မဲခေါင်၊ အောက်တိုဘာ ၂၉
ဒေါ်နယ်ထရမ့်ကြားဝင်ကာ ငြိမ်းချမ်းရေးပွဲစားလုပ်ခဲ့သဖြင့် အစ္စရေးနှင့်ဟားမက်စ်တို့ အပစ်အခတ် ရပ်စဲခဲ့သော်လည်း နောက်ဆုံးအခေါက် ဟားမက်စ်ဘက်မှ ဖမ်းဆီးထားရာမှ သေဆုံးခဲ့ပြီးဖြစ်သည့် ဓားစာခံတစ်ဦးကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့မှတစ်ဆင့် အစ္စရေးထံ ပြန်အပ်ခဲ့ရာ စစ်မှန်သည့်အလောင်း မဟုတ်သောကြောင့် အောက်တိုဘာ ၂၈ ရက်ညနှောင်းပိုင်းမှ စတင်ပြီး အစ္စရေးတပ်များ ဂါဇာရှိ ခွန်းယူနွတ်မြို့သို့ ဗုံးကြဲ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အနည်းဆုံး ၃၁ ယောက် သေဆုံးခဲ့သည်။
အစ္စရေးဘက်က ငြိမ်းချမ်းရေးသဘောတူချက်တွင် ဟားမက်စ်တို့ဘက်မှ သေဆုံးခဲ့ပြီးဖြစ်သော အစ္စရေးဓားစာခံအလောင်းအားလုံး ပြန်ပို့ပေးရမည်ဟု ပါရှိသော်လည်း ယခုအထိ အလောင်း ၁၃ လောင်းပြန်ပို့ရန် ကျန်ရှိနေသေးပြီး နောက်ဆုံးပို့လိုက်သည့် အလောင်းသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမက်စ်တို့ အစ္စရေးဘက်သို့ ကျူးကျော်ကာ လူ ၁၀၀၀ ကျော်သတ်ဖြတ်ခဲ့စဉ်က ခေါ်သွား သည့် အိုဖီယာတီဇာဖာတီဆိုသူ အလောင်းဟု ဆိုခဲ့သည်။
သို့သော် အစ္စရေးဘက်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက တီဇာဖာတီအလောင်းကို ရှာတွေ့ခဲ့ပြီး မိသားစုမှ မြှုပ်နှံခဲ့ပြီးဖြစ်ကာ ၂၀၂၄ မတ်လတွင် အလောင်းအပိုင်းအစများ ထပ်မံရရှိခဲ့သေးသဖြင့် မိသားစုသည် အုတ်ဂူကို ၂ ခါဖွင့်ခဲ့ရပြီးဖြစ်ကြောင်း၊ ယခု ၃ ကြိမ်မြောက် ထပ်ဖွင့်ရမည့်အနေအထား ဖြစ်ကာ စစ်မှန်သည့်အလောင်းမဟုတ်သဖြင့် သစ္စာဖောက်ခြင်း၊ လှည့်ဖြားခြင်းကြောင့် သဘောတူညီ ချက်ကို ချိုးဖောက်သဖြင့် ကြီးမားသည့် လက်စားချေမှု ခံရမည်ဟု အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟု က ဆိုကာ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးသဘောတူညီချက်အရ အဝါရောင်စည်းသို့ အစ္စရေးတပ်များ ဆုတ်ခွာပေးထားသော် လည်း ယခုလို မလိမ့်တပတ်ဖြင့် သစ္စာပျက်ယွင်းသဖြင့် ပြန်လည် ရှေ့တိုးပြီး ထိုးစစ်ထပ်ဆင်ရန်လည်း ရှိသည်ဟု နက်တန်ယာဟုက ထုတ်ပြန်ပြောဆိုခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အစ္စရေး
#ဂါဇာ
#ဟားမက်စ်
#ဓားစာခံ








