နေ့စဥ်သတင်း

ကျားဖြန့် Prince Holding Group နှင့်ပတ်သက်သည့် Sino-Thai Tower ကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်း

မဲခေါင် 24 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၄ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆက်ဟမ်ဗစ် ၂၁ လမ်းပေါ်မှ Sino-Thai Tower အဆောက်အအုံကို အောက်တိုဘာ ၂၄ ရက်တွင် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းကာ ထိုအဆောက်အအုံရှိ Prince International Co., Ltd ရုံးခန်းသည် Prince Holding Group ပတ်သက်ကာ ရှယ်ယာပိုင်ဆိုင်ထားသည့် ထိုင်းနိုင်ငံသားများအကြောင်း ရှာဖွေစိစစ်ရန် စာရွက်စာတမ်းများ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဒုတိယရဲမှူးကြီး ဝစ်ဆနူ၊ တရားရေးဆိုင်ရာ ဗူရို၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အန်ဆူကိတ်တို့ ဦးဆောင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) အရာရှိ များ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ Sino-Thai Tower ကို

မဲခေါင်၊ အောက်တိုဘာ ၂၄

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆက်ဟမ်ဗစ် ၂၁ လမ်းပေါ်မှ Sino-Thai Tower အဆောက်အအုံကို အောက်တိုဘာ ၂၄ ရက်တွင် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းကာ ထိုအဆောက်အအုံရှိ Prince International Co., Ltd ရုံးခန်းသည် Prince Holding Group ပတ်သက်ကာ ရှယ်ယာပိုင်ဆိုင်ထားသည့် ထိုင်းနိုင်ငံသားများအကြောင်း ရှာဖွေစိစစ်ရန် စာရွက်စာတမ်းများ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဒုတိယရဲမှူးကြီး ဝစ်ဆနူ၊ တရားရေးဆိုင်ရာ ဗူရို၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အန်ဆူကိတ်တို့ ဦးဆောင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) အရာရှိ များ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

Sino-Thai Tower ကို Sino-Thai Engineering and Construction Public Company Limited (STECON) မှ ပိုင်ဆိုင်ထားကာ ထိုကုမ္ပဏီကြီးတွင် ယခင်က လက်ရှိ ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီယာကူရ် က အမှုဆောင်လည်းဖြစ် အဓိက ရှယ်ယာပိုင်ရှင်အဖြစ် ပတ်သက်ခဲ့သည်။

သို့သော် အနုတင်သည် ၎င်း၏ရှယ်ယာများကို ၂၀၁၉ ခုနှစ်ကတည်းက ၎င်း၏ မိသားစုပိုင်အဖြစ် ချန်ဗီယာကူရ်မိသားစုသို့ အားလုံး ရောင်းချခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုပြဿနာသည် ၃၇ နှစ်အရွယ် ကမ္ဘောဒီးယားနွယ်ဖွား ဗြိတိန်သား ချန်ဇီ (ဗင်းဆင့်) ပိုင်ဆိုင်သည့် ကမ္ဘောဒီးယားအခြေစိုက် ကျားဖြန့် ငွေကြေးခဝါချမှု အဓိကလုပ်ဆောင်ပေးနေသော Prince Holding Group ကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့အပြီးတွင် Prince International သည်လည်း Prince Holding နှင့်ကျားဖြန့်ငွေကြေးခဝါချမှု၌ ဆက်နွယ်နေနိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သလို ထိုင်းနိုင်ငံအကြီးအကဲ ၇ ဦးလည်း ကျားဖြန့်လုပ်ငန်းများတွင် ဦးဆောင်ပါဝင်နေသည် ဟု စွပ်စွဲချက်များ ထွက်လာခြင်းကြောင်း ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။

ကိုကလင်း
Ref: KhaosodEnglish
#MeKongNews
#ထိုင်းနိုင်ငံ
#ကျားဖြန့်
#ကမ္ဘောဒီးယား
#ထိုင်းရဲတပ်ဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now