ကမ္ဘာ့သတင်း

ပယ်ဆောက်ချိန်နှင့် ၎င်း၏သား အပါအဝင် ၅ ဦးကို တရုတ်တရားရုံး သေဒဏ် ချမှတ်

မဲခေါင် 4 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၄ စစ်ကောင်စီနှင့် မဟာမိတ်ဖြစ်ခဲ့သော်လည်း တရုတ်သို့ လွှဲပြောင်းခံရသည့် ကိုးကန့်ကျားဖြန့်ခေါင်းဆောင် ပယ်ဆောက်ချိန်နှင့် ၎င်း၏ သားဖြစ်သူ ပယ်ရင်ချိန်အပါအဝင် ၅ ဦးကို တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ရှန်ကျင်းပြည်သူ့တရားရုံးက နိုဝင်ဘာ ၄ ရက်နေ့တွင် သေဒဏ်ပေးခဲ့ ကြောင်း သိရသည်။ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြမှုများ၌ မည်သူများကို သေဒဏ်ပေးလိုက်သည်အား မဖော်ပြဘဲ မြန်မာပြည်မြောက်ပိုင်း၌ ကျားဖြန့်၊ လူသတ်၊ မူးယစ်မှောင်ခိုမှုများလုပ်ခဲ့သူများကို သေဒဏ်ပေးခြင်းဟုသာ ရေးသားထားသည်။ ၁၀၂၇ စစ်ဆင်ရေးကာလတွင် တရုတ်အာဏာပိုင်များသည် ကိုးကန့်ဒေသ ကျားဖြန့်၊ မှောင်ခိုရာဇဝတ် ကွန်ရက်များသို့ လာရောက်ကာ သက်သေပေါင်း ထောင်ချီထံမှ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသ

မဲခေါင်၊ နိုဝင်ဘာ ၄

စစ်ကောင်စီနှင့် မဟာမိတ်ဖြစ်ခဲ့သော်လည်း တရုတ်သို့ လွှဲပြောင်းခံရသည့် ကိုးကန့်ကျားဖြန့်ခေါင်းဆောင် ပယ်ဆောက်ချိန်နှင့် ၎င်း၏ သားဖြစ်သူ ပယ်ရင်ချိန်အပါအဝင် ၅ ဦးကို တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ရှန်ကျင်းပြည်သူ့တရားရုံးက နိုဝင်ဘာ ၄ ရက်နေ့တွင် သေဒဏ်ပေးခဲ့ ကြောင်း သိရသည်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြမှုများ၌ မည်သူများကို သေဒဏ်ပေးလိုက်သည်အား မဖော်ပြဘဲ မြန်မာပြည်မြောက်ပိုင်း၌ ကျားဖြန့်၊ လူသတ်၊ မူးယစ်မှောင်ခိုမှုများလုပ်ခဲ့သူများကို သေဒဏ်ပေးခြင်းဟုသာ ရေးသားထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလတွင် တရုတ်အာဏာပိုင်များသည် ကိုးကန့်ဒေသ ကျားဖြန့်၊ မှောင်ခိုရာဇဝတ် ကွန်ရက်များသို့ လာရောက်ကာ သက်သေပေါင်း ထောင်ချီထံမှ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ပယ်ဆောက်ချိန်နှင့်မိသားစုဝင်များကို မြန်မာစစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်ထံ အပ်နှံခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လပိုင်းက ကိုးကန့်ကျားဖြန့်နှင့် ရာဇဝတ်ကွန်ရက်နှင့်ပတ်သက်ပြီး ခေါင်းဆောင်ဖြစ်သော မြီ မိသားစုဝင်များထဲမှ တချို့ကို သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များ ချမှတ်ပြီးနောက် ယခု ပယ်မိသားစုထဲမှ ၅ ဦးကို ကိုးကန့်ဒေသ၌ ကျားဖြန့်နှင့်ဒုစရိုက်အဆောက်အအုံပေါင်း ၄၁ လုံးဆောက်လုပ်ခဲ့မှု၊ အွန်လိုင်း လောင်းကစားလုပ်ငန်းများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအဖြစ် လူသတ်မှု၊ များစွာကို ဒဏ်ရာရစေမှု၊ အဓမ္မ ပြည့်တန်ဆာလုပ်ခိုင်းမှုများဖြင့် စွဲချက်ပေါင်းများစွာ တင်ခဲ့ပြီး တရုတ်နိုင်ငံသား ၆ ဦးကို သတ်ခဲ့ရာတွင် တစ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းမှုများ ထင်ရှားသဖြင့် သေဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းအမှုတွဲနှင့်ပတ်သက်ပြီး နောက်ထပ် တရားခံ ၂ ဦးအား ၂ နှစ်ဆိုင်းငံ့သေဒဏ်၊ နောက်ထပ် ၅ ဦး အား တစ်သက်တစ်ကျွန်းထောင်ဒဏ်၊ ၃ ဦးအား နှစ် ၂၀ ထောင်ဒဏ်၊ နောက်ထပ် ၉ ဦးအား ထောင်ဒဏ် အပြင် ဒဏ်ငွေ၊ ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းများပါ စီရင်ချက်ချခဲ့သည်။

သေဒဏ်ပေးခဲ့သူများထဲမှ တစ်ဦးသည် စိတ်ကြွရူးသွပ်ဆေးပြား တန် ၁၁ သန်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချခဲ့သည့် ကွန်ရက်အတွင်း ပူးပေါင်းပါဝင်ကြောင်း ထင်ရှားခဲ့သည်ဟု ဆိုသလို လောင်းကစားနှင့် ကျားဖြန့်လိမ်လည်ခဲ့မှု ငွေကြေးပမာဏသည် ယွမ် ၂၉ ဘီလီယံကျော် ရှိသည်ဟုလည်း တရားရုံးက ထုတ်ပြန်ခဲ့သည်။

ကိုကလင်း
Ref: bbc & Xinhua
#MeKongNews
#ပယ်ဆောက်ချိန်
#တရုတ်
#ကျားဖြန့်
#မူးယစ်မှောင်ခို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now