ကမ္ဘာ့သတင်း

ဆူဒန်၊ အယ်လ်ဖက်ရှာမြို့ RSF တပ်လက်ထဲကျရောက်ပြီး ၄၈ နာရီအတွင်း အရပ်သား ၂၀၀၀ ကျော်သေဆုံး

မဲခေါင် 29 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၉ ဆူဒန်နိုင်ငံ၊ ဒါဖာမြောက်ပိုင်းမြို့တော် အယ်လ်ဖက်ရှာကို တော်လှန်လက်နက်ကိုင်တပ် Rapid Support Forces (RSF) မှ ၁၈ လကြာ ထိုးစစ်ဆင်နေရာမှ ပြီးခဲ့သည့် ၂ ရက်အတွင်း မြို့သိမ်းပိုက်သွားနိုင်ကာ ထို ၂ ရက်အတွင်းမှာပင် ပြည်သူ ၂၀၀၀ ကျော်ကို လူမျိုးရေးမုန်းတီးမှုဖြင့် သတ်ဖြတ်ခဲ့သည်။ အောက်တိုဘာ ၂၆ နှင့် ၂၇ ရက် ၂ ရက်အတွင်းမှာပင် RSF တပ်များသည် အမျိုးသမီးနှင့်ကလေးများစွာကို တစ်အိမ်ထွက်တစ်အိမ်ဝင်၊ တံခါးပေါက်များလိုက်ခေါက်ကာ ရက်စက်စွာဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းဖြစ်ပြီး ဂြိုဟ်တုဓာတ်ပုံများမှာပင် အလောင်းများပျံ့ကျဲနေခြင်းနှင့် မြေပြင်များပေါ် သွေးကွက်များ နီရဲအရောင်ပြောင်းနေသည်ကို ထင်ရှားစွာ မြင်တွေ့နေရသည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများစွာက

မဲခေါင်၊ အောက်တိုဘာ ၂၉

ဆူဒန်နိုင်ငံ၊ ဒါဖာမြောက်ပိုင်းမြို့တော် အယ်လ်ဖက်ရှာကို တော်လှန်လက်နက်ကိုင်တပ် Rapid Support Forces (RSF) မှ ၁၈ လကြာ ထိုးစစ်ဆင်နေရာမှ ပြီးခဲ့သည့် ၂ ရက်အတွင်း မြို့သိမ်းပိုက်သွားနိုင်ကာ ထို ၂ ရက်အတွင်းမှာပင် ပြည်သူ ၂၀၀၀ ကျော်ကို လူမျိုးရေးမုန်းတီးမှုဖြင့် သတ်ဖြတ်ခဲ့သည်။

အောက်တိုဘာ ၂၆ နှင့် ၂၇ ရက် ၂ ရက်အတွင်းမှာပင် RSF တပ်များသည် အမျိုးသမီးနှင့်ကလေးများစွာကို တစ်အိမ်ထွက်တစ်အိမ်ဝင်၊ တံခါးပေါက်များလိုက်ခေါက်ကာ ရက်စက်စွာဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းဖြစ်ပြီး ဂြိုဟ်တုဓာတ်ပုံများမှာပင် အလောင်းများပျံ့ကျဲနေခြင်းနှင့် မြေပြင်များပေါ် သွေးကွက်များ နီရဲအရောင်ပြောင်းနေသည်ကို ထင်ရှားစွာ မြင်တွေ့နေရသည်။

လူ့အခွင့်အရေးအဖွဲ့အစည်းများစွာက RSF တပ်၏ လုပ်ရပ်မှာ လူမျိုးစု အစုလိုက်အပြုံလိုက်မျိုးတုံး သတ်ဖြတ်နေသည့် အနေအထားမျိုးဖြစ်ကာ အာရပ်လူမှုအသိုင်းအဝိုင်းမဟုတ်သည့် လက်နက်ကိုင် များနှင့် အာရပ်လက်နက်ကိုင် အစိုးရတပ်များအကြား ၂ နှစ်ကြဖြစ်ပွားသည့် ပြည်တွင်းစစ်အတွင်း အလွန်ဆိုးရွားသည့် သတ်ဖြတ်မှုဟု ဝေဖန်ရှုတ်ချနေကြသည်။

အယ်လ်ဖာရှာမြို့ကို RSF တပ်များ ပိတ်ဆို့ထားသည်မှာ ၁၈ လရှိပြီး ပြည်သူ ၂၆၀၀၀၀ ပိတ်မိနေရာတွင် တစ်ဝက်မှာ ကလေးများဖြစ်နေပြီး လက်ရှိ ဆူဒန်အစိုးရတပ်များ ဆုတ်ခွာသွားရချိန် ယခုလို သုတ်သင် သတ်ဖြတ်မှုများ ဖြစ်လာခြင်းဖြစ်ကာ ရက်ပိုင်းအတွင်း နောက်ထပ် လူပေါင်းများစွာ သတ်ဖြတ်ခံရနိုင် ကြောင်း သုံးသပ်နေကြသည်။

RSF တပ်သည် ၂၀၂၃ ခုနှစ်က အယ်လ်ဂီနိုင်နာမြို့ကို သိမ်းစဉ်ကလည်း အရပ်သား ၁၅၀၀၀ ကို သတ်ဖြတ်ခဲ့သေးသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ အကြီးအကဲ ဗိုလ်ကာတာ့ခ်က လူမျိုးကွဲပြားမှုကို အကြောင်းပြုပြီး သတ်ဖြတ်နေသည်က ဆူဒန်တွင် တစ်နေ့တခြားပိုဆိုးလာပြီး ပြည်တွင်းစစ်ပွဲကာလအတွင်း ပြည်သူ ၁၄ သန်းနေအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ လူပေါင်း ၁၅၀၀၀၀ သေဆုံးခဲ့ရခြင်းအား မတားဆီးနိုင်ခြင်းကြောင့် မိမိတို့ ကုလအနေဖြင့် ရှက်သလို ကျူးလွန်သူများအနေနှင့်လည်း ရှက်စရာကောင်းလွန်နေပြီဖြစ်သည် ဟု ပြောသွားခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းမှုမရှိခဲ့သော ဆူဒန်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဧပြီလမှ စတင်က ဗိုလ်ချုပ် အဘဒယ်ဖက်တက် အယ်လ်ဘာဟမ်ဦးဆောင်သော တပ်နှင့် ဗိုလ်ချုပ် မိုဟာမက်ဟမ်ဒန်ဒါဂါလိုတို့ ဦးဆောင်သော တပ် နှစ်ခြမ်းကွဲပြီး အလုံးစုံ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂက ဆူဒန်သည် ကမ္ဘာတွင် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးအကြီးမားဆုံးဆိုက်ကပ်ရောာ နိုင်ငံဖြစ် နေပြီဟုလည်း သတ်မှတ်ထုတ်ပြန်ထားသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဆူဒန်
#လူမျိုးတုံးသတ်ဖြတ်မှု
#ကုလသမဂ္ဂ
#ပြည်တွင်းစစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now