ကမ္ဘာ့သတင်း

ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းပြတိုက်ကြီး အီဂျစ် စတင်ဖွင့်လှစ်နိုင်ပြီ

မဲခေါင် 6 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၆ အီဂျစ်ဖာရိုးဘုရင်ကြီး ထရတ်၏ ရွှေမျက်နှာဖုံးနှင့်ကျိန်စာသင့်ခေါင်းတလား၊ သင်္ချိုင်းဂူအပါအဝင် အဖိုးမမြတ်နိုင်သော ရှေးဟောင်းပစ္စည်းပေါင်း ၁၀၀၀၀၀ ကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံး ရှေးဟောင်း ပြတိုက်ကြီး The Grand Egyptian Museum ကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ပြီး အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့်ပြုကာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ပြတိုက်အဝင် ကျက်သရေဆောင်အခန်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၂၀၀၀ က အုပ်စိုးခဲ့သော ဘုရင် ရမ်ဆက်စ် (၂) ၏ ၈၂ တန်လေးသော ရုပ်တုကြီး ခမ်းနားစွာ ထားရှိကာ ရှေးဟောင်းအီဂျစ်ဖာရိုးဘုရင် တူတန့်ဟာမန်၏ ရွှေခေါင်းတလားကြီးလည်း ပြသထားသလို ယင်းပြတိုက်ကြီး ပြီးစီးရန် နှစ်ပေါင်း

မဲခေါင်၊ နိုဝင်ဘာ ၆

အီဂျစ်ဖာရိုးဘုရင်ကြီး ထရတ်၏ ရွှေမျက်နှာဖုံးနှင့်ကျိန်စာသင့်ခေါင်းတလား၊ သင်္ချိုင်းဂူအပါအဝင် အဖိုးမမြတ်နိုင်သော ရှေးဟောင်းပစ္စည်းပေါင်း ၁၀၀၀၀၀ ကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံး ရှေးဟောင်း ပြတိုက်ကြီး The Grand Egyptian Museum ကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ပြီး အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့်ပြုကာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြတိုက်အဝင် ကျက်သရေဆောင်အခန်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၂၀၀၀ က အုပ်စိုးခဲ့သော ဘုရင် ရမ်ဆက်စ် (၂) ၏ ၈၂ တန်လေးသော ရုပ်တုကြီး ခမ်းနားစွာ ထားရှိကာ ရှေးဟောင်းအီဂျစ်ဖာရိုးဘုရင် တူတန့်ဟာမန်၏ ရွှေခေါင်းတလားကြီးလည်း ပြသထားသလို ယင်းပြတိုက်ကြီး ပြီးစီးရန် နှစ်ပေါင်း ၂၀ အချိန်ယူတည်ဆောက်ခဲ့ရသည်။

ဖွင့်လှစ်နိုင်ရန် အကြိမ်ကြိမ်ကြန့်ကြာမှုများ ရှိခဲ့ရသော်လည်း စတုရန်းပေ ၅၀၀၀၀၀ ကျယ်ဝန်းသော ပြတိုက်ကြီးကို နိုဝင်ဘာ ၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကာ ပြတိုက်ထဲမှပင် တစ်မိုင်အကွာအဝေး၌ ရှိသည့် ပိရမစ်ကြီးများကို လည်ပတ်သူများ မြင်တွေ့နိုင်သည့် မြင်ကွင်းမျိုး ရရှိရန်လည်း ဖန်တီး တည်ဆောက်ထားသည်။

ပြတိုက်အတွင်း လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀၀ ကျော်က ရှိခဲ့သော ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ အား ပြခန်း ၁၂ ခုဖွင့်လှစ်ကာ ကြည့်ရှုခွင့်ပြုထားသော်လည်း အီရန်နှင့် အစ္စရေးတို့ ပဋိပက္ခကြောင့် ဘုရင်ကြီး တတ်၏ ပြခန်းကိုမူ ယခုနှစ်နွေရာသီကာလအထိ ပိတ်ထားဦးမည်ဟု ပြတိုက်တာဝန်ရှိသူ များက ဆိုသည်။

ယင်းပြတိုက်ကြီးကို ၂၀၀၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်အာရပ် နွေဦးတော်လှန်ရေးကြောင့် အချိန်အတော်ကြာ ဆောက်လုပ်ရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့ရမှုမှ ယခု မှ စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုပြတိုက်အတွင်း လူစိတ်ဝင်စားမှုအရှိဆုံးမှာ တွေ့ရှိသူများ ထူးဆန်းစွာသေဆုံးရသဖြင့် ကျိန်စာသင့် ခေါင်းတလားဟု ခေါ်ဆိုကြသော ဖာရိုးဘုရင်ကြီး တူတန့်ဟာမန်ရုပ်ကြွင်းထည့်ထားရာ ခေါင်းတလား ကြီးဖြစ်သည်။

တူတန့်ဟာမန်သည် Luxor ခေတ်က ဘုရင်ဖြစ်ကာ ၁၉၂၂ ခုနှစ်တွင် အင်္ဂလန်သား ရှေးဟောင်းသုတေသနပညာရှင် ဟိုးဝပ်ကာတာ ၇ နှစ်ကြာ ကြိုးပမ်းရှာဖွေမှုကြောင့် တွေ့ရှိခဲ့ရခြင်း ဖြစ်ကာ တူးဖော်သူ အဆက်ဆက် အကြောင်းအမျိုးမျိုးဖြင့် ထူးခြားစွာ သေဆုံးသဖြင့် ကျိန်စာသင့် ခေါင်းတလားအဖြစ် ဒဏ္ဍာရီသဖွယ် ကမ္ဘာကျော်နေခဲ့ခြင်းဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အီဂျစ်
#ရှေးဟောင်းပြတိုက်
#ပိရမစ်
#ဖာရိုးဘုရင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now