ့သည့် ဗီဒီယိုတစ်ခု ပျံ့နှံ့နေခဲ့သည်။ ယင်းဗီဒီယိုတွင် နောက်မှလိုက်လာသည့် ကာမီကာဇီဒရုန်းကြောင့် ယူကရိန်းစစ်သားသည် ကားထဲမှ အပြင်ထွက်ကာ ပြေးစဉ် ဒရုန်းသည် ထပ်ချပ်မခွာ နောက်မှ ကပ်လိုက်နေရာ မထူးတော့သည့်အဆုံး နောက်ဆုံး အသက်ရှင်ရန်ကြိုးစားမှုအဖြစ် သေနတ်ဖြင့် လှည့်ကာ ပစ်ခတ်ရာမှ ကားအနီး တစ်စစီ ပေါက်ကွဲသွားသည်ကို ရုပ်ရှင်ဆန်ဆန် သည်းထိတ်ရင်ဖို မြင်တွေ့ခဲ့ရသည်။ ဗီဒီယိုမှတ်တမ်းကို မည်သူက ရိုက်ပြီး မည်သည့်အရပ်တွင်ဖြစ်ပွားသည်ကို မသိရသေးပေ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်လေယာဉ်မောင်များ အသေခံတိုက်ခိုက်သည့်ဖြစ်စဉ်ကို နမူနာယူကာ

မဲခေါင်၊​ နိုဝင်ဘာ ၁၈

လူမှုကွန်ရက်များပေါ်တွင် ယူကရိန်းစစ်သားတစ်ဦး ရုရှား၏ အသေခံ ကာမီကာဇီဒရုန်းတစ်စီး လိုက်လံတိုက်ခိုက်ခံရမှုတွင် ထွက်ပြေးရင်း ပြန်လှည့်ပစ်ရာမှ ကံကောင်းပြီး ထိမှန်ပေါက်ကွဲကာ အသက်ဘေးက လွတ်မြောက်ခဲ့သည့် ဗီဒီယိုတစ်ခု ပျံ့နှံ့နေခဲ့သည်။

ယင်းဗီဒီယိုတွင် နောက်မှလိုက်လာသည့် ကာမီကာဇီဒရုန်းကြောင့် ယူကရိန်းစစ်သားသည် ကားထဲမှ အပြင်ထွက်ကာ ပြေးစဉ် ဒရုန်းသည် ထပ်ချပ်မခွာ နောက်မှ ကပ်လိုက်နေရာ မထူးတော့သည့်အဆုံး နောက်ဆုံး အသက်ရှင်ရန်ကြိုးစားမှုအဖြစ် သေနတ်ဖြင့် လှည့်ကာ ပစ်ခတ်ရာမှ ကားအနီး တစ်စစီ ပေါက်ကွဲသွားသည်ကို ရုပ်ရှင်ဆန်ဆန် သည်းထိတ်ရင်ဖို မြင်တွေ့ခဲ့ရသည်။

ဗီဒီယိုမှတ်တမ်းကို မည်သူက ရိုက်ပြီး မည်သည့်အရပ်တွင်ဖြစ်ပွားသည်ကို မသိရသေးပေ။

ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်လေယာဉ်မောင်များ အသေခံတိုက်ခိုက်သည့်ဖြစ်စဉ်ကို နမူနာယူကာ ကာမီကာဇီ ဒရုန်းဟု ရည်ရွယ်ပြီး တစ်ခါသုံးဒရုန်းအဖြစ် အီရန်မှ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသော ရုရှား အသုံးပြုနေသည့် ဒရုန်းများကို သေနတ်ဖြင့်ပစ်ချရန်ဆိုသည်မှာ အလွန် မလွယ်ကူသော၊ မဖြစ်နိုင်လောက်သော အခြေအနေဖြစ်သောကြောင့် ယခုဗီဒီယိုအတွက် အံ့ဩချီးကျူးသူများစွာလည်း ရှိလာနေသည်။

နိုဝင်ဘာလဆန်းပိုင်းက အလံဖြူထမ်းလာပြီး လက်နက်မပါသော အရပ်သားအဖြစ် သက်သေခံသည့် ယူကရိန်းပြည်သူ ၂ ဦးကို ရုရှား FPV ဒရုန်းက စစ်ရာဇဝတ်မှုကျူးလွန်ကာ ပစ်ခတ်ဖောက်ခွဲခဲ့သေးရာ ၂ ဦးစလုံးနှင့်အတူ လိုက်ပါလာသော ခွေးလေးပါ သေဆုံးခဲ့သည့် မှတ်တမ်းများ ထွက်ပေါ်ခဲ့သေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ကာမီကာဇီဒရုန်း
#ယူကရိန်း
#အလံဖြူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now