ကမ္ဘာ့သတင်း

လုဗ်ရ်ပြတိုက် ဖောက်ထွင်းခံရပြီး ၇ မိနစ်အတွင်း နပိုလီယံ၏ စိန်နှင့်မြလည်ဆွဲအပါ ရတနာ ၈ မျိုး ခိုးယူခံလိုက်ရ

မဲခေါင် 20 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၀ မိုနာလီဆာ မူရင်းပန်းချီကားထားရှိရာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကျော်ကြားလှသော သမိုင်းဝင် လုဗ်ရ် (Louvre) ပြတိုက်ကြီးမှ နပိုလီယံ၏ စိန်နှင့်မြလည်ဆွဲအပါ အဖိုးမဖြတ်နိုင်သော ရတနာ ၈ သွယ်ကို အောက်တိုဘာ ၁၉ ရက်က နေ့ခင်းကြောင်တောင် ၇ မိနစ်အတွင်း ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြတိုက်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ရာ ၉ နာရီ ၃၀ မိနစ်မှ ၉ နာရီ မိနစ် ၄၀ အကြား သူခိုးများရောက်ရှိလာပြီး အဆိုပါ ရတနာ ၈ သွယ်ကို ခိုးယူကာ စကူဒါများစီးနင်း ထွက်ပြေး သွားခဲ့ကြခြင်းဖြစ်သည်ဟု

မဲခေါင်၊ အောက်တိုဘာ ၂၀

မိုနာလီဆာ မူရင်းပန်းချီကားထားရှိရာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကျော်ကြားလှသော သမိုင်းဝင် လုဗ်ရ် (Louvre) ပြတိုက်ကြီးမှ နပိုလီယံ၏ စိန်နှင့်မြလည်ဆွဲအပါ အဖိုးမဖြတ်နိုင်သော ရတနာ ၈ သွယ်ကို အောက်တိုဘာ ၁၉ ရက်က နေ့ခင်းကြောင်တောင် ၇ မိနစ်အတွင်း ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြတိုက်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ရာ ၉ နာရီ ၃၀ မိနစ်မှ ၉ နာရီ မိနစ် ၄၀ အကြား သူခိုးများရောက်ရှိလာပြီး အဆိုပါ ရတနာ ၈ သွယ်ကို ခိုးယူကာ စကူဒါများစီးနင်း ထွက်ပြေး သွားခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

မျက်မြင်သက်သေနှင့် ရဲတပ်ဖွဲ့ရင်းမြစ်မှ ပြောဆိုမှုအရ အမျိုးသား ၂ ဦးသည် စကူဒါဆိုင်ကယ်ပေါ်တွင် ဖောက်ထွင်းပစ္စည်းများကိုင်ဆောင်လာကာ မှန်များကို ပရိဘောဂ များဖြင့် စက္ကန့်ပိုင်းအတွင်း ရိုက်ခွဲပြီး ရတနာပစ္စည်းများ ယူဆောင်သွားခြင်းဖြစ်ကာ ပဲရစ်ရဲဌာနချုပ်နှင့် မိုင်ဝက်သာဝေးသည့်နေရာမှ ပြတိုက်အား ရုပ်ရှင်ဆန်ဆန် ဖောက်ထွင်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

သူခိုးများသည် Apollo Gallery ပြခန်းမှ ပြင်သစ်သရဖူနှင့်ကျောက်မျက်ရတနာများအပါ ၈ မျိုး ခိုးယူ သွားခဲ့သည်ဟု ပြင်သစ်ယာဉ်ကျေးမှုဝန်ကြီးက ထုတ်ပြန်ခဲ့သည်။

ပါဝင်ခဲ့သည့် ရတနာ ၈ သွယ်ထဲတွင် နပိုလီယံက ဇနီးသည် ဧကရီ မယ်ရီလူးဝစ်အတွက် ပေးခဲ့သည့် စိန်နှင့်မြခြယ်လည်ဆွဲ၊ ၁၉ ရာစုက နပိုလီယံ (၃) ၏ ပြင်သစ်ဧကရီ ယူဂီနီ (Eugenie)၏ သရဖူ၊ ဘုရင်မ မယ်ရီအမ်မီလီ၊ ဘုရင်မ ဟော်တန်ဆီတို့၏ မြနားဆွဲများ (တချိန်က မယ်ရီလူးဝစ် ပိုင်ဆိုင်ခဲ့သော) လည်းပါသွားခဲ့သည်ဟု ဆိုသည်။

သို့သော် ကံကောင်းသည်မှာ သူခိုးများထွက်ပြေးစဉ် နပိုလီယံ ၃ ၏ ဧကရီယူဂီနီ၏ သရဖူသည် ထွက်ကျကျန်နေခဲ့သည့်ကို ပြန်လည်တွေ့ရှိရသည်ဟုဆိုသည်။

ယင်းသရဖူသည် ပြတိုက် ဝက်ဘ်ဆိုက်တွင်ဖော်ပြထားမှုအရ စိန် ၁၃၅၄ လုံးနှင့် မြ ၅၆ လုံးဖြင့် စီခြယ်ထားသည်ဟု ဆိုသည်။

လက်ယာစွန်း National Rally ပါတီခေါင်းဆောင် ဂျော်ဒန်ဘာဒဲလားက နိုင်ငံအတွက် သည်းခံနိုင်စရာမရှိ သော အရှက်တရားကိုဖြစ်စေသည်ဟု ဆိုသလို လက်ယာစွန်း ရီပါဘလစ်ကန်ခေါင်းဆောင် လောရန့် ဝူကွီဇ်ကလည်း ပြင်သစ်နိုင်ငံတော် အခိုးခံလိုက်ရမှုဟု လူမှုကွန်ရက်များပေါ်တွင် ပြင်းထန်စွာ ရှုတ်ချ ရေးသားခဲ့ကြသည်။

ပြင်သစ် သမ္မတ မက်ခရွန်ကမူ လုံခြုံရေးနှင့် စုံစမ်းထောက်လှမ်းရေးတာဝန်ရှိသူ အများအပြားကို ပျောက်ဆုံးပစ္စည်းများနှင့် တရားခံများပြန်လည်ဖမ်းဆီးရမိရေး ခိုင်းစေထားပြီဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

လုဗ်ရ်ပြတိုက်သည် ပြင်သစ်ဘုရင်အဆက်ဆက် ထီးနန်းစိုးစံရာအိမ်တော်ဖြစ်ကာ ၁၆၀၀ ပြည့်လွန် နှစ်နှောင်းပိုင်းရောက်မှ ပြင်သစ်ဘုရင် လူဝီ ၁၅ လက်ထက်မှ စွန့်ပစ်ခဲ့သည့် သမိုင်းဝင် အဆောက်အအုံ ကြီးဖြစ်သည်။

ကိုကလင်း
Ref: indiatoday
#MeKongNews
#ပြင်သစ်
#နပိုလီယံ
#ပဲရစ်မြို့
#ပြတိုက်
#ဖောက်ထွင်းခံရ
#မိုနာလီဆာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now