ကမ္ဘာ့သတင်း

ဘရာဇီးမြို့တော် ရာဇဝတ်ဂိုဏ်းရုံးချုပ်ကို တပ်ဖွဲ့ဝင် ၂၅၀၀ ဖြင့် စီးနင်းရာ အနည်းဆုံး ၆၄ ဦးသေဆုံး

မဲခေါင် 29 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၉ အောက်တိုဘာ ၂၈ ရက်က ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့သမိုင်းတွင် အကြီးမားဆုံး ဒုစရိုက်ဂိုဏ်း ဆန့်ကျင်နှိမ်နင်းရေး စစ်ဆင်ရေးကြီးကို ရဲနှင့် စစ်သား ၂၅၀၀ ဖြင့် နှိမ်နင်းရာ အနည်းဆုံး ၆၄ ယောက် သေဆုံးပြီး စစ်ပွဲတစ်ခုအလား ပစ်ခတ်၊ ပေါက်ကွဲလောင်ကျွမ်းမှုများ ရှိခဲ့သည်။ ရီယိုတွင် အလွန်ဩဇာကြီးမားသည့် Red Command တစ်နည်းအားဖြင့် Comando Vermelho ဂိုဏ်းတို့ အခြေစိုက်ရာ အလီမာအိုနှင့်ပန်ဟာ တိုက်တာအဆောက်အအုံများသို့ ဝင်ရောက်စီးနင်း ခြေမှုန်းခဲ့ခြင်းဖြစ်ရာ အလောင်းများပင် လမ်းပေါ် ပုံနေခဲ့သည်ဟု ယင်းဒေသခံ ခေါင်းဆောင်တစ်ဦးက ဘရာဇီး အိုဂလိုဘို မီဒီယာသို့ ပြောကြားခဲ့သည်။ မြို့တော်ဝန် ကလော်ဒီယိုကက်စထရိုက ရီယိုမြို့သမိုင်း၌

မဲခေါင်၊ အောက်တိုဘာ ၂၉

အောက်တိုဘာ ၂၈ ရက်က ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့သမိုင်းတွင် အကြီးမားဆုံး ဒုစရိုက်ဂိုဏ်း ဆန့်ကျင်နှိမ်နင်းရေး စစ်ဆင်ရေးကြီးကို ရဲနှင့် စစ်သား ၂၅၀၀ ဖြင့် နှိမ်နင်းရာ အနည်းဆုံး ၆၄ ယောက် သေဆုံးပြီး စစ်ပွဲတစ်ခုအလား ပစ်ခတ်၊ ပေါက်ကွဲလောင်ကျွမ်းမှုများ ရှိခဲ့သည်။

ရီယိုတွင် အလွန်ဩဇာကြီးမားသည့် Red Command တစ်နည်းအားဖြင့် Comando Vermelho ဂိုဏ်းတို့ အခြေစိုက်ရာ အလီမာအိုနှင့်ပန်ဟာ တိုက်တာအဆောက်အအုံများသို့ ဝင်ရောက်စီးနင်း ခြေမှုန်းခဲ့ခြင်းဖြစ်ရာ အလောင်းများပင် လမ်းပေါ် ပုံနေခဲ့သည်ဟု ယင်းဒေသခံ ခေါင်းဆောင်တစ်ဦးက ဘရာဇီး အိုဂလိုဘို မီဒီယာသို့ ပြောကြားခဲ့သည်။

မြို့တော်ဝန် ကလော်ဒီယိုကက်စထရိုက ရီယိုမြို့သမိုင်း၌ အကြီးမားဆုံး ရာဇဝတ်ဂိုဏ်းနှိမ်နင်းမှု စစ်ဆင်ရေးဖြစ်ကြောင်းနှင့် မြို့တွင်း စစ်ပွဲတစ်ခုအလား ပြင်းထန်ခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

သေဆုံးသူ ၆၄ ဦးထဲတွင် ရဲအရာရှိ ၄ ဦးလည်း ပါဝင်ခဲ့သည်။

သံသယတရားခံ အနည်းဆုံး ၈၁ ယောက်ကိုလည်း ဘရာဇီးရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး မြို့တော်ဝန် ကက်စထရိုက မိမိမြို့အတွင်း သမားရိုးကျဖြစ်ပျက်နေသည့် ရာဇဝတ်မှုများ ကြာရှည်စွာ ဆက်ရှိနေတော့မည်မဟုတ်ဘဲ မူးယစ်အကြမ်းဖက်ဂိုဏ်းများကို နှိမ်နင်းရာတွင် ဒါဇင်နှင့်ချီသော ရိုင်ဖယ်သေနတ်များ၊ ဒရုန်းများနှင့် များပြားလှသည့် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆက်လက်ရှင်းလင်းပြောဆိုသည်။

Red Command ဒုစရိုက်ဂိုဏ်းသည် ဘရာဇီးနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဂိုဏ်းကြီးဖြစ်ကာ ထပ်မံ နယ်မြေချဲ့တွင်မှုများလုပ်ဆောင်နေသဖြင့် ယခု စစ်ဆင်ရေးအား အောင်မြင်စွာဖော်ဆောင်နိုင်ရေး ၁ နှစ် အချိန်ယူပြင်ဆင်ခဲ့ရသည်ဟုလည်း သိရသည်။

ယင်းဂိုဏ်းသည် စစ်အာဏာရှင်ခေတ်က ထောင် သားများက စတင်ထူထောင်ခဲ့သော ဂိုဏ်းဖြစ်ကာ နောက်ပိုင်း တောင်အမေရိကတစ်လွှား မူးယစ်ရာဇဝတ်မှုများစွာကို အဓိက မှောင်ခိုကူးနေခဲ့သော ဂိုဏ်းဖြစ်သည်။

ဒေသခံမီဒီယာများက ဒုစရိုက်ဂိုဏ်းများဘက်မှ ဒရုန်းသုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုလည်း ဖော်ပြနေကြသည်။

လက်ရှိမှာပင် ရီယိုမြို့ရှိ စာသင်ကျောင်းပေါင်း ၅၀ ကို ပိတ်ထားခိုင်းကာ မလိုအပ်ဘဲ အိမ်ပြင်မထွက် ကြရန် ဘရာဇီးအစိုးရ တာဝန်ရှိသူများက သတိပေးထုတ်ပြန်ထားသည်။

ကိုကလင်း
Ref:Thesun
Photo Credit – AFP, Getty Image
#MeKongNews
#ဘရာဇီး
#ရီယိုဒီဂျနေးရိုး
#ရာဇဝတ်ဂိုဏ်း
#စစ်ဆင်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now