ကမ္ဘာ့သတင်း

စွန့်ပစ်ကုန်ကားနောက်တွဲနှင့် ဂျက်လေယာဉ်ပျက်အစိတ်အပိုင်းများမှ တည်ဆောက်ထားသည့် ဗြိတိန်၏ Raven လေကြောင်းရန်ကာကွယ်ရေးစနစ်က ရုရှား ဒုံးကျည်နှင့်ဒရုန်း ရာနှင့်ချီကို ဖျက်ချနိုင်ခဲ့

မဲခေါင် 21 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၁ ရုရှားကို တွန်းလှန်တိုက်ိခုက်နေသည့် ယူကရိန်းအတွက် ရည်ရွယ်ကာ ဒီဇိုင်းထုတ်လုပ်တီထွင်ပေးအပ် ခဲ့သော ဗြိတိန်၏ Raven လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ကုန်ကားနောက်တွဲ၊ ဂျက်လေယာဉ် ပျက်များမှ ယူကာ တည်ဆောက်တီထွင်ခဲ့သော်လည်း တိကျမှုနှုန်း ၉၀ ရာခိုင်နှုန်းရှိကာ ရုရှား ဒုံးကျည်နှင့် ဒရုန်းရာချီကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။ ၆ ဘီး Supacat trucks ကားပေါ်တင်ဆောင်ကာ ရွှေ့လျားနိုင်ပြီး ယူကရိန်းရှေ့တန်းစစ်မျက်မှာပြင်တွင် ယင်း Raven ဒုံးခွင်းစနစ်အား အသုံးပြုနေသော စစ်သည်များထံမှ ရရှိသည့် သတင်းအချက်အလက် အရ အပူအာရုံခံစနစ်သုံး ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သည့် Raven လေကြောင်းရန်ကာကွယ်ရေးစနစ်မှ ဒုံးကျည် ASRAAM များသည် တိကျမှုနှုန်း

မဲခေါင်၊ အောက်တိုဘာ ၂၁

ရုရှားကို တွန်းလှန်တိုက်ိခုက်နေသည့် ယူကရိန်းအတွက် ရည်ရွယ်ကာ ဒီဇိုင်းထုတ်လုပ်တီထွင်ပေးအပ် ခဲ့သော ဗြိတိန်၏ Raven လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ကုန်ကားနောက်တွဲ၊ ဂျက်လေယာဉ် ပျက်များမှ ယူကာ တည်ဆောက်တီထွင်ခဲ့သော်လည်း တိကျမှုနှုန်း ၉၀ ရာခိုင်နှုန်းရှိကာ ရုရှား ဒုံးကျည်နှင့် ဒရုန်းရာချီကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

၆ ဘီး Supacat trucks ကားပေါ်တင်ဆောင်ကာ ရွှေ့လျားနိုင်ပြီး ယူကရိန်းရှေ့တန်းစစ်မျက်မှာပြင်တွင် ယင်း Raven ဒုံးခွင်းစနစ်အား အသုံးပြုနေသော စစ်သည်များထံမှ ရရှိသည့် သတင်းအချက်အလက် အရ အပူအာရုံခံစနစ်သုံး ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သည့် Raven လေကြောင်းရန်ကာကွယ်ရေးစနစ်မှ ဒုံးကျည် ASRAAM များသည် တိကျမှုနှုန်း မြင့်မားသလို ထိုဒုံးကျည်များ ထုတ်လုပ်မှုကုန်ကျစားရိတ် တစ်ဝက်ကျော်သည်လည်း ရုရှားပိုင်ဆိုင်မှုများအား သိမ်းပိုက်ထားသည့်အထဲမှ ထုတ်ယူသုံးစွဲသဖြင့် ရုရှားအတွက် ၂ ခါနာစေရသည်ဟု The Sun က ဖော်ပြသွား ခဲ့သည်။

ဗြိတိန်သည် တစ်လုံး ပေါင် ၂ သိန်းတန်သည့် လောင်ချာ ၁၃ လုံးနှင့် ဒုံး ၇၅၀ အား ယူကရိန်းတပ်များသို့ ပေးလှူထားခဲ့ရာ ယင်း Raven အသုံးပြု ရှေ့တန်းယူကရိန်းတပ် တပ်မှူး နစ်ခ် (၂၄ နှစ်) က ဇူလိုင်လ နောက်ပိုင်း ရုရှား၏ အရှိန်မြှင့်တင်တိုက်ခိုက်လာမှုနောက်ပိုင်း Shahed ဒရုန်း ၄၁ လုံး၊ Orlan ဒရုန်းလေယာဉ် ၇၄ စီးကို ပစ်ချနိုင်ခဲ့သည်ဟု အတည်ပြုခဲ့သည်။

၂၀၂၃ ခုနှစ်က ယူကရိန်း တပ်လက်ထဲသို့ Raven လေကြောင်းရန်ကာကွယ်ရေးစနစ်ရောက်ရှိပြီးနောက် ဝေဟင်ပစ်မှတ် ၄၀၀ ကျော်ကိုလည်း ဒုံးကျည်များဖြင့်ပစ်ချနိုင်ခဲ့ပြီးဖြစ်ကာ ယင်းဒုံးများသည် အသံထက် ၃ ဆပိုမြန်သလို ၁၆ မိုင်အကွာမှ ပစ်မှတ်အား Lock ချ ပစ်ခတ်နိုင်စွမ်းရှိသည်ဟု သိရသည်။

ထုတ်လုပ်စားရိတ်ပေါင် ၂၀၀၀၀၀ ကုန်ကျခဲ့မှုသည် Shaheds ဒရုန်းတစ်ခုတန်ကြေးထက် ၁၀ ဆကျော်ပိုများသော်လည်း အဆောက်အအုံများကို ပြိုကျကာ လူများစွာသေစေနိုင်သော ဒရုန်းများအား ဖျက်ချနိုင်ခြင်းက ထိုက် တန်သည့် ကုန်ကျမှုဟု သတ်မှတ်ရမည်ဖြစ်ကြောင်းလည်း နစ်ခ်က ပြောသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဗြိတိန်
#လေကြောင်းရန်ကာကွယ်ရေးစနစ်
#ယူကရိန်း
#ရုရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now