နေ့စဥ်သတင်း

ယနေ့ညနေ ၄ နာရီ မိနစ် ၂၀ တွင် ရွှေကုက္ကိုလ် ရထိုက်မြို့သစ်ထူထောင်သူ ရှာဇီးကျန်ကို တရုတ်ထံ ထိုင်းလွှဲပေးမည်

မဲခေါင် 12 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၂ နိုဝင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၂၀ အတွင်း မြန်မာနိုင်ငံ ကျားဖြန့်မြို့တော်ဟု နာမည်ကြီးသည့် ရွှေကုက္ကိုလ်မြို့သစ်အား ထူထောင်ခဲ့သူ ရှာဇီးကျန်ကို ထိုင်းအစိုးရက တရုတ်ထံ ပြန်လည်လွှဲအပ်ပေးပို့တော့မည်ဖြစ်ကြောင်း မွန်းလွဲပိုင်းမှ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရုတ်တရက် အသိပေးလာခဲ့သည်။ ထိုင်းရဲမှူးချုပ်လည်းဖြစ် တော်ဝင်ရဲတပ်ဖွဲ့ ဒုရဲမင်းကြီးလည်ဖြစ်သော ဂျီရာပေါင်ဖူရီဒက်၊ ထိုင်း အထူးစုံစမ်းထောက်လှမ်းရေးဗျူရို (CIB) မှ ဟာနုမာန်အထူးတပ်ဖွဲ့၊ တရုတ်နိုင်ငံ လုံခြုံရေးအာဏာပိုင် များ ထိုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ရဲချုပ် ဂျီရာပေါင်က ဥပဒေစံနှုန်းများနှင့်အညီ စိစစ်ပြီး တရုတ်၏ တောင်းဆိုချက်ကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကာ ရှာဇီးကျန်ကို တရုတ်ထံ

မဲခေါင်၊ နိုဝင်ဘာ ၁၂

နိုဝင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၂၀ အတွင်း မြန်မာနိုင်ငံ ကျားဖြန့်မြို့တော်ဟု နာမည်ကြီးသည့် ရွှေကုက္ကိုလ်မြို့သစ်အား ထူထောင်ခဲ့သူ ရှာဇီးကျန်ကို ထိုင်းအစိုးရက တရုတ်ထံ ပြန်လည်လွှဲအပ်ပေးပို့တော့မည်ဖြစ်ကြောင်း မွန်းလွဲပိုင်းမှ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရုတ်တရက် အသိပေးလာခဲ့သည်။

ထိုင်းရဲမှူးချုပ်လည်းဖြစ် တော်ဝင်ရဲတပ်ဖွဲ့ ဒုရဲမင်းကြီးလည်ဖြစ်သော ဂျီရာပေါင်ဖူရီဒက်၊ ထိုင်း အထူးစုံစမ်းထောက်လှမ်းရေးဗျူရို (CIB) မှ ဟာနုမာန်အထူးတပ်ဖွဲ့၊ တရုတ်နိုင်ငံ လုံခြုံရေးအာဏာပိုင် များ ထိုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ရဲချုပ် ဂျီရာပေါင်က ဥပဒေစံနှုန်းများနှင့်အညီ စိစစ်ပြီး တရုတ်၏ တောင်းဆိုချက်ကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကာ ရှာဇီးကျန်ကို တရုတ်ထံ ပြန်လည်လွှဲပေးရခြင်းဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။

ရှာဇီးကျန်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဘန်ကောက်၌ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဘန်ကောက် ကလောင်ပရန်ဗဟိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားရှိခဲ့ရာ တရုတ်နိုင်ငံသားများစွာထံမှ ဘီလီယံ ပေါင်းများစွာရှိသော ငွေများအား ကျားဖြန့်လုပ်လိမ်လည်ခဲ့သည့် ခေါင်းဆောင်ဟူသော တရုတ်အစိုးရ ၏ စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ရှာဇီးကျန်သည် ထောင်ကျနေစဉ်အတွင်း ရှေ့နေမှတစ်ဆင့် မိမိသည် ရွှေကုက္ကိုလ်မြို့သစ် တည်ဆောက်ခဲ့သော အိမ်ခြံမြေတည်ဆောက်ရေးသမားသာဖြစ်ပြီး မည်သည့် ကျားဖြန့်ကိစ္စနှင့်မျှ မသက်ဆိုင်ကြောင်း၊ တရုတ်အစိုးရ၏ နိုင်ငံရေးလုပ်ကြံမှုဖြင့် စွဲချက် တင်ခြင်းဖြစ်ကြောင်း၊ တရုတ် ထောက်လှမ်းရေးနယ်ပယ်တွင် လုပ်ကိုင်ခဲ့ဖူးသဖြင့် ပစ်မှတ်ထားခံရ ခြင်းဖြစ်သည်ဟု ထိုင်းတရားရုံးအဆင့်ဆင့်ထံ အယူခံဝင်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းကမှ အယူခံတရား ရုံးတော်က တရုတ်တောင်းဆိုသည့် အတိုင်း ပြန်လွှဲပေးရမည်ဟု ဆုံးဖြတ်ခဲ့ကာ ဥပဒေအရ ရက် ၉၀ အတွင်းလွှဲရမည်ဆိုသော်လည်း ရုတ်ချည်း ပြန်လွှဲပို့ရန် ကြေညာလိုက်ခြင်းဖြစ်သည်။

