မဲခေါင်၊ နိုဝင်ဘာ ၁၁
ယူကရိန်းသမ္မတ ဇီလန်းစကီးက ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရန် ထိုးစစ်မြှင့်တင်နေသည်နှင့် တစ်ပြိုင်နက် အီယူနိုင်ငံတစ်နိုင်ငံအား တစ်ပြိုင်တည်း စစ်မျက်နှာ ၂ ခုဖွင့် တိုက်ခိုက်လာနိုင်ကြောင်း ဂါးဒီးယန်းသတင်းဌာနနှင့် အင်တာဗျူးတွင် သတိပေးပြောဆိုသွားခဲ့သည်။
ရုရှားနိုင်ငံသည် ပူလင်လက်ထက်တွင် အလွန်ရန်လိုသည့်နိုင်ငံဖြစ်နေကာ အနောက်ဥရောပနိုင်ငံများ အနေဖြင့် အမေရိကန်ကို အဓိက မဟာမိတ်အဖြစ် အားကိုးအားထားပြုနေရခြင်းအပေါ် မနာလို မရှုစိမ့် နိုင်ဘဲ ရုရှားသည်သာ အားကိုးရာနိုင်ငံဖြစ်လာစေရေး အိပ်မက်နေသူဖြစ်ကြောင်း၊ ထို့ကြောင့် အီးယူ စည်းလုံးမှုပြိုကွဲစေရေး၊ အီးယူနိုင်ငံသားများ တစ်ပေါင်းတစ်စည်းတည်း ရှိမနေရေးကို ဦးတည်ကာ သွေးခွဲခြင်းနှင့် နိုင်ငံတစ်နိုင်ငံအား မိမိတို့ယူကရိန်းနှင့်အတူ တစ်ပြိုင်နက်တည်း စစ်မျက်နှာ ၂ ခုဖွင့် တိုက်လာနိုင်ဖွယ်ရှိသည်ဟု ဇီလန်းစကီးက သတိပေးပြောဆိုသွားခြင်းဖြစ်သည်။
လက်ရှိ ဥရောပနိုင်ငံကြီးများပေါ် မည်သူ့ဆီမှ စေလွှတ်မှန်းမသိရသော ဒရုန်းများ ပျံသန်းခြိမ်းခြောက် နေခြင်းမှာလည်း ပူတင်လက်ချက်သာဖြစ်ပြီး ဥရောပနိုင်ငံများအပေါ် လုံခြုံရေး စိုးရိမ်ပူပန်မှုများ ပေးနေခြင်းဖြစ်ကာ တကယ် စစ်မျက်နှာ ၂ ခုဖွင့်ခဲ့လျှင်မူ စစ်ရေး အသာရနိုင်မှုပိုင်း၌ ရုရှား ဆုတ်ယုတ်ကျဆင်းသွားမည်ဟုလည်း ဇီလန်းစကီးကပြောသည်။
ကိုကလင်း
Ref: novinite
#MeKongNews
#အီးယူ
#ပူတင်
#ဇီလန်းစကီး
#ယူကရိန်း








