ကမ္ဘာ့သတင်း

တင်းနစ်ကြယ်ပွင့်မှ ယူကရိန်းကွန်မန်ဒိုဖြစ်လာသူ ရုရှား ဒေါ်လာ ၇ ဘီလီယံတန် စစ်ရေးယန္တရားများကို အထိနာစေခဲ့

မဲခေါင် 10 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၀ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဝင်ဘယ်ဒန် ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲကြီးတွင် ဒိတ်ဒိတ်ကျဲ ကမ္ဘာ့ အဆင့် (၁) ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာကိုပင် နိုင်ခဲ့သော ယူကရိန်း တင်းနစ်ကြယ်ပွင့်အဖြစ်မှ ယူကရိန်းစစ်သားအဖြစ် ခံယူခဲ့သည့် ဆာဂျီစတက်ခိုစကီးက အယ်လ်ဖာကွန်မန်ဒိုအဖြစ် ရုရှား၏ ဒေါ်လာ ၇ ဘီလီယံတန် စစ်ရေးယန္တရားကြီးကို ဖျက်ဆီးမှုတွင် ကူညီနိုင်ခဲ့သည်ဟု ဖွင့်ဟ ပြောဆိုလာသည်။ ယူကရိန်း အထူးတပ်ဖွဲ့ SBU Alpha သည် Operation Spiderweb စစ်ဆင်ရေးအဖြစ် ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိ စနစ်တကျဖြင့် အထိရောက်ဆုံး တိုက်ခိုက်ဖျက်ဆီးမှုများကို လုပ်ဆောင်ခဲ့ရာ စျေးပေါသော ဒရုန်း ၁၁၇ စင်းဖြင့် ရုရှားနိုင်ငံတွင်းမှ အလွန်တန်ကြေးကြီးသော

မဲခေါင်၊ အောက်တိုဘာ ၁၀

လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဝင်ဘယ်ဒန် ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲကြီးတွင် ဒိတ်ဒိတ်ကျဲ ကမ္ဘာ့ အဆင့် (၁) ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာကိုပင် နိုင်ခဲ့သော ယူကရိန်း တင်းနစ်ကြယ်ပွင့်အဖြစ်မှ ယူကရိန်းစစ်သားအဖြစ် ခံယူခဲ့သည့် ဆာဂျီစတက်ခိုစကီးက အယ်လ်ဖာကွန်မန်ဒိုအဖြစ် ရုရှား၏ ဒေါ်လာ ၇ ဘီလီယံတန် စစ်ရေးယန္တရားကြီးကို ဖျက်ဆီးမှုတွင် ကူညီနိုင်ခဲ့သည်ဟု ဖွင့်ဟ ပြောဆိုလာသည်။

ယူကရိန်း အထူးတပ်ဖွဲ့ SBU Alpha သည် Operation Spiderweb စစ်ဆင်ရေးအဖြစ် ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိ စနစ်တကျဖြင့် အထိရောက်ဆုံး တိုက်ခိုက်ဖျက်ဆီးမှုများကို လုပ်ဆောင်ခဲ့ရာ စျေးပေါသော ဒရုန်း ၁၁၇ စင်းဖြင့် ရုရှားနိုင်ငံတွင်းမှ အလွန်တန်ကြေးကြီးသော မဟာဗျူဟာ နျူကလီးယားဗုံးကြဲလေယာဉ်များ၊ ယင်းလေယာဉ်များထားရာ လေတပ်အခြေစိုက်စခန်း ၄ ခု၊ စက်ရုံများ၊ ရေနံသန့်စင်သိုလှောင်ရုံများအပါ အဓိကကျသည့် အဆောက်အအုံများစွာကို ၁၈ လ ကြာ ကြိုတင်စီမံပြီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ရုရှားဘက်မှ ဆုံးရှုံးပျက်စီးမှုသည် ဒေါ်လာ ၇ ဘီလီယံ (ပေါင် ၅ ဒသမ ၂ ဘီလီယံ) ရှိခဲ့ကာ ပူတင်၏ ဗုံးကြဲလေယာဉ်အုပ်စု ၄၁ စီးရှိသည့်အနက် ၃ ပုံ ၁ ပုံကို ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့သည်ဟု ၂၀၂၂ ခုနှစ်တွင် ရုရှားကျူးကျော်စစ်ကြောင့် တင်းနစ်သမားအဖြစ်မှ ယူကရိန်းစစ်တပ်ထဲဝင်ခဲ့သူ ဆာဂျီစတက်ခိုစကီးက United24 မီဒီယာသို့ ပြောသွားခဲ့သည်။

