နေ့စဥ်သတင်း

မြန်မာကျားဖြန့်သို့ သွားမည့် အာဖရိကန် ၁၃ ဦးနှင့်အတူ လူမှောင်ခိုသမားပါ ဖမ်းမိ

မဲခေါင် 12 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၂ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် ထိုင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထိုင်းနိုင်ငံအတွင်း စာရွက်စာတမ်းအတုများဖြင့် ခိုးဝင်ပြီး မြန်မာဘက်သို့ကူးကာ ကျားဖြန့်လုပ်ငန်းများသို့ သွားရောက်မည့် အာဖရိကသား ၁၃ ယောက်အား ဖမ်းဆီးရမိသလို ၎င်းတို့အား လူမှောင်ခိုသွင်းသည့် ထိုင်းလူမျိုး လူမှောင်ခိုသမားကိုပါ ဖမ်းမိနိုင်ခဲ့သည်။ ယင်းသတင်းကို အောက်တိုဘာ ၁၁ ရက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး ရှေ့ တစ်ရက်က ဗန်ကားတစ်စီးဖြင့် အာဖရိကရွှေ့ပြောင်းလုပ်သား ၉ ယောက်၊ ခရီးသွားဘတ်စ်ကားဖြင့် အာဖရိကသား ၄ ယောက်တို့ကို ဟတ်ရိုင်ခရိုင် အမှတ် (၂) အာရှလမ်းမကြီးပေါ်မှ ခေါ်ဆောင်လာစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဗန်ကားနှင့်ပါလာသည့် အာဖရိကသား ၉

မဲခေါင်၊ အောက်တိုဘာ ၁၂

အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် ထိုင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထိုင်းနိုင်ငံအတွင်း စာရွက်စာတမ်းအတုများဖြင့် ခိုးဝင်ပြီး မြန်မာဘက်သို့ကူးကာ ကျားဖြန့်လုပ်ငန်းများသို့ သွားရောက်မည့် အာဖရိကသား ၁၃ ယောက်အား ဖမ်းဆီးရမိသလို ၎င်းတို့အား လူမှောင်ခိုသွင်းသည့် ထိုင်းလူမျိုး လူမှောင်ခိုသမားကိုပါ ဖမ်းမိနိုင်ခဲ့သည်။

ယင်းသတင်းကို အောက်တိုဘာ ၁၁ ရက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး ရှေ့ တစ်ရက်က ဗန်ကားတစ်စီးဖြင့် အာဖရိကရွှေ့ပြောင်းလုပ်သား ၉ ယောက်၊ ခရီးသွားဘတ်စ်ကားဖြင့် အာဖရိကသား ၄ ယောက်တို့ကို ဟတ်ရိုင်ခရိုင် အမှတ် (၂) အာရှလမ်းမကြီးပေါ်မှ ခေါ်ဆောင်လာစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗန်ကားနှင့်ပါလာသည့် အာဖရိကသား ၉ ယောက်တွင် ကင်ညာမှ ၅ ယောက်၊ ယုဂန္ဓာမှ ၂ ယောက်၊ နိုင်ဂျီးရီးယားမှ ၂ ယောက်ဖြစ်ကာ ၎င်းတို့အားလုံးသည် မလေးရှားဘက်မှ ထိုင်းနယ်စပ် နာရာသီဝပ်ခရိုင် တာ့ခ်ဘိုင်မြို့ကို တရားမဝင် ကျော်ဖြတ်ဝင်ရောက်လာခြင်းဖြစ်ကာ ပြည်ပခရီးသွား များအဖြစ် အလည်အပတ်လာသည့်ဟန်ဆောင်ကာ တံဆိပ်တုံးနှင့်စာရွက်စာတမ်းအတုများဖြင့် မြန်မာ နယ်စပ်သို့ ရောက်လာခြင်းဖြစ်သည်။

၎င်းတို့အား အဓိက လူမှောင်ခိုကူးပေးသည့် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသား နာဆာကန်ဆိုသူက လူမှောင်ခိုမှုအတွက် ဝန်ခံကာ မိမိအား မလေးရှားဘက်မှ ပွဲစားတစ်ဦးက အမေရိကန်ဒေါ်လာ ၄၉၂၀ နှင့်ညီမျှသည့်ငွေကြေးအား ခရစ်ပတိုငွေကြေးဖြင့်ပေးကာ မြန်မာကျားဖြန့်လုပ်ငန်းများဘက်သို့ ပို့ဆောင်ရန် စေခိုင်းခြင်းဖြစ်သည်ဟု ဝန်ခံထွက်ဆိုကြောင်း၊ ယခုမှ ပထမဆုံးအကြိမ်မဟုတ်ဘဲ အာဖရိကရွှေ့ပြောင်းလုပ်သားများကို မြန်မာကျားဖြန့်လုပ်ငန်းများဆီသို့ အကြိမ်များစွာ ပို့ဆောင်ပေး ခဲ့ပြီးဖြစ်သည်ဟုပါ ဝန်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းအာဖရိကသားများသည် ထိုင်းနိုင်ငံအတွင်း ၃ ရက်တာ အလည်အပတ်ခရီး လာရောက်ခြင်း သာဖြစ်သည်ဟု ယခုအထိ ထွက်ဆိုနေကြရာ မိမိသဘောဆန္ဒဖြင့် မြန်မာဘက် ကျားဖြန့်အလုပ်သွား လုပ်လိုခြင်းထက် အခြေအနေမသိရဘဲ လူမှောင်ခိုကူးခံရသူများ ပိုဖြစ်နိုင်ပြီး အာဖရိကသားများအား မြန်မာကျားဖြန့်သို့ ပို့ဆောင်နေသည့် ကွင်းဆက် လူမှောင်ခိုဂိုဏ်းအား ဖော်ထုတ်နိုင်ရေး ဆက်လက် စုံစမ်းသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သွားသည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#ကျားဖြန့်
#အာဖရိကန်
#ထိုင်းနိုင်ငံ
#လူမှောင်ခို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now