ကမ္ဘာ့သတင်း

ကုန်းတွင်းဝင်တိုက်ရန် အမေရိကန် အသင့်ဖြစ်နေသဖြင့် ပူတင်အား လက်နက်များပေးပါရန် မာဂျူရို တောင်းပန်

မဲခေါင် 3 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၃ အမေရိကသို့ မူးယစ်ဆေးဝါးများအဓိက တင်သွင်းရာ ဗဟိုချက်နိုင်ငံဖြစ်နေသော ဗင်နီဇွဲလားနိုင်ငံ ကမ်းရိုးတန်း၌ အနည်းဆုံး အမေရိကန် စစ်သင်္ဘော ၁၀ စီးရောက်ရှိကာ ဝိုင်းထားပြီး ကုန်းတွင်းပိုင်း အထိ တိုက်ခိုက်ရန် အသင့်အနေအထားပြင်ဆင်းထားပြီးဖြစ်သောကြောင့် ဗင်နီဇွဲလားသမ္မတ မာဂျူရို က မဟာမိတ်ပူတင်အား လက်နက်များပေးပါရန် တောင်းပန်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားသမ္မတ မာဂျူရိုသည် အမေရိကသို့ ကိုကင်းနှင့် မူးယစ် ဆေးဝါးများ အဓိကတင်သွင်းနေသည့် မူးယစ်အကြမ်းဖက်ဂိုဏ်းများနောက်ကွယ်တွင် ကြိုးကိုင်ထားသူ မှာ မာဂျူရိုဖြစ်သောကြောင့် ဖမ်းမိနိုင်လျှင် ဆုကြေး ဒေါ်လာ သန်း ၅၀ ပေးမည်ဟုထုတ်ပြန်ထားသည်။ လက်ရှိတွင် ဗင်နီဇွဲလားကမ်းရိုးတန်းတွင် ကမ္ဘာ့အကြီးမားဆုံး လေယာဉ်တင်သင်္ဘောကြီးဖြစ်သော အမေရိကန်၏

မဲခေါင်၊ နိုဝင်ဘာ ၃

အမေရိကသို့ မူးယစ်ဆေးဝါးများအဓိက တင်သွင်းရာ ဗဟိုချက်နိုင်ငံဖြစ်နေသော ဗင်နီဇွဲလားနိုင်ငံ ကမ်းရိုးတန်း၌ အနည်းဆုံး အမေရိကန် စစ်သင်္ဘော ၁၀ စီးရောက်ရှိကာ ဝိုင်းထားပြီး ကုန်းတွင်းပိုင်း အထိ တိုက်ခိုက်ရန် အသင့်အနေအထားပြင်ဆင်းထားပြီးဖြစ်သောကြောင့် ဗင်နီဇွဲလားသမ္မတ မာဂျူရို က မဟာမိတ်ပူတင်အား လက်နက်များပေးပါရန် တောင်းပန်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားသမ္မတ မာဂျူရိုသည် အမေရိကသို့ ကိုကင်းနှင့် မူးယစ် ဆေးဝါးများ အဓိကတင်သွင်းနေသည့် မူးယစ်အကြမ်းဖက်ဂိုဏ်းများနောက်ကွယ်တွင် ကြိုးကိုင်ထားသူ မှာ မာဂျူရိုဖြစ်သောကြောင့် ဖမ်းမိနိုင်လျှင် ဆုကြေး ဒေါ်လာ သန်း ၅၀ ပေးမည်ဟုထုတ်ပြန်ထားသည်။

လက်ရှိတွင် ဗင်နီဇွဲလားကမ်းရိုးတန်းတွင် ကမ္ဘာ့အကြီးမားဆုံး လေယာဉ်တင်သင်္ဘောကြီးဖြစ်သော အမေရိကန်၏ USS Gerald R. Ford နှင့်အတူ စစ်သင်္ဘော အနည်းဆုံး ၁၀ စီးရောက်ရှိနေပြီး ဘင်လာဒင် အားရှင်းလင်းစဉ်က အသုံးပြုခဲ့သည့် Sniper scouts၊ Delta Force နှင့် Navy SEALs အထူးတပ်ဖွဲ့ ၁၀၀၀၀ ပါ စေလွှတ်ပေးထားကာ မကြာခဏ အမေရိကန်၏ F-35 ဖိုက်တာဂျက်လေယာဉ်များနှင့် B-2 မဟာဗျူဟာဗုံးကျဲလေယာဉ်များ ဗင်နီဇွဲလား ကမ်းခြေတွင် ပျံသန်းနေခဲ့သည်။

အမေရိကန်သည် ရက်ပိုင်းအတွင်းပင်မဟုတ်ဘဲ နာရီပိုင်းအတွင်းမှာပင် ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ စစ်ရေးအဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ဆင်ထားပြီးဖြစ်သော ကြောင့် မာဂျူရိုသည် မဟာမိတ်ဖွဲ့ထားသော ရုရှားသမ္မတ ပူတင်ထံ အမေရိကန်အား တန်ပြန်ကာကွယ် နိုင်ရေး လက်နက်များပေးပါရန် တောင်းပန်ထားကြောင်း သိရသည်။

အမေရိကန်အစိုးရထံမှတစ်ဆင့် ရရှိသော မှတ်တမ်းများကို Washington Post က ဖော်ပြရာတွင် မာဂျူရိုသည် ပူတင်ထံမှ ကာကွယ်ရေး ရေဒါများ၊ လေယာဉ်ပြင်ဆင်မှုနှင့် ဒုံးကျည်များပေးပါရန် တောင်းပန်ထားသည်ဟုဆိုသည်။ ထို့အပြင် မာဂျူရိုသည် တရုတ်နှင့် အီရန်ထံမှလည်း အမေရိကန်ကို တန်ပြန်နိုင်ရေး လက်နက်များတောင်းဆိုထားဖွယ်ရှိသည်ဟု ယုံကြည်ရကြောင်း အဆိုပါသတင်းက ဖော်ပြသွားခဲ့သည်။

အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ စစ်ရေးလေတပ်အခြေစိုက်စခန်းများ၊ မူးယစ်အကြမ်းဖက် အဖွဲ့အသုံးပြုနေသည့် ဆိပ်ကမ်းများကို ပစ်မှတ်ထားတိုက်ခိုက်ကာ ထိပ်တန်းမူးယစ်ဂိုဏ်းခေါင်းဆောင် များအား ရက်ပိုင်း၊ နာရီပိုင်းအတွင် ကုန်းတွင်တိုက်ခိုက်ခြင်းဖြင့် ရှင်းလင်းတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။

ထိုသတင်းများအား ဟုတ်မဟုတ် Miami Herald သတင်းဌာန က Air Force One လေယာဉ်ကြီးပေါ်တွင် ကမ္ဘာပတ်သွားလာနေသည့် ထရမ့်အား ဆက်သွယ်မေးမြန် ရာတွင်မူ မဟုတ်မှန်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

သို့သော် ထရမ့်သည့် ဇွန်လက အီရန် နျူကလီးယားဆိုက်များကို ပစ်ခတ်တိုက်ခိုက်တော့မည်ဟု သတင်းထွက်စဉ် မေးမြန်းစဉ်ကလည်း ထိုသို့ ငြင်းဆိုခဲ့ပြီး နာရီပိုင်းအကြာမှာပင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် ၎င်းငြင်းဆိုလျှင် ထိုသင်းမှာ အမှန်တကယ်သာ ဖြစ်မည်ဟု သုံးသပ်နေကြသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#ဗင်နီဇွဲလား
#မာဂျူရို
#မူးယစ်ဆေးဝါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now