ကမ္ဘာ့သတင်း

ဒေါ်နယ်ထရမ့်နှင့် MOU စာချုပ်တွင် အိမ်နီးချင်းများထက် ထိုင်းက ပေးဆပ်မှု အလွန်များနေသည်ဟု ဝေဖန်

မဲခေါင် 29 Oct - 2025
မဲခေါင်၊​ အောက်တိုဘာ ၂၉ အောက်တိုဘာ ၂၆ ရက်က ဒေါ်နယ်ထရမ့် ကွာလာလမ်ပူတွင်ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာစဉ် ကမ္ဘောဒီးယားနှင့် ထိုင်းတို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုစေရန် ကမကထ ပြုပေးခဲ့ သော်လည်း အာဆီယံနိုင်ငံများနှင့် အမေရိကန်၏ ကုန်သွယ်မှု သဘောတူ MOU စာချုပ်များ ချုပ်ဆိုခဲ့မှု ၌ ထိုင်းသည် အကျိုးထက် ပေးဆပ်ရမှုအများဆုံးဖြစ်နေသဖြင့် ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ ဒုခေါင်းဆောင် ဝီရာဝပ်က မေးခွန်းထုတ်ကာ ပြန်လည်ပြင်ဆင်နိုင်စေရေး တိုက်တွန်းသွားခဲ့သည်။ ဒေါ်နယ်ထရမ့်သည် သွင်းကုန်အခွန်နှုန်းများ လျှော့ချပေးမှုအတွက် တန်ပြန်ချည်နှောင်မှုတွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှ မြေရှားသတ္တုများကို တူးဖော်ထုတ်လုပ်နိုင်မည့် MOU သဘောတူစာချုပ် ချုပ်ဆိုသွားရုံသာမက မတူညီသော အပြန်အလှန်ကုန်သွယ်မှု

မဲခေါင်၊​ အောက်တိုဘာ ၂၉

အောက်တိုဘာ ၂၆ ရက်က ဒေါ်နယ်ထရမ့် ကွာလာလမ်ပူတွင်ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာစဉ် ကမ္ဘောဒီးယားနှင့် ထိုင်းတို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုစေရန် ကမကထ ပြုပေးခဲ့ သော်လည်း အာဆီယံနိုင်ငံများနှင့် အမေရိကန်၏ ကုန်သွယ်မှု သဘောတူ MOU စာချုပ်များ ချုပ်ဆိုခဲ့မှု ၌ ထိုင်းသည် အကျိုးထက် ပေးဆပ်ရမှုအများဆုံးဖြစ်နေသဖြင့် ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ ဒုခေါင်းဆောင် ဝီရာဝပ်က မေးခွန်းထုတ်ကာ ပြန်လည်ပြင်ဆင်နိုင်စေရေး တိုက်တွန်းသွားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် သွင်းကုန်အခွန်နှုန်းများ လျှော့ချပေးမှုအတွက် တန်ပြန်ချည်နှောင်မှုတွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှ မြေရှားသတ္တုများကို တူးဖော်ထုတ်လုပ်နိုင်မည့် MOU သဘောတူစာချုပ် ချုပ်ဆိုသွားရုံသာမက မတူညီသော အပြန်အလှန်ကုန်သွယ်မှု အကျိုးအမြတ်များစွာ ရှိသည့် သဘောတူညီချက်များကို ရယူသွားသည်ဟု ဝီရာဝပ်က ဆိုသည်။

ပထမဆုံးထောက်ပြသည့်အချက်မှာ အမေရိကန်ထံမှ ထိုင်းသည် ဒေါ်လာ ၁၈ ဒသမ ၈ ဘီလီယံ (ထိုင်းဘတ်ငွေအားဖြင့် ၆၀၀ ဘီလီယံ) တန်ကြေးရှိသည့် လေယာဉ် အစီး ၈၀ ဝယ်ယူပေးရမည် ဖြစ်ကာ ဗီယက်နမ်ကမူ ဒေါ်လာ ၈ ဘီလီယံတန်ကြေးသာကုန်ကျမည့် လေယာဉ် အစီး ၅၀ ဝယ်ရန်၊ မလေးရှားက လေယာဉ် အစီး ၃၀ သာ ဝယ်ရန် သဘောတူညီနိုင်ခဲ့သည့်အတွက် လက်ရှိ ထိုင်းအစိုးရ သည် အိမ်နီးချင်းနိုင်ငံများထက် များစွာပိုပေးဆပ်ရသည့် သဘောတူညီချက် MOU လက်မှတ်ကို ထိုး ပေးခဲ့ရခြင်းဖြစ်သည်ဟု ထောက်ပြဝေဖန်ခဲ့သည်။

