မဲခေါင်၊ အောက်တိုဘာ ၃၀
တရုတ်နိုင်ငံအတွင်း လူပေါင်း ၁၀၀ နီးပါးထံမှ ယွမ်းသန်း ၁၀၀ (ဒေါ်လာ ၁၄ သန်း) ကို ခရစ်ပတို ငွေကြေးလုပ်ငန်းပြ လိမ်လည်သွားခဲ့သည့် ဖမ်း၀ရမ်းထုတ်ထားသော ၀ရမ်းပြေးအား ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဇိမ်ခံ အိမ်တစ်လုံးတွင် တစ်ယောက်တည်း ငှားရမ်းနေထိုင်နေသည်ကို သိရှိရပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
လျန်အိုက်ဘင်းဆိုသော တရုတ်အစိုးရမှ အလိုရှိနေသူကို ထိုင်းနှင့်တရုတ်အာဏာပိုင်တို့ ပူးပေါင်းပြီးနောက် ၀ရမ်းထုတ်ကာ အောက်တိုဘာ ၂၉ ရက်၌ ဘန်ကောက်၊ ဝမ်သောင်လန်းခရိုင်ရှိ ၃ ထပ်တိုက်ကြီး အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လျန်အိုက်အင်းသည် ၂၀၂၄ ဒီဇင်ဘာလကတည်းက ယင်းတိုက်ကြီးအား တစ်လ ဘတ် ၁၅၀၀၀၀ (၄၆၄၅ ဒေါ်လာ) ပေးပြီး တစ်ကိုယ်တည်း ငှားရမ်းနေထိုင်နေသူ ဖြစ်ကြောင်းလည်း သိရှိရသည်။
တရုတ်အာဏာပိုင်များ၏ အဆိုအရ လျန်နှင့်အတူ အယ်လ်ကျင်းဟွာ၊ ဝူကျန်းယန်၊ တန်ဇန်းရှီ၊ ယောင် လိုက်ယန်တို့ ၄ ဦးပေါင်းပြီး FINTOCH ခေါ် ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှု ဟန်ပြကာ ၂၀၂၂ ဒီဇင်ဘာမှ ၂၀၂၃ မေလအတွင်း ယခုလို များပြားလှသည် ငွေများကို လိမ်လည်သွားခြင်ဖြစ်သည်ဟု သိရှိရသည်။
လျန်မတိုင်ခင် ၎င်းတို့ ၅ ဦးထဲမှ ယောင်လိုင်ယန်တစ်ဦးကိုသာ ဖမ်းမိထားပြီး အမှုစီရင်ရန် ကြားနာနေဆဲဖြစ်သည်။
လျန်အိုက်ဘင်းနေအိမ် ဝင်ရောက်စီးနင်းဖမ်းဆီးစဉ် လိုင်စင်မဲ့ Beretta ပစ္စတိုနှင့် ကျည်အတောင့် ၂၀ ပါမိသဖြင့် တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့်ပါ စွဲချက်ထပ်တင်ပြီး တရုတ်နှင့်ပူးပေါင်းကာ နိုင်ငံ ပြန်ပို့ စီရင်နိုင်ရေး စီစဉ်နေပြီဟု ဆိုသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#တရုတ်နိုင်ငံသား
#ကျားဖြန့်
#ဘန်ကောက်
#ခရစ္စပတိုငွေကြေး








