မဲခေါင်၊ အောက်တိုဘာ ၂၅
၂၀၂၄ ခုနှစ်မတ်လက ထိုင်းနိုင်ငံ နာမည်ကြီးရှေ့နေ ဆစ်ထရာဘီယာဘန်ကာ့ခ် ဦးဆောင်တိုင်ကြားသည့် အမှုအခင်းဖြစ်သော ထိုင်းရဲချုပ် တော်ဆက်ခ် ဆက်ခ်ဗီမိုနှင့် ရဲအရာရှိ ၂၀၀တရားမဝင်အွန်လိုင်း လောင်းကစားဂိုဏ်းများနှင့် ပူးပေါင်းလာဘ်စားသည်ဆိုသော စွဲချက်ကို တော်ဝင်ထိုင်းရဲတပ်ဖွဲ့ တိုင်ကြားချက် ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့မှ ၇ လကြာ စုံစမ်းစစ်ဆေးပြီးနောက် အောက်တိုဘာ ၂၄ ရက်၌ ထုတ်ပြန်ရာ အရေးယူရနိုင်သည့် အထောက်အထားများ ခိုင်မာစွာရှိသည်ဟု ထုတ်ပြန်သွားခဲ့သည်။
ယင်းစုံစမ်းစစ်ဆေးမှုကို အောက်တိုဘာ ၂၂ ရက်တွင် အဆုံးသတ်လိုက်ရာတွင် ရဲချုပ်နှင့် ရဲအရာရှိ ၂၀၀ သည် နှစ်ပေါင်းများစွာ နိုင်ငံအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားလုပ်သူများနှင့် ပူးပေါင်း ပတ်သက်နေသည့် အထောက်အထားများကို အခိုင်အမာတွေ့ရှိရကြောင်း၊ သို့သော် အရေးယူမှုကိုမူ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှသာ ဆက်လက်ကိုင်တွယ်သွားရမည်ဟု ကြေညာခဲ့သည်။
ဆက်ခ်ဝီမိုသည် တော်ဝင်ရဲတပ်ဖွဲ့ ရဲမင်းကြီးအဖြစ်လည်း တာဝန်ယူခဲ့ဖူးရာ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က သက်သေအသစ်များ ထပ်မရဘဲ နောက်ထပ် စုံစမ်းစစ်ဆေးမှု အသစ်များပြုလုပ်ဖွယ်မရှိကြောင်းနှင့် အရေးယူမည်မယူမည်ကို သေချာပေါက် မသိနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းရဲတပ်ဖွဲ့
#အွန်လိုင်းလောင်းကစား
#လာဘ်စား
#ရဲချုပ်