ထိုင်းရဲချုပ် ဂျီရာပေါင်က မိမိတို့ စုံစမ်းစစ်ဆေးမှုများတွင် ရှာဇီးကျန်သည် ရွှေကုက္ကိုလ်မြို့သစ်ကို ဆောက်လုပ်သူခေါင်းဆောင်ဖြစ်သည်ကိုသာ သိရပြီး အခြားကျားဖြန့်စွပ်စွဲချက်များ၊ သက်သေများ ကိုမူ မတွေ့ရဟုဆိုသော်လည်း တရုတ်ဘက်မှ စွဲချက်တင်ပြမှု၊ အင်တာပိုနှင့်အတူ အနီရောင်၀ရမ်း ထုတ်မှု၊ သံသယရှိစရာများစွာ ရှိနေမှုကြောင့် တရားရုံးအဆင့်ဆင့်မှ စိစစ်ပြီး ယခုနောက်ဆုံးနိုင်ငံ တကာ ဥပဒေနှင့်အညီ တရုတ်ထံ ပြန်လည် လွှဲပေးရခြင်းဖြစ်သည်ဟု အင်တာဗျူးတွင် ရှင်းလင်း ပြောဆိုသွားခဲ့သည်။

တရုတ်အစိုးရသည် ကျားဖြန့်ရာဇဝတ်မှုကျူးလွန်သူများကို မည်မျှ ပြစ်ဒဏ်ကြီးလေးစွာ ပေးနေသည် ကို ဥပဒေပြဌာန်းချက်များအရ မြင်တွေ့ရပြီး အမှန်တကယ် ကျားဖြန့်တိုက်ဖျက်မှုများလုပ်ဆောင်နေ သဖြင့် မိမိတို့ ပူးပေါင်းတိုက်ဖျက်ရေးတွင် ပါဝင်ကာ နောက်နေ့တွင်လည်း တရုတ်ကိုယ်စားလှယ်များ နှင့် ကျားဖြန့်တိုက်ဖျက်ရေးအစည်းအဝေး တက်ရောက်ဦးမည်ဟု ဂျီရာပေါင်က ထုတ်ပြန်ပြောဆိုခဲ့ သည်။

ရှာဇီးကျန်ကမူ မနှစ်က အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးခွင့်ရရှိရာတွင် မိမိသည် တရုတ် အမျိုးသားလုံခြုံရေး(ထောက်လှမ်းရေး) အေးဂျင့်အဖြစ် ခိုင်းစေခံခဲ့ရသူဖြစ်ကာ ခါးပတ်လမ်း စီမံကိန်း ဒေသတစ်လျှောက် ကိုလိုနီပြုနိုင်ရေး ဦးဆောင်စေရန် ခိုင်းစေခံရမှုကို လက်မခံဘဲ စီးပွားရေးသမား အဖြစ်သာ ရပ်တည်ခဲ့ရာမှ အငြိုးထားခြင်းခံရပြီး မိမိ နိုင်ငံသားအဖြစ် ခံယူထားသော ကမ္ဘောဒီးယားသို့ ပြန်မပို့ဘဲ တရုတ်သို့ ထိုင်းဘက်မှ ပြန်ပို့လျှင် သတ်ခံရမည်မှာ သေချာသည်ဟု ပြောဆိုခဲ့သည်။

Ref: The Reporters
#MeKongNews
#ကျားဖြန့်
#ရွှေကုက္ကိုလ်
#ထိုင်းနိုင်ငံ
#စောချစ်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now