မဲခေါင်၊ နိုဝင်ဘာ ၁
အောက်တိုဘာ ၂၉ ရက်က ထိုင်းနိုင်ငံ ပတ္တရားမြို့ ဆွိုက်ကော့ဖိုင် (၂) ရှိ လမ်းမပေါ်တွင် ဘားဆိုင် ဧည့်ကြိုအမျိုးသားတစ်ဦးအပေါ် ချစ်ကြိုက်ရာမှ မနာလိုမှုကြောင့်စတင်သည့် ladyboys များ၏ လမ်းပေါ် ရန်ပွဲကြီး ဖြစ်ပွားခဲ့သည်။
ထိုင်းနိုင်ငံအခေါ်တွင် ladyboys မှာ အမျိုးသမီးအဖြစ် ခွဲစိတ်ပြောင်းလဲထားသော ပင်ကိုယ်အမျိုးသားများကို ခေါ်ဆိုခြင်းဖြစ်ကာ လမ်းမပေါ် ထိုသို့သော ladyboys များ အုပ်စုလိုက် တစ်ဖက်နှင့်တစ်ဖက် ဆံပင်ဆွဲ၊ ထိုးကြိတ်၊ ကန်ကြောက်နေသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် Bang Rachan Battle over a Bar Host အမည်နှင့် ပျံ့နှံ့လာခြင်းဖြစ်သည်။
ပတ္တရားတွင် ladyboys များသည် နိုင်ငံခြားသားခရီးသွားများဖြင့်လည်း မကြာခဏ ရန်ပွဲဖြစ်ပွားကာ လက်ရဲဇတ်ရဲများဖြစ်သလို ယခုလည်း လမ်းသွားလမ်းလာများ ထိတ်လန့်ရခြင်း၊ အနီးအနားရပ်ထာ သည့် ကားများ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ရခြင်း၊ ပြည်သူကိုအနှောင့်အယှက်ပေးခြင်းတို့ကြောင့် ပတ္တရားရဲတပ်ဖွဲ့မှ ရန်ဖြစ်သူများကို ရှာဖွေဖော်ထုတ်ပြီး အရေးယူပေးရန် ဒေသခံများ တိုက်တွန်းနေသည်ဟု ပတ္တရားသတင်းများတွင် လှုံ့ဆော်ဖော်ပြနေသည်။
ကိုကလင်း
Ref: aseannow
#ထိုင်းနိုင်ငံ
#ပတ္တရား
#ခရီးသွား
#လေဒီဘွိုင်း








