နေ့စဥ်သတင်း

လက်နက်မှု၊ မူးယစ်မှု၊ လိုင်စင်မဲ့ကားစီးမှုများဖြင့် အမှုဖွင့်ခံရမည့် လားရှိုးယာဉ်ထိန်းရဲမှူး မျိုးထိုက်ကို ခရိုင်ရဲမှူး မြင့်အောင်က ကာကွယ်ပေးခဲ့

မဲခေါင် 2 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂ မူးယစ်ဆေးသုံးစွဲကာ လိုင်းခန်တွင် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့သည့် လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးမျိုးထိုက်ကို ဒုပြည်နယ်ရဲမှူး သန့်စင်က လက်နက်မှု၊ မူးယစ်မှု၊ လိုင်စင်မဲ့ကားစီးနင်းမှုများဖြင့် အမှုဖွင့်ရန် စီစဉ်ခဲ့သော်လည်း လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး မြင့်အောင်က တောင်းပန်ကာကွယ်ပေးသည့်အတွက် အမှုမဖွင့်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးသတင်းရင်းမြစ်ထံမှ သိရသည်။ လားရှိုးခရိုင်ရဲမှူး မြင့်အာင်မှာ မန္တလေးတွင် ယာဉ်ထိန်းရဲမှူးအဖြစ် တာဝန်ကျစဉ်က မျိုးထိုက်နှင့် ရင်းနှီးခဲ့သည့်အတွက် ယခုကဲ့သို့ ကာကွယ်ပေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။ “မျိုးထိုက် အချုပ်ထဲ ရောက်တဲ့ညက မျိုးထိုက်ကို လားရှိုးပြည်နယ်ရဲမှူး ဦးသန့်ဇင်က လက်နက်မှု၊ မှုးယစ်မှု၊ ကားဝစ်သောက်စီးမှုတွေနဲ့ အမှု့ဖွင့်ဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ လားရှိုးခရိုင်ရဲမှူး မြင့်အောင်က အမှု့မဖွင့်ဖို့ ကြားကနေ

မဲခေါင်၊ နိုဝင်ဘာ ၂

မူးယစ်ဆေးသုံးစွဲကာ လိုင်းခန်တွင် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့သည့် လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးမျိုးထိုက်ကို ဒုပြည်နယ်ရဲမှူး သန့်စင်က လက်နက်မှု၊ မူးယစ်မှု၊ လိုင်စင်မဲ့ကားစီးနင်းမှုများဖြင့် အမှုဖွင့်ရန် စီစဉ်ခဲ့သော်လည်း လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး မြင့်အောင်က တောင်းပန်ကာကွယ်ပေးသည့်အတွက် အမှုမဖွင့်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးသတင်းရင်းမြစ်ထံမှ သိရသည်။

လားရှိုးခရိုင်ရဲမှူး မြင့်အာင်မှာ မန္တလေးတွင် ယာဉ်ထိန်းရဲမှူးအဖြစ် တာဝန်ကျစဉ်က မျိုးထိုက်နှင့် ရင်းနှီးခဲ့သည့်အတွက် ယခုကဲ့သို့ ကာကွယ်ပေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။

“မျိုးထိုက် အချုပ်ထဲ ရောက်တဲ့ညက မျိုးထိုက်ကို လားရှိုးပြည်နယ်ရဲမှူး ဦးသန့်ဇင်က လက်နက်မှု၊ မှုးယစ်မှု၊ ကားဝစ်သောက်စီးမှုတွေနဲ့ အမှု့ဖွင့်ဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ လားရှိုးခရိုင်ရဲမှူး မြင့်အောင်က အမှု့မဖွင့်ဖို့ ကြားကနေ တောင်းပန်လို့ အမှု့မဖွင့်ဖြစ်တာ။ ဦးမြင့်အောင်က ခရိုင်ရဲမှူး မဖြစ်ခင်က မန္တလေးမှာ ယာဥ်ထိန်းရဲမှူး လုပ်ခဲ့တော့ မျိုးထိုက်နဲ့ အရင်ထဲက ရင်းနှီးတယ်” ဟု ၎င်းကပြောသည်။

လားရှိုးယာဉ်ထိန်းရဲမှူး မျိုးထိုက်မှာ လားရှိုးသို့ပြန်ရောက်ချိန်မှစပြီး ကုန်တင်ကားများထံမှ သိန်းထောင်နှင့်ချီကာ လာဘ်စားခဲ့ကြောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ကုန်ကားများအဖမ်းခံသည့်ကိစ္စနှင့် ဆက်စပ်ပြီး တာဝန်ရှိသူများပါ ဖမ်းဆီးခံရစဉ်က မျိုးထိုက် ကြောက်နေခဲ့ကြောင်း၊ မူဆယ်-လားရှိုး-မန္တလေးသွားနေသည့် ဂျူတီမဲ့ကားမှန်သမျှ ၎င်းနှင့်မကင်းကြောင်း သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က လားရှိုးရှိ Ktv တစ်ခု၌ k ခေါ် မူးယစ်ဆေးတစ်မျိုးသုံးပြီး အရက်သောက်ကာ လားရှိုးရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်း၌ တရားမဝင် ကိုင်ဆောင်နေသည့် ပစ္စတိုဖြင့် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့​ခြင်းဖြစ်သည်။

လိုင်စင်မဲ့ Without ကားများ ရောင်းဝယ်သည့် ကားပွဲစားတန်းဆီမှလည်း လစဥ်ကြေးကောက်ခံ နေသူဖြစ်ပြီး ထိုသို့လာဘ်ယူထားသည့် ​ငွေများဖြင့် ပြင်ဦးလွင်မြို့အထွက် ပြင်ဦးလွင်-မိုးကုတ် ကားလမ်း​ဘေး၌ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ခဲ့ပြီးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

၎င်းယာဉ်ထိန်းရဲမှူးသည် လားရှိုးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက လားရှိုးမြို့သို့ ရောက်လာသူဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့များ လားရှိုးမြို့ကို သိမ်းပိုက်ထားချိန်တွင် အခြားမြို့၌ သွားရောက်နေထိုင်ပြီး ယခု စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်သည့်အခါ ပြန်ရောက်လာခြင်း ဖြစ်သည်။

#MeKongNews
#လားရှိုး
#ယာဉ်ထိန်းရဲ
#မူးယစ်ရမ်းကား
#လာဘ်စား
#မျိုးထိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now