နေ့စဥ်သတင်း

တောင်ကြီး၌ စစ်မှုထမ်းစရိတ် မထည့်နိုင်သူနေအိမ် PNO ဖျက်ဆီး

မဲခေါင် 15 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၅ PNO က ကောက်ခံသည့် စစ်မှုထမ်းစရိတ် လစဉ်ကျပ် ၃သိန်းကို မထည့်နိုင်သည့် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ကျောက်တလုံးကြီးမြို့၊ ဝင်းယရွာနေသူတစ်ဦး၏ နေအိမ်ကို ပအိုဝ်းပြည်သူ့စစ် – PNO က ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းရွာနေ အသက် ၂၀ ကျော် လူငယ်တစ်ဦးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေပြီး ရွာတွင်ကောက်ခံသော စစ်မှုထမ်းစရိတ် ကျပ် ၃ သိန်း မထည့်နိုင်သောကြောင့် ရွာရှိနေအိမ်ကို PNO တပ်သားများက နိုဝင်ဘာပထမပတ်အတွင်း လာရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။ “ပိုက်ဆံမထည့်နိုင်လို့ဆိုပြီး ရွာမှာကျန်တဲ့ သူ့မိဘအိမ်ကိုဖျက်ဆီးတာ သူ့မိဘတွေလည်းရှိသေးတယ်။ သူတို့မိဘတွေကလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူ အဆင်ပြေတဲ့သူတွေ မဟုတ်ဘူး။ အဲဒါ

မဲခေါင်၊ နိုဝင်ဘာ ၁၅

PNO က ကောက်ခံသည့် စစ်မှုထမ်းစရိတ် လစဉ်ကျပ် ၃သိန်းကို မထည့်နိုင်သည့် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ကျောက်တလုံးကြီးမြို့၊ ဝင်းယရွာနေသူတစ်ဦး၏ နေအိမ်ကို ပအိုဝ်းပြည်သူ့စစ် – PNO က ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းရွာနေ အသက် ၂၀ ကျော် လူငယ်တစ်ဦးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေပြီး ရွာတွင်ကောက်ခံသော စစ်မှုထမ်းစရိတ် ကျပ် ၃ သိန်း မထည့်နိုင်သောကြောင့် ရွာရှိနေအိမ်ကို PNO တပ်သားများက နိုဝင်ဘာပထမပတ်အတွင်း လာရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပိုက်ဆံမထည့်နိုင်လို့ဆိုပြီး ရွာမှာကျန်တဲ့ သူ့မိဘအိမ်ကိုဖျက်ဆီးတာ သူ့မိဘတွေလည်းရှိသေးတယ်။ သူတို့မိဘတွေကလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူ အဆင်ပြေတဲ့သူတွေ မဟုတ်ဘူး။ အဲဒါ ၃ သိန်း မထည့်နိုင်တော့ အိမ်လာဖျက်ဆီးကြတယ်။ အခုဆို သူ့မိဘတွေက အမျိုးတွေရဲ့အိမ်မှာ သွားနေရတယ်။ သူများနိုင်ငံမှာ နေတာလွယ် တယ်၊ အဆင်ပြေတယ်လို့ သူတို့ထင်တာ။ စာနာစိတ်ကို လုံးဝမရှိတာ” ဟု ရွာခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ထို့ပြင် ရွာတွင်မရှိဘဲ ပြည်ပရောက်နေသော လူငယ်များမှာ စစ်မှုထမ်းစရိတ် တစ်နှစ်စာ ၆ သိန်းကျပ် ပြန်ပေးရကြောင်း သိရသည်။

မထည့်လျှင် လူမှုရေးပြစ်ဒဏ်ပေးခြင်း၊ ရွာမှနှင်ထုတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပစ္စည်းများသိမ်းသွားခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပက်သက်ပြီး PNO စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်မြင့်အောင်နှင့် ဗိုလ်မှူးခွန်ထွန်းရွှေတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

PNO သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသတွင် စစ်သားစုဆောင်းခြင်း၊ ငွေကောက်ခံခြင်း စသည့် လူအခွင့်အရေး ချိုးဖောက်မှုများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#PNO
#ကျောက်တလုံးကြီး
#တောင်ကြီး
#နေအိမ်ဖျက်ဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now