ကမ္ဘာ့သတင်း

ပထမကမ္ဘာစစ်အတွင်း စစ်သား ၂ ဦး မိသားစုထံရေးပြီး မျှောသည့် ပုလင်းစာ နှစ် ၁၀၀ ကျော်အကြာတွင် မိသားစုဆီရောက်

မဲခေါင် 1 Nov - 2025
မဲခေါင်၊ အောက်တိုဘာ ၃၁ ဩစတြေးလျနိုင်ငံ ဝှာတန်ကမ်းခြေတွင်လာသောင်တင်နေသည့် စာနှစ်စောင့်ထည့်ထားသော အလုံပိတ်ပုလင်းတစ်လုံးကို ဒီဘရာဘရောင်းနှင့်သမီးဖြစ်သူ ဖီလစ်စီတီတို့ တွေ့ရှိခဲ့ပြီး ဖွင့်ကြည့်ရာ လွန်ခဲ့သည့် ၁၀၉ နှစ်က ပထမကမ္ဘာစစ်အတွင်း တိုက်ပွဲထွက် စစ်သည် ၂ ဦး မိသားစုထံသို့ လိပ်မူ ရေးသားပြီး ရေမျောခဲ့သော စာ ၂စောင်ဖြစ်ကြောင်း အံ့အားသင့်ဖွယ်ရာ သိရှိခဲ့ရသည်။ စာ ၂စောင်မှာ ခြောက်သွေ့ပြီး စိုထိုင်းမှုမရှိဘဲ ယခုအထိ ဖတ်လို့ရဆဲဖြစ်နေကာ ၁၉၁၆ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က ဩစတြေးလျနိုင်ငံ အဒီလိုင်ဒီဆိပ်ကမ်းမှ ထွက်ခွာခဲ့သည့် HMAS Ballarat သင်္ဘောကြီး ပေါ်ရောက်ပြီး ၃ ရက်အကြာတွင် ခဲတံဖြင့်ရေးသားခဲ့သော စာဖြစ်သည်။ ပထမစာတွင်

မဲခေါင်၊ အောက်တိုဘာ ၃၁

ဩစတြေးလျနိုင်ငံ ဝှာတန်ကမ်းခြေတွင်လာသောင်တင်နေသည့် စာနှစ်စောင့်ထည့်ထားသော အလုံပိတ်ပုလင်းတစ်လုံးကို ဒီဘရာဘရောင်းနှင့်သမီးဖြစ်သူ ဖီလစ်စီတီတို့ တွေ့ရှိခဲ့ပြီး ဖွင့်ကြည့်ရာ လွန်ခဲ့သည့် ၁၀၉ နှစ်က ပထမကမ္ဘာစစ်အတွင်း တိုက်ပွဲထွက် စစ်သည် ၂ ဦး မိသားစုထံသို့ လိပ်မူ ရေးသားပြီး ရေမျောခဲ့သော စာ ၂စောင်ဖြစ်ကြောင်း အံ့အားသင့်ဖွယ်ရာ သိရှိခဲ့ရသည်။

စာ ၂စောင်မှာ ခြောက်သွေ့ပြီး စိုထိုင်းမှုမရှိဘဲ ယခုအထိ ဖတ်လို့ရဆဲဖြစ်နေကာ ၁၉၁၆ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က ဩစတြေးလျနိုင်ငံ အဒီလိုင်ဒီဆိပ်ကမ်းမှ ထွက်ခွာခဲ့သည့် HMAS Ballarat သင်္ဘောကြီး ပေါ်ရောက်ပြီး ၃ ရက်အကြာတွင် ခဲတံဖြင့်ရေးသားခဲ့သော စာဖြစ်သည်။

ပထမစာတွင် ရေးသားသူ သည် ဩစတြေးလျတောင်ပိုင်းသား စစ်သည် မယ်လ်ကွန်အလက်ဇန္ဒားနဗီးလ်ဖြစ်ပြီး မိခင်ထံသို့ သင်္ဘောပေါ်၌ နေထိုင်ရသည့်ဘ၀အကြောင်း လိပ်မူရေးသားထားခြင်းဖြစ်သည်။

