မဲခေါင်၊ နိုဝင်ဘာ ၇
ရှေ့ရက်က ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံး ၁၈၈ ယောက်သေဆုံးစေခဲ့သော ကာလ်မေဂီတိုင်ဖွန်းမုတ်တိုင်းသည် နိုဝင်ဘာ ၆ ရက်နှောင်းပိုင်းမှတွင်စတင်ကာ ဗီယက်နမ်နိုင်ငံသို့ စတင်ဝင်ရောက် စဉ်မှာပင် မုန်တိုင်းဒဏ်အခံရဆုံး ဂီယာလိုင်နှင့်ဒက်ခ်လက်ခ်ဒေသများ၌ အိမ် ၅၇ လုံး ပျက်စီးပြီး လူ အနည်းဆုံး ၅ ဦးသေဆုံးခဲ့ရသည်ဟု ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်သည်။
နိုဝင်ဘာ ၇ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အပျက်အစီးချင့်တွက်မှုနှင့်ထောက်ပံ့ရေး လုပ်ငန်း များစတင်လုပ်ဆောင်နေရာ ဂီယာလိုင်အရပ်နေ ၆၄ နှစ်အရွယ် ထရန်ငိုအန်က လွန်ခဲ့သည့် ၁၀ နှစ်က တိုက်ခဲ့သည့် မုန်တိုင်းပြီးလျှင် အကြီးမားဆုံးမုန်တိုင်းအဖြစ် မြင်တွေ့ရကြောင်းနှင့် နေအိမ်ခေါင်မိုးပေါင်း ၃၀၀၀ ကျော်လွင့်ပါကာ လှေနှင့်သင်္ဘော ၁၁ စီး နစ်မြုပ်ခဲ့ရကြောင်း၊ သစ်ပင်များ စွာလဲပြိုပိခြင်းနှင့် လူပေါင်း ၁ ဒသမ ၆ သန်း လျှပ်စစ်မီးပြတ်တောက်သည့်ဒဏ်ခံခဲ့ရကြောင်း ပြောပြသွားခဲ့ သည်။
ဗီယက်နမ်သည် လက်ရှိကမ္ဘာပေါ်၌ အပူပိုင်းမုန်တိုင်း အန္တရာယ်ဆိုးရွားစွာသက်ရောက်နေသည့် နယ်မြေဖြစ်နေကာ တစ်နှစ် တိုင်ဖွန်း သို့မဟုတ်အခြားမုန်တိုင်းပေါင်း ၁၀ လုံးပျမ်းမျှ တိုက်ခတ်ခံနေရ ပြီး ယခုနှစ်အတွင်း ကယ်လ်မေဂီတိုင်ဖွန်းသည် ၁၃ လုံးမြောက် တိုက်ခတ်သည့် မုန်တိုင်းဖြစ်ခဲ့သည်။
ဖိလစ်ပိုင်သို့ ရှေ့ရက်များက ဝင်တိုက်ခဲ့သည့် ကယ်လ်မေဂီမုန်တိုင်းကြောင့် ၁၈၈ ယောက်သေဆုံးကာ ၁၃၅ ယောက်အထိ ပျောက်ဆုံးနေသေးပြီး ယခု ဗီယက်နမ်တွင် နိုဝင်ဘာ ၇ ရက်အထိ မုန်တိုင်း ဆက် လက်တိုက်ခိုက်နေဆဲဖြစ်သောကြောင့် တစ်ပတ်အတွင်း ရုတ်တရက်ရေကြီးမှုနှင့်မြေပြိုမှုများ ထပ်မံ ဖြစ်ပွားနိုင်သေးကာ သေဆုံးမှုများ ဆက်လက်မြင့်တက်လာနိုင်သည်။
ယခု ဗီယက်နမ်အလယ်ပိုင်း ဒေသသို့ ဦးတည်တိုက်ခတ်နေသည့် မုန်တိုင်းသည် တစ်နာရီလေတိုက်နှုန်း ၁၄၉ ကီလိုမီတာ (၉၂ မိုင်) နှုန်းဖြင့် တိုက်ခတ်ခြင်းဖြစ်သည်။
အောက်တိုဘာ လကုန်ပိုင်းကတည်းက ဗီယက်နမ်တွင် စံချိန်တင်မိုးရေချိန်ဖြင့် တစ်နာရီ ၁ . ၇ မီတာ (၄ ပေမှ ၆ ပေ) အထိရွာသွန်းနေပြီး ပင်လယ်ကမ်းခြေဒေသ ၃၂၀၀ ကီလိုမီတာ၊ မြစ်များယှက်ဖျာနေသည့် ၂၃၀၀ ကီလိုမီတာဝန်းကျင်ရှိဒေသများတွင် ထူးကဲ ရေကြီးမှုများဖြစ်ပွားနေသလို ယခုမုန်တိုင်းကြောင့် ရေကြီးမှု ထပ်မံဆိုးရွားလာဦးမည်ဖြစ်သည်။
ကိုကလင်း
Ref: trtworld
#MeKongNews
#ကယ်လ်မေဂီ
#မုန်တိုင်း
#ဖိလစ်ပိုင်
#ဗီယက်နမ်








