ကမ္ဘာ့သတင်း

ကမ္ဘာဖျက်ပိုဆိုက်ဒွန် နျူကလီးယားတိုပီဒို ပစ်ခတ်မည့် နျူကလီးယား ရေငုပ်သင်္ဘောအသစ် ပူတင် ထုတ်ပြ

မဲခေါင် 4 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၄ ဗြိတိန်အပါအဝင် ကမ်းရိုးတန်နိုင်ငံများအား ရေဒီယိုသတ္တိကြွ ဆူနာမီလှိုင်းများဖြစ်ပေါ်စေပြီး ဖျက်ဆီး နိုင်သည်ဆိုသော ပိုဆိုက်ဒွန် နျူကလီးယားတော်ပီဒိုအား အာတိတ်သမုဒ္ဒရာကာရာပင်လယ်ပြင်တွင် စမ်းသပ်ပစ်ခတ်ပြီးနောက် ရက်ပိုင်းအကြာမှာပင် ပူတင်သည် ပိုဆိုက်ဒွန်တော်ပီဒိုတင်ဆောင် ပစ်လွှတ်နိုင်ရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသည့် ခါဘာရော့ဗ်စ် ရေငုပ်သင်္ဘောအသစ်ကြီးကို စတင်မိတ်ဆက် ပြသလိုက်သည်။ ၅ နှစ်စီမံကိန်းဖြင့် တည်ဆောက်နေခဲ့သော နျူကလီးယားရေငုပ်သင်္ဘောသစ်ကြီးဖြစ်ကာ သတင်းများ အရ ပေါင် ၁ ဘီလီယံကျော် အကုန်ခံတည်ဆောက်ထားသည်ဟု သိရသည်။ ထို တန် ၁၀၀၀၀ အလေးချိန်ရှိ ရေငုပ်သင်္ဘောကြီးကို ရုရှားနိုင်ငံမြောက်ပိုင်း ဆီဗာရော့စ်ဗင့်ခ်စ်မြို့ရှိ ဆက်ဗ်မက်ရှ် သင်္ဘောကျင်းတွင် ကျင်းပခဲ့ရာ နျူကလီးယားထိပ်ဖူးတပ် ပိုဆိုက်ဒွန်တိုပီဒို တစ်ဒါဇင် တင်ဆောင် မောင်းနှင်ပစ်ခတ်နိုင်စွမ်းရှိသည့် ခေတ်အမီဆုံး

မဲခေါင်၊ နိုဝင်ဘာ ၄

ဗြိတိန်အပါအဝင် ကမ်းရိုးတန်နိုင်ငံများအား ရေဒီယိုသတ္တိကြွ ဆူနာမီလှိုင်းများဖြစ်ပေါ်စေပြီး ဖျက်ဆီး နိုင်သည်ဆိုသော ပိုဆိုက်ဒွန် နျူကလီးယားတော်ပီဒိုအား အာတိတ်သမုဒ္ဒရာကာရာပင်လယ်ပြင်တွင် စမ်းသပ်ပစ်ခတ်ပြီးနောက် ရက်ပိုင်းအကြာမှာပင် ပူတင်သည် ပိုဆိုက်ဒွန်တော်ပီဒိုတင်ဆောင် ပစ်လွှတ်နိုင်ရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသည့် ခါဘာရော့ဗ်စ် ရေငုပ်သင်္ဘောအသစ်ကြီးကို စတင်မိတ်ဆက် ပြသလိုက်သည်။

၅ နှစ်စီမံကိန်းဖြင့် တည်ဆောက်နေခဲ့သော နျူကလီးယားရေငုပ်သင်္ဘောသစ်ကြီးဖြစ်ကာ သတင်းများ အရ ပေါင် ၁ ဘီလီယံကျော် အကုန်ခံတည်ဆောက်ထားသည်ဟု သိရသည်။

ထို တန် ၁၀၀၀၀ အလေးချိန်ရှိ ရေငုပ်သင်္ဘောကြီးကို ရုရှားနိုင်ငံမြောက်ပိုင်း ဆီဗာရော့စ်ဗင့်ခ်စ်မြို့ရှိ ဆက်ဗ်မက်ရှ် သင်္ဘောကျင်းတွင် ကျင်းပခဲ့ရာ နျူကလီးယားထိပ်ဖူးတပ် ပိုဆိုက်ဒွန်တိုပီဒို တစ်ဒါဇင် တင်ဆောင် မောင်းနှင်ပစ်ခတ်နိုင်စွမ်းရှိသည့် ခေတ်အမီဆုံး ရေငုပ်သင်္ဘောဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေးဘီလူဆော့ဗ်က နေတိုးနှင့်အနောက်မဟာမိတ်များ ထိတ်လန့်သွားစေရန် ရည်ရွယ်ပြောကြား ခဲ့သည်။

ကနဦး ယင်းခါဘာရော့ဗ်စ် ရေငုပ်သင်္ဘောတည်ဆောက်မှုကို ၂၀၁၄ တွင် စတင်ကာ ၂၀၂၀ ပြည့်နှစ် တွင် ရေချနိုင်ရေး ရည်ရွယ်ခဲ့သော်လည်း ယခု ၅ နှစ်နောက်ကျပြီးမှ စတင်ရေချကာ စမ်းသပ်မောင်းနှင့် အပြီး နျူကလီးယားရန် ကာကွယ်ရေးရေယာဉ်စု အတွင်း တာဝန်ထမ်းဆောင်စေမည်ဟုလည်း ဆိုသည်။

ရုရှားသမ္မတ ပူတင်က ပိုဆိုက်ဒွန် တိုပီဒိုသည် မည်သည့်အရာနှင့်မျှ တားဆီးဖျက်ဆီးနိုင်စွမ်း မရှိသော လက်နက်ဖြစ်သည်ဟု ကြုံးဝါးခဲ့သလို သမ္မတဟောင်း မက်ဗီဒက်ဗ်ကလည်း ထိုလက်နက်သည် ကမ္ဘာ့နောက်ဆုံးနေ့ လက်နက်ဟုမကြာခဏ ခြိမ်းခြောက်ပြောဆိုနေခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ပိုဆိုက်ဒွန်
#တိုပီဒို
#ရေငုပ်သင်္ဘော
#ရုရှား
#နျူကလီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now