ကမ္ဘာ့သတင်း

ဝက်ဝံများကြောင့် ယခုနှစ်အတွင်း စံချိန်တင် ၁၁ ဦးသေဆုံးသဖြင့် ဂျပန်တွင် စစ်တပ်ပင် စေလွှတ်ရ

မဲခေါင် 6 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၆ ဂျပန်နိုင်ငံတွင် ယခု ၂၀၂၅ ခုနှစ်အတွင်း ဝက်ဝံများရန်ကြောင့် သေဆုံးသူပေါင်း စံချိန်တင်အဖြစ် ၁၁ ဦး ရှိလာကာ ၁၀၀ ကျော်ဒဏ်ရာရသဖြင့် ပြည်သူများအကူအညီတောင်းခံမှုအရ စစ်တပ်ပါ စေလွှတ်ပေး ထားရကြောင်း သိရသည်။ သွေးစာနေသော ဝက်ဝံများရန်ကြောင့် နောက်ဆုံးသေဆုံးရသူမှာ တောတောင်ထူထပ်သည့် အာခီတာ စီရင်စုမှ အသက် ၇၉ နှစ်အရွယ် ကီယိုဂိုတိုဆိုသော အမျိုးသမီးကြီးဖြစ်ပြီး မှိုနှုတ်ရာသီရောက်သဖြင့် မိသားစုအား မှိုရှာရန်ထွက်သွားသည်ဟု ဖုန်းဆက်အကြောင်းကြားပြီးနောက် ပြန်ရောက်မလာတော့ဘဲ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက မျက်နှာကိုဝက်ဝံများရန်ပြုထားသည့် ဒဏ်ရာများဖြင့် တောထဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံအတွင်း ထူးထူးခြားခြား ဝက်ဝံတိုက်ခိုက်မှုကြောင့်

မဲခေါင်၊ နိုဝင်ဘာ ၆

ဂျပန်နိုင်ငံတွင် ယခု ၂၀၂၅ ခုနှစ်အတွင်း ဝက်ဝံများရန်ကြောင့် သေဆုံးသူပေါင်း စံချိန်တင်အဖြစ် ၁၁ ဦး ရှိလာကာ ၁၀၀ ကျော်ဒဏ်ရာရသဖြင့် ပြည်သူများအကူအညီတောင်းခံမှုအရ စစ်တပ်ပါ စေလွှတ်ပေး ထားရကြောင်း သိရသည်။

သွေးစာနေသော ဝက်ဝံများရန်ကြောင့် နောက်ဆုံးသေဆုံးရသူမှာ တောတောင်ထူထပ်သည့် အာခီတာ စီရင်စုမှ အသက် ၇၉ နှစ်အရွယ် ကီယိုဂိုတိုဆိုသော အမျိုးသမီးကြီးဖြစ်ပြီး မှိုနှုတ်ရာသီရောက်သဖြင့် မိသားစုအား မှိုရှာရန်ထွက်သွားသည်ဟု ဖုန်းဆက်အကြောင်းကြားပြီးနောက် ပြန်ရောက်မလာတော့ဘဲ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက မျက်နှာကိုဝက်ဝံများရန်ပြုထားသည့် ဒဏ်ရာများဖြင့် တောထဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံအတွင်း ထူးထူးခြားခြား ဝက်ဝံတိုက်ခိုက်မှုကြောင့် ၁၁ ဦးသေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့ရာ စာသင်ကျောင်းအပြင်ဘက်၊ ဘတ်စ်ကားမှတ်တိုင်၊ စူပါမားကက်အတွင်းအထိပင် ဝက်ဝံများ ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့ပြီး အမျိုးသားတစ်ဦးဆိုလျှင် ခေါင်းပင်ပြတ်ထွက်ကာ ဒဏ်ရာရသူများဆိုလျှင်လက် ခြေလက်များပြတ်ထွက်သည်အထိ ဆိုးရွားခဲ့သည်။

အာခီတာစီရင်စုတွင် ဝက်ဝံများ အဆိုးရွားဆုံးအဆင့်မြင့် ရန်မူတိုက်ခိုက်နေသဖြင့် မြို့တောဝန် ကန်တာ ဆူဇူကီးက စစ်သားများစေလွှတ်ကာ ကူညီကာကွယ်ပေးရန် တောင်းဆိုခဲ့ရသည်ဟု ထုတ်ပြန်ပြောဆိုခဲ့ သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇုမိက အာခီတာစီရင်စု မြို့တော်ဝန်အား ဂျပန်နိုင်ငံ ဥပဒေအရ ဝက်ဝံများကို တိုက်ရိုက် ပစ်ခတ်သတ်ဖြတ်ရှင်းလင်မရနိုင်သဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ရေးတပ်ဖွဲ့ (SDF) များအား စေလွှတ်ပြီး ဒေသခံများကို ဝက်ဝံများ အမဲလိုက်ခြင်းအတွက် လိုအပ်သည့် အထောက် အပံ့ပစ္စည်းများ၊ သင်တန်းများပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အာခီတာစီရင်စုသည် ဂျပန်နိုင်ငံ မြောက်ဘက်စွန်း ဟွန်းရှူးကျွန်းအနီးတွင် တည်ရှိကာ အာရှဝက်ဝံနက် များစွာကျင်လည်ကျက်စားရာ ဟော့ကိုင်းဒိုးကျွန်း မြောက်ပိုင်းနှင့်လည်း နီးကပ်စွာတည်ရှိသဖြင့် ဝက်ဝံ တိုက်ခိုက်ခံရမှုအများဆုံး စီရင်စုဖြစ်နေသည်။

အောက်တိုဘာ ၃၁ ရက်ကပင် ထိုစီရင်စုမှာပင် လူအုပ်စု တစ်စုအား ဝက်ဝံများတိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးပြီး ၃ ဦး ဆေးရုံတင်ခဲ့ရသေးသည်။

ထိုဖြစ်စဉ် မတိုင်မီ နာရီပိုင်းအကြာက တိုယာမ စီရင်စု၌လည်း အသက် ၇၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဝက်ဝံ တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရခဲ့သေးသည်။

အီဝါတာစီရင်စု မြောက်ပိုင်းတွင်လည်း ပြီးခဲ့သည့်တစ်ပတ် ကပင် အိမ်ရှေ့ထွက်ကာ ရေချိုးနေသော အသက် ၆၀ အရွယ် ကတ်ဆုမိဆာကာဇာကီဆိုသူ ပျောက်ဆုံး သွားခဲ့ပြီး မနီမဝေးတွင် အလောင်းအပိုင်းအစများ တွေ့ရှိခဲ့ရသေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဂျပန်နိုင်ငံ
#ဝက်ဝံ
#ဟော့ကိုင်းဒိုးကျွန်း
#အာခီတာစီရင်စု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now