ကမ္ဘာ့သတင်း

ကယ်လ်မေဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၆၆ ဦး အထိ မြင့်တက်လာ

မဲခေါင် 5 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၅ နိုဝင်ဘာ ၄ ရက်အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ စီဘူခရိုင်ကို ဗဟိုပြုတိုက်ခတ်သွားခဲ့သည့် ကယ်လ်မေဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းထုတ်ပြန်မှုအရ အနည်းဆုံး ၆၆ ယောက် ရှိသွားခဲ့ပြီဟု သိရသည်။ ယင်းမုန်တိုင်းသည် နိုဝင်ဘာ ၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ပြည်ပခရီးသွားများ စည်ကားလေ့ရှိရာ ပါလာဝန်အရပ်သို့ တစ်နာရီ ကီလိုမီတာ ၁၂၀ (၇၅ မိုင်) မှ ၁၆၅ ကီလိုမီတာနှုန်းဖြင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားတိုက်ခတ်နေပြီး စီဘူဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယစီမံခန့်ခွဲရေးမှူး ရာဖေလီတိုအလီဂျန်ဒရိုက ၎င်းတို့ဒေသအတွင်းမှာပင် သေဆုံးသူ ၄၉ ဦးတွေ့ခဲ့ပြီး

မဲခေါင်၊ နိုဝင်ဘာ ၅

နိုဝင်ဘာ ၄ ရက်အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ စီဘူခရိုင်ကို ဗဟိုပြုတိုက်ခတ်သွားခဲ့သည့် ကယ်လ်မေဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းထုတ်ပြန်မှုအရ အနည်းဆုံး ၆၆ ယောက် ရှိသွားခဲ့ပြီဟု သိရသည်။

ယင်းမုန်တိုင်းသည် နိုဝင်ဘာ ၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ပြည်ပခရီးသွားများ စည်ကားလေ့ရှိရာ ပါလာဝန်အရပ်သို့ တစ်နာရီ ကီလိုမီတာ ၁၂၀ (၇၅ မိုင်) မှ ၁၆၅ ကီလိုမီတာနှုန်းဖြင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားတိုက်ခတ်နေပြီး စီဘူဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယစီမံခန့်ခွဲရေးမှူး ရာဖေလီတိုအလီဂျန်ဒရိုက ၎င်းတို့ဒေသအတွင်းမှာပင် သေဆုံးသူ ၄၉ ဦးတွေ့ခဲ့ပြီး ၂၆ ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။

မျက်မြင်သက်သေများက စီဘူဒေသတွင် ယခင် တစ်လပျမ်းမျှ မိုးရေချိန် ၁၃၁ မီလီမီတာရှိရာမှ ယခု မုန်တိုင်းတိုက်ချိန်တွင် ၁၈၃ မီလီမီတာ (၇ လက်မ) အထိ များပြားသောကြောင့် ဒေသတွင်း မကြုံစဖူး ရေကြီးမှုက အိမ်များခေါင်းမိုးသာပေါ်ကာ ၁၀ ပေကျော်ရေအနက်အထိ နစ်မြုပ်ကြောင်းနှင့် သာမန် ကားများသာမက သင်္ဘောတင် ကွန်တိန်နာများပင် မျောပါသည်အထိ ဆိုးရွားခဲ့သည်ဟု ပြောဆိုခဲ့ကြ သည်။

ယင်းမုန်တိုင်းအတွင်း ဖိလစ်ပိုင်လေတပ်မှ ကယ်ဆယ်ရေးရဟတ်ယာဉ် ၄ စီးစေလွှတ်ခဲ့သည့်အနက် တစ်စီးပျက်ကျခဲ့ရာတွင် လိုက်ပါသူ ၆ ဦးစလုံး အလောင်းကိုလည်း နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ရသည်။

ဖိလစ်ပိုင်တွင် တစ်နှစ် ပျမ်းမျှ မုန်တိုင်း အလုံး ၂၀ ဝင်ရောက်လေ့ရှိပြီး ယခုနှစ်တွင် အလုံး ၂၀ ဝင်ပြီးဖြစ်သည့်တိုင် လူများလုပ်သော သဘာ၀ပတ်ဝန်းကျင်ဖောက်ပြန် ပင်လယ်ရေ အပူချိန် မြင့်တက်မှုကြောင့် ဒီဇင်ဘာလအထိ နောက်ထပ် မုန်တိုင်း ၃ လုံးမှ ၄ လုံး အထိ ထပ်ဝင်နိုင်ဦးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကိုကလင်း
Ref: koreatimes
#MeKongNews
#ဖိလစ်ပိုင်
#ကယ်လ်မေဂီ
#ကယ်ဆယ်ရေး
#ရဟက်ယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now