ကမ္ဘာ့သတင်း

၁၈ နှစ်ပြည့်သူ အမျိုးသားတိုင်း စစ်ရေးဆေးစစ်မှုခံပြီး အရေးပေါ်စစ်မှုထမ်း အစီအမံရှိဟု ဂျာမနီထုတ်ပြန်

မဲခေါင် 15 Nov - 2025
မဲခေါင်၊​ နိုဝင်ဘာ ၁၅ ရုရှား၏ ခြိမ်းခြောက်မှုကြောင့် တတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာမည်ကို စိုးရိမ်ရေမြင့်မားနေချိန် ဂျာမနီ သည် ၁၈ နှစ်ပြည့်ပြီးသူအမျိုးသားတိုင်း စစ်ဘက်ဆိုင်ရာ ဆေးစစ်မှုခံယူပြီး အရေးပေါ် စစ်မှုထမ်းခြင်း အစီအမံ ပြဌာန်းကြောင်း အတည်ပြုထုတ်ပြန်သွားခဲ့သည်။ ဥရောပ မဟာမိတ်နေတိုးအဖွဲ့အား ရုရှားဘက်မှ ရန်ပြုနေသဖြင့် ဂျာမနီသည် နှစ်စဉ် လူငယ်အမျိုးသား သောင်းချီကို စစ်သင်တန်းပေးပြီး အရန်တပ်အင်အား ပိုတောင့်တင်းလာစေရေး စီမံကိန်းချမှတ်လုပ် ဆောင်နေခြင်းဖြစ်သည်။ ဂျာမန်လက်နက်ကိုင်တပ်ရင်း Bundeswehr သည် နေတိုးအဖွဲ့၏ ပရော်ဖက် ရှင်နယ်စစ်သည် ၂၆၀၀၀၀ ရရှိရေး ပစ်မှတ်အတွက် နောက်ထပ် စစ်သည်သစ် ၈၀၀၀၀ ထပ်မံ မွေးထုတ်ပေးရဦးမည်ဖြစ်သည်။ လက်ရှိတွင် ဂျာမနီ၌ လက်ရှိတာဝန်ထမ်းဆောင်နေသူ ၃၄၀၀၀ သာရှိပြီး

မဲခေါင်၊​ နိုဝင်ဘာ ၁၅

ရုရှား၏ ခြိမ်းခြောက်မှုကြောင့် တတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာမည်ကို စိုးရိမ်ရေမြင့်မားနေချိန် ဂျာမနီ သည် ၁၈ နှစ်ပြည့်ပြီးသူအမျိုးသားတိုင်း စစ်ဘက်ဆိုင်ရာ ဆေးစစ်မှုခံယူပြီး အရေးပေါ် စစ်မှုထမ်းခြင်း အစီအမံ ပြဌာန်းကြောင်း အတည်ပြုထုတ်ပြန်သွားခဲ့သည်။

ဥရောပ မဟာမိတ်နေတိုးအဖွဲ့အား ရုရှားဘက်မှ ရန်ပြုနေသဖြင့် ဂျာမနီသည် နှစ်စဉ် လူငယ်အမျိုးသား သောင်းချီကို စစ်သင်တန်းပေးပြီး အရန်တပ်အင်အား ပိုတောင့်တင်းလာစေရေး စီမံကိန်းချမှတ်လုပ် ဆောင်နေခြင်းဖြစ်သည်။

ဂျာမန်လက်နက်ကိုင်တပ်ရင်း Bundeswehr သည် နေတိုးအဖွဲ့၏ ပရော်ဖက် ရှင်နယ်စစ်သည် ၂၆၀၀၀၀ ရရှိရေး ပစ်မှတ်အတွက် နောက်ထပ် စစ်သည်သစ် ၈၀၀၀၀ ထပ်မံ မွေးထုတ်ပေးရဦးမည်ဖြစ်သည်။

လက်ရှိတွင် ဂျာမနီ၌ လက်ရှိတာဝန်ထမ်းဆောင်နေသူ ၃၄၀၀၀ သာရှိပြီး မဖြစ်မနေ စစ်မှုထမ်းရမည့် အဆိုကို အသုံးမပြုသော်လည်း ရုရှား၏ ခြိမ်းခြောက်လာမှုကြောင့် အရန်တပ်အင်အား ၂၀၀၀၀၀ အထိ တိုးမြှင့်ထားရှိရန် စီမံကိန်းချမှတ်လုပ်ဆောင်နေခြင်းဖြစ်သည်။

နေတိုး၏ အဓိက အင်အားကြီးဦး ဆောင်နိုင်ငံဖြစ်သော ဂျာမနီသည် အချိန်မရွေး စစ်မှုထမ်းနိုင်မည့်သူများ အသင့်ရှိနေရေးအတွက် ယခုလို ၁၈ နှစ်ပြည့်သည့် အမျိုးသားတိုင်း စစ်ရေးဆေးစစ်မှုနှင့် စစ်နှင့်ကျွမ်းဝင်သူများဖြစ်နေစေရေး လိုအပ်လျှင် ခေါ်သုံးနိုင်မည့် တပ်သားများအဖြစ် စစ်သင်တန်းများလည်း အလျှင်သင့်သလို ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မနှစ်က ဂျာမနီစစ်တပ်အတွင်းမှ ပေါက်ကြားခဲ့သော စာရွက်စာတမ်းများအရ ၁၈ နှစ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးအားလုံး စစ်မှုထမ်းခိုင်းရန် အစီအစဉ်ရှိသည်ဟု သိရှိခဲ့ရသေးသည်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယက်စ်ကလည်း ၂၀၁၁ ခုနှစ်မှ စတင်ကာ မဖြစ်မနေ စစ်မှုထမ်း ရမည်ဆိုသော ဥပဒေကို ပယ်ဖျက်လိုက်မိသည်မှာ ကြီးမားသည့် အမှားဟု ထုတ်ပြန်ပြောဆိုခဲ့ဖူးသည်။

ယနေ့ကမ္ဘာတွင် ရုရှား၏ ခြိမ်းခြောက်နေမှုကြောင့် ဥရောပနိုင်ငံများစွာသည်လည်း စစ်ဘက်ဆိုင်ရာ ဥပဒေသစ်များ ပြဌာန်းခြင်း၊ စစ်မှုထမ်းများ တိုးမြှင့်ရရှိရန် စီစဉ်ခြင်းများ လုပ်ဆောင်နေကြပြီဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဂျာမနီ
#စစ်မှုထမ်း
#ဥရောပ
#နေတိုး
#တတိယကမ္ဘာစစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now