မဲခေါင်၊ အောက်တိုဘာ ၈
အောက်တိုဘာ ၇ ရက်က ထိုင်းနိုင်ငံ နာခွန်းဆီ အယုဒ္ဓယခရိုင်တွင် ဆိုင်ကယ်အစီး ၄၀ ကျော် ပါဝင်သော လူငယ်ဂိုဏ်း ၂ ဂိုဏ်း လက်နက်များ၊ ပင်ပေါင်ဗုံးများဖြင့် ရန်ဖြစ်တိုက်ခိုက်ခဲ့မှုအတွက် အယုဒ္ဓယ ရဲတပ်ဖွဲ့က လူငယ် ၄၅ ယောက်ကို ညည့်သန်းခေါင်းကျော် ဒေသစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဘန်ပွန်ခရိုင်ခွဲ၊ ကက်ဆက်တရာသီရတ် ဘုန်းကြီးကျောင်းအနီး မယ့်နမ်ပလူအမ်နှင့် ဆမ်ဖာအိုလွမ် ဒေသများမှ ပြိုင်ဘက်လူငယ်ဂိုဏ်း ၂ ဂိုဏ်း လက်နက်များ၊ ပင်ပေါင်ဗုံးများဖြင့် ကြိမ်ဖန်များစွာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေခဲ့ရာ အနီးအနားနေထိုင်သူပြည်သူများ ထိတ်လန့်ခဲ့ရသော်လည်း ဆိုးရွားသည့် ဒဏ်ရာရမှုမျိုး မရှိခဲ့ဟု သိရသည်။
သို့သော် စီစီတီဗီကင်မရာမှတ်တမ်းများအရ ပြင်းအားများသည့် ဖောက်ခွဲရေးပစ္စည်းဖြင့် တိုက်ခိုက် သော ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကိုမူ လူသတ်ရန် ကြိုးစားမှုဖြင့် အမှုဖွင့်ထားပြီး ၄၅ ယောက် ဖမ်းဆီးထားသလို ဆိုင်ကယ် ၁၂ စီးလည်း သိမ်းဆည်းထားကြောင်းနှင့် မိဘများကိုလည်း ခေါ်ယူကာ သားသမီးအုပ်ထိန်းမှု၌ မျက်