နေ့စဥ်သတင်း

ရောင်းချသောက်သုံးခွင့်အချိန် ကန့်သတ်မှုကြောင့် အမြန်သောက်ပြီး အရက်သမားများ ကျန်းမာရေးထိခိုက်ဟု ထိုင်းပြည်သူ့ပါတီအမတ် ဝေဖန်

မဲခေါင် 11 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၁ နိုဝင်ဘာ ၈ ရက်နေ့က ထိုင်းယမကာထိန်းချုပ်ရေး အက်ဥပဒေအဖြစ် ညည့်သန်းခေါင်မှ မနက် ၁၁ နာရီ အထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ အရက်၊ ဘီယာ ယမကာရောင်းချခြင်း၊ သောက်သုံးခြင်းကို ပိတ်ပင်လိုက်မှုအား ထိုင်းပြည်သူ့ပါတီ ဘန်ကောက်ကိုယ်စားပြု အမတ် တာအိုပီဖော့လင်ဂျစ်ရာခွန်းက ကန့်ကွက်လိုက်ကာ မိမိသည် ၂၄ နာရီ အရက်ရောင်းချမှုကို ထောက်ခံသူဖြစ်သည်ဟု ဝေဖန်ချက် ထုတ်ပြန်သွားခဲ့သည်။ ယမကာထိန်းချုပ်ရေး ဥပဒေသစ်တွင် အရက်သမားများ ထိုသတ်မှတ်ချိန်အတွင်း သောက်မိပါက ဘတ် ၁၀၀၀၀ ဒဏ်ရိုက်ခံရမည်ကို သဲကွဲစွာ မသိနိုင်ကြသေးသဖြင့် တာဝန်ရှိသူများက ထိုဥပဒေ အသက်ဝင် ပုံအား

မဲခေါင်၊ နိုဝင်ဘာ ၁၁

နိုဝင်ဘာ ၈ ရက်နေ့က ထိုင်းယမကာထိန်းချုပ်ရေး အက်ဥပဒေအဖြစ် ညည့်သန်းခေါင်မှ မနက် ၁၁ နာရီ အထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ အရက်၊ ဘီယာ ယမကာရောင်းချခြင်း၊ သောက်သုံးခြင်းကို ပိတ်ပင်လိုက်မှုအား ထိုင်းပြည်သူ့ပါတီ ဘန်ကောက်ကိုယ်စားပြု အမတ် တာအိုပီဖော့လင်ဂျစ်ရာခွန်းက ကန့်ကွက်လိုက်ကာ မိမိသည် ၂၄ နာရီ အရက်ရောင်းချမှုကို ထောက်ခံသူဖြစ်သည်ဟု ဝေဖန်ချက် ထုတ်ပြန်သွားခဲ့သည်။

ယမကာထိန်းချုပ်ရေး ဥပဒေသစ်တွင် အရက်သမားများ ထိုသတ်မှတ်ချိန်အတွင်း သောက်မိပါက ဘတ် ၁၀၀၀၀ ဒဏ်ရိုက်ခံရမည်ကို သဲကွဲစွာ မသိနိုင်ကြသေးသဖြင့် တာဝန်ရှိသူများက ထိုဥပဒေ အသက်ဝင် ပုံအား လူထုထံ ထဲထဲဝင်ဝင် အသိပေးနိုင်ရမည်ဖြစ်ကြောင်း၊ မွန်းလွဲ ၂ နာရီမှ ၅ နာရီအတွင်း နိုင်ငံတကာလေဆိပ်များ၊ တရားဝင်လိုင်စင်ခွင့်ပြုချက်ရထားသည့် အခမ်းအနားပွဲများတွင် ရောင်းချ သောက်သုံးခွင့်ပြုသော်လည်း ဟိုတယ်၊ အရက်ဆိုင်နှင့်စားသောက်ဆိုင်များတွင် ရောင်းချသောက်သုံး ခွင့်မပြုခြင်းမှာ ရှုပ်ထွေးစေပြီး ပိတ်ပင်လျှင်လည်း အကုန်ပိတ်မှ အမြင်ရှင်းမည်ဖြစ်ကြောင်း၊ ယခုလို ထိန်းချုပ်ခြင်းက ထိရောက်နိုင်မှု အလွန်အားနည်းမည်ဖြစ်သည်မှာ သေချာသည်ဟု တာအိုပီဖော့က ထောက်ပြဝေဖန်သွားခဲ့သည်။

ယခုလို အချိန်ကန့်သတ်လိုက်ခြင်းကြောင့် အရက်သများများ အရက်ကို အမြန်ဆုံး အလောသုံးဆယ် သောက်ကြမည်ဖြစ်ရာ ရေဓာတ်ခန်းခြောက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အာရုံကြောစနစ် ထိန်းချုပ်မှု မညီမျှခြင်းများဖြစ်ပေါ်ပြီး ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ သဘာ၀မကျသော ထိန်းချုပ်ကန့် သတ်ခြင်းဖြင့် အကျိုးသက်ရောက်မှုမရှိနိုင်သည့် ဥပဒေဖြစ်သောကြောင့် မိမိတို့ ပြည်သူပါတီကမူ ၂၄ နာရီ အရက်ရောင်းချ သောက်သုံးနိုင်ခွင့်အား အခြားနိုင်ငံကြီးများကဲ့သို့ ခွင့်ပြုပေးခြင်းကို ထောက်ခံသည်ဟု တာအိုပီဖော့က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: Thai Enquirer
#MeKongNews
#ထိုင်းနိုင်ငံ
#ယမကာသောက်သုံးခွင့်
#အရက်သမား
#တားမြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now