ဆာဂျီစတက်ခိုစကီးက စစ်မှုစထမ်းစဉ် အမြောက်တပ်သားအဖြစ် တာဝန်ယူခဲ့ရာမှ ဒရုန်းအသေးစား များကို မောင်းနှင်တိုက်ခိုက်သည့် တပ်သို့ ပြောင်းခဲ့ပြီး မတ်လက ယူကရိန်းမှ ကီလိုမီတာ ၇၅၀ အကွာအဝေးတွင်သာရှိသော ရုရှားလေတပ်အခြေစိုက်စခန်းကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့မှုတွင် ထဲထဲဝင်ဝင်ပါဝင်စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ အုပ်စုငယ်လေးများမှ ကြီးမားသည့် တိုက်ခိုက်ဖျက်ဆီးမှု ကို လုပ်ဆောင်နိုင်ရာတွင် ရုရှားထောက်ခံ ဝါဒဖြန့်သမားများ ရင်ထုမနာဖြစ်ရလေ မိမိတို့တိုက်ခိုက်မှု အတွက် ဂုဏ်ယူပြုံးပျော်ရလေဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆာဂျီစတက်ခိုစကီးသည် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲအပါအဝင် LTA မှ ကြီးမှူးကျင်းပသည့် တင်းနစ် ပွဲများ၌ ရုရှားနှင့် မဟာမိတ်ဘီလာရုစ်မှ ကစားသမားများကို ပါဝင်ခွင့်ပိတ်ပင်ခဲ့ခြင်းအတွက် မကျေမနပ်ဝေဖန်ခဲ့ကြသော ကမ္ဘာ့ထိပ်တန်း အားကစားလောကသားများကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။

၂၀၂၂ ကမ္ဘာ့ဖလားပွဲ ခြေစစ်ပွဲအောင်စေရန် ကြိုးစားနေသည့် ရုရှားဘောလုံးအသင်းအား ထိုစဉ်က စပါးနည်းပြ အီတလီသား ကွန်တီက မဆိုင်သော လုပ်ရပ်ဟု ဝေဖန်ခဲ့သလို စပိန်တင်းနစ်အကျော်အမော် နာဒယ်ကလည်း အားကစားသမားများသည် စစ်နှင့်မဆိုင်၊ မမျှတသော ပိတ်ပင်မှုဟု ဝေဖန်ခဲ့ကြသည်။

ထိုဝေဖန်မှုများကို ဆာဂျီစတက်ခိုစကီးက ထိရောက်စွာဖြင့် ပြန်လည် ဝေဖန်ရာတွင် အိမ်မပြန်နိုင်သော ယူကရိန်းတင်းနစ်သမားများအဖြစ်က နာဒယ်တို့နှင့်ယှဉ်လျှင် မျှတမှုရှိမည်လား၊ မည်သည့် ရုရှားနှင့် ဘီလာရုစ် အားကစားသမားကမှ ရုရှားက ယူကရိန်းကို ကျူးကျော်မှုအား ကန့်ကွက် ရှုတ်ချမှုများ မပြုလုပ်ခဲ့ကြကြောင်း၊ ယူကရိန်းကလေးငယ်များ ဗုံးဒဏ်၊ ဒုံးကျည်ဒဏ်များကြောင့် မည်သူမျှ တင်းနစ်မကစားနိုင်ချိန်၊ ယူကရိန်းသားများ သေဆုံးနေချိန် ရုရှားအားကစားသမား များ အေးချမ်းစွာ ပြိုင်ပွဲဝင်နေခြင်းက တရားမျှတမှု ဖြစ်နိုင်မည်လားဟု တုံ့ပြန်ဝေဖန်ခဲ့သူဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#တင်းနစ်ကစားသမား
#ဆာဂျီစတက်ခိုစကီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now