ထိုစာထဲတွင် သင်္ဘော ပေါ်စားရသည့် ပင်လယ်စာများသည် အလွန်စားကောင်းသော်လည်း တစ်နပ်သာစားရကြောင်း၊ ပျော်ရွှင်ရပါသည် အမေ၊ ချစ်လှစွာသောသား မယ်လ်ကွန်၊ ပင်လယ်ရေပြင် တစ်နေရာမှ ဟု ရေးသား ထားသည်။

ဩစတြေးလျ စစ်ရေးမှတ်တမ်းများအရ မယ်လ်ကွန်သည် ၁၉၁၆ ခုနှစ်တွင် စတင်စစ်မှုထမ်းပြီး တစ်လအကြာမှာပင် အမြင်အာရုံအားနည်းသဖြင့် ပြန်ထွက်ခဲ့ရကြောင်း၊ သို့သော် တစ်ပတ်အကြာ မှာပင် စစ်မှုထမ်းဝန်ဆောင်မည်ဟု စိတ်ပိုင်းဖြတ်ကာ ပြန်လည် စစ်မှုထမ်းပြီးနောက် ထောက်ပို့ တပ်သို့ ဝင်ခဲ့ခြင်းဖြစ်ကာ တစ်နှစ်မပြည့်မီ ၁၉၁၇ ခုနှစ် ဧပြီလမှာပင် ပြင်သစ် စစ်မြေပြင်တစ်နေရာ၌ အသက် ၂၈ နှစ်သာရှိသေးချိန် ကျဆုံးခဲ့သည်ဟု သိရှိရသည်။

ပုလင်းရှာဖွေတွေ့ရှိသူ ဒီဘရာဘရောင်းက ယင်းစစ်သည် ၂ ဦးမိသားစုဝင်များကို ရှာဖွေရန် ကြိုးစားခဲ့ပြီး သူမတတ်နိုင်သည်မှာ ပထမကမ္ဘာစစ် စစ်သည်ဟောင်း နဗီးလ်နှင့်ဝီလ်ကာဝပ်ဆိုသည့် နာမည် ၂ လုံးကိုသာ ရိုက်တင်ခြင်းဖြင့် ရှာဖွေခြင်းဖြစ်ပြီး ဖေ့စ်ဘုတ်တွင် ဟာဘီနဗီးလ်အမည်ဖြင့် အကောင့်ဖွင့်ထားသူမှ ရက်အနည်းငယ်အကြာ၌ ဖုန်းဆက်သွယ်လာကြောင်း၊ ဟာဘီ၏ အဒေါ် ၁၀၁ နှစ်ရှိပြီဖြစ်သူက အမြဲ မိမိ၏ ဦးလေးတော်သူ မယ်လ်ကွန်နဗီးလ် စစ်ပွဲမှအိမ်ပြန်မလာနိုင်တော့သည့် အကြောင်း ပြောပြောနေသဖြင့် ယခုမှ ထိုစာကို မိသားစုက ရလိုက်ခြင်းမှာ အံ့ဩမကုန်ဖြစ်ရသည်ဟု မိသားစုဝင်များက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

နောက်ထပ် စာရေးသူ ဝီလျံကာ့ခ်ဟာလေ ဆိုသူမှာမူ စစ်အတွင်း အသက်ရှင်သန်နိုင်ခဲ့ကာ မိသားစု အိမ်သို့ပြန်နိုင်ခဲ့ပြီး ရင်သွေးများပင် ရရှိကာ မိသားစုဘ၀ကို အပြည့်အ၀ ခံစားသွားနိုင်သည်ဟု မြေးဖြစ်သူ အန်းတန်နာက ဖွင့်ဟသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ပထမကမ္ဘာစစ်
#ဩစတြေးလျ
#ပုလင်းစာ
#ပြင်သစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now