ကမ္ဘာ့သတင်း

Bitcoin ဒေါ်လာ ၆ ဘီလီယံဖိုး လိမ်လည်ခဲ့သူ တရုတ်နိုင်ငံသူ ဇီမင်ကျန်းကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ဖွယ်ရှိ

မဲခေါင် 12 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၂ ၂၀၂၄ ခုနှစ် ဧပြီလက မလေးရှားသား ကျားဖြန့်ငွေလိမ်သူ ဆန်ဟော့ခ်လင်း အမှုအား ခြေရာခံရာမှ UK တွင် ဖမ်းဆီးရမိခဲ့သည့် ၄၇ နှစ်အရွယ် တရုတ်နိုင်ငံသူ ကျားဖြန့်ငွေလိမ်ရာဇာ ဇီမင်ကျန်းအမှုကို လန်ဒန်ဆောက်ဝက်ခ်တရားရုံးမှ စတင်ကြားနာပြီး အမှုတွဲပါသူများကို ပြစ်ဒဏ် များချမှတ်နေရာ ဦးဆောင်သူ ဇီမင်ကျန်းသည် ထောင်ဒဏ် ၁၄ နှစ်အထိကျခံရနိုင်ကြောင်း ဗြိတိန် သတင်းများက ဖော်ပြနေသည်။ ယာဒီဇန်းဟု နာမည်ပြောင်းထားပြီး ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ ထွက်ပြေးကာ UK သို့ အထောက် အထားအတုများသုံးပြီး တိမ်းရှောင်ရောက်ရှိလာခဲ့သော ဇီမင်ကျန်းသည် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အကြား တရုတ်နိုင်ငံတွင်းမှ လူပေါင်း

မဲခေါင်၊ နိုဝင်ဘာ ၁၂

၂၀၂၄ ခုနှစ် ဧပြီလက မလေးရှားသား ကျားဖြန့်ငွေလိမ်သူ ဆန်ဟော့ခ်လင်း အမှုအား ခြေရာခံရာမှ UK တွင် ဖမ်းဆီးရမိခဲ့သည့် ၄၇ နှစ်အရွယ် တရုတ်နိုင်ငံသူ ကျားဖြန့်ငွေလိမ်ရာဇာ ဇီမင်ကျန်းအမှုကို လန်ဒန်ဆောက်ဝက်ခ်တရားရုံးမှ စတင်ကြားနာပြီး အမှုတွဲပါသူများကို ပြစ်ဒဏ် များချမှတ်နေရာ ဦးဆောင်သူ ဇီမင်ကျန်းသည် ထောင်ဒဏ် ၁၄ နှစ်အထိကျခံရနိုင်ကြောင်း ဗြိတိန် သတင်းများက ဖော်ပြနေသည်။

ယာဒီဇန်းဟု နာမည်ပြောင်းထားပြီး ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ ထွက်ပြေးကာ UK သို့ အထောက် အထားအတုများသုံးပြီး တိမ်းရှောင်ရောက်ရှိလာခဲ့သော ဇီမင်ကျန်းသည် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အကြား တရုတ်နိုင်ငံတွင်းမှ လူပေါင်း ၁၂၈၀၀၀ ဆီမှ ငွေပေါင်း ဒေါ်လာ ၆ ဘီလီယံဖိုးအထိ နည်းမျိုးစုံဖြင့် ကျားဖြန့်လုပ် လိမ်လည်ခဲ့ပြီး ရရှိသော ငွေများကို ဒစ်ဂျစ်တယ်ငွေကြေး Bitcoin အဖြစ်သို့ ပြောင်းလဲ ခဲ့ကာ တဖြည်းဖြည်းချင်း ငွေကြေးခဝါချရန် ကြိုးစားနေရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

“ ကြွယ်၀မှုတို့၏ ဘုရင်မ” ဟု မိမိကိုယ်မိမိတင်စားကာ UK ၌ သူဌေးမကြီးတစ်ယောက်အဖြစ် ပေါင် ၂၃ သန်းတန် နေအိမ်ကြီးတွင် နေထိုင်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ခရစ္စတိုငွေကြေး ဒေါ်လာ ၆ ဘီလီယံဖိုး သိမ်းဆည်းလိုက်သဖြင့် UK တွင်သာမက ကမ္ဘာတွင်ပါ အကြီးမားဆုံး ကျားဖြန့်လိမ်ငွေ သိမ်းဆည်းရမိမှုဖြစ်ခဲ့သည်။

ဆန်ဟော့ခ်လင်းသည် လန်ဒန်ဆောက်ဝက်ခ်တရားရုံးတွင်ပင် ရှေ့ရက်ပိုင်းက ငွေကြေးခဝါချမှုကို ဇီမင်ကျန်းနှင့် ပူပေါင်းကြံစည်ကြောင်းဝန်ခံကာ မနှစ်က ထိုအမှုတွင် ဒေါ်လာ ၂ ဘီလီယံတန်ကြေး ရှိသော Bitcoin များအား ပူးပေါင်းငွေကြေးခဝါချခဲ့သူ ဂျန်ဝမ်ဆိုသူလည်း ထောင်ဒဏ် ၆ နှစ် နှင့် ၈ လ ချမှတ်ခံရပြီးဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက်တွင် နောက်ဆုံး စီရင်ချက်ချမှတ်မည်ဖြစ်ရာ ဒေါ်လာ ၆ ဘီလီယံတန်ကြေးရှိသည့် Bitcoin ၆၁၀၀၀ ကျော် လိမ်ခဲ့သည့် ဇီမင်ကျန်းသည် ထောင်ဒဏ် ၁၄ နှစ် အထိ ချမှတ်ခံရနိုင်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်က Bitcoin ငွေကြေး တစ်ယူနစ်တန်ကြေးသည် ဒေါ်လာ ၃၆၀၀ တန်ကာ ယနေ့ခေတ်တွင် တစ်ယူနစ် ဒေါ်လာ ၁၀၀၀၀၀ အထိ တန်ကြေးရှိနေပြီဖြစ်သည်။

ကိုကလင်း
Ref: hurriyetdailynews
#MeKongNews
#ခရစ္စပတိုငွေကြေး
#ငွေကြေးခဝါချမှု
#တရုတ်နိုင်ငံသား
#ကျားဖြန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now