သို့သော် စုစုပေါင်း အမေရိကန်ထံမှ ပြန်လည်ဝယ်ယူရမည့် ကုန်သွယ်မှုများတွင် မလေးရှားသည် တန်ကြေး အများဆုံးအဖြစ် ပေးရမည်ဖြစ်ကာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ လေယာဉ်ပျံများ၊ အချက် အလက်စင်တာ အသုံးအဆောင်များအပါ ဒေါ်လာ ၁၅၀ ဘီလီယံဖိုးအထိ ဝယ်ယူရမည်ဖြစ်သည်။

သို့သော် မလေးရှားသည် အရှေ့တိုင်း၏ ဆီလီကွန်ဗယ်လီခေါ် နည်းပညာအထွန်းကားဆုံး ရပ်ဝန်းရှိနေ ခြင်းကြောင့် နည်းပညာပစ္စည်းများကိုသာ အကျိုးရှိစွာဖြင့် အမေရိကန်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထိုင်းသည် အမေရိကန်ထံမှ လေယာဉ်များဝယ်ယူခြင်းဖြင့် အမေရိကန်ဘက်မှ ပြန်လည်ဝယ်ယူမည့် ကုန်ပစ္စည်းများတွင် စွမ်းအင်ဝယ်ယူမှုအတွက် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ တိရစ္ဆာန်အစားအစာနှင့် ပဲအတွက် တစ်နှစ်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံဖိုးသာ တင်သွင်းခွင့်ရသည်။

ဗီယက်နမ်ကမူ လေယာဉ်များ ဝယ်ယူမှုအတွက် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံဖိုးသာ ကုန်ကျမည်ဖြစ်ကာ အခြားသော အမေရိကန်၏ ထိန်းချုပ်ချည်နှောင်မှုများမရှိဘဲ ဗီယက်နမ် စိုက်ပျိုးရေးထွက်ကုန်များကို ပြန်လည်ဝယ်ယူမည်ဟု ကတိပြုခဲ့မှုဖြင့် ထိုင်းထက် များစွာ အကျိုးကျေးဇူးရရှိခဲ့စားရမည်ဖြစ်သည်။

ထို့အပြင် ဗီယက်နမ်နှင့် မလေးရှားတို့သည် အကောက်ခွန်ကုန်သွယ်မှုစနစ်၌မည်သည့် ဒစ်ဂျစ်တယ်အချက်အလက်များကို အမေရိကန်အား ပေးရန် မည်သည့်သဘောတူညီချက်မှ မယူခဲ့ချိန် ထိုင်းက အကျင့်ပျက်လာဘ်စားမှု များဖြင့်ပြည့်နှက်နေသည့် အကောက်ခွန်စနစ်မှ ဒစ်ဂျစ်တယ်အချက်အလက်အားလုံးကို အမေရိကန်ထံ ပေးသွားရမည်ဟု သဘောတူခဲ့သဖြင့် ဝန်ကြီးချုပ် အနုတင်ဦးဆောင်သော လက်ရှိ ထိုင်းအစိုးရ၏ အမေရိကန်နှင့် စာချုပ်များသည် အကျိုးမရှိဆုံး စာချုပ်ဖြစ်ကာ ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရေး ကြိုးစားသင့်ကြောင်းဝီရာဝပ်က တောင်းဆိုထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#အမေရိကန်
#ထိုင်းနိုင်ငံ
#အာဆီယံ
#ကုန်သွယ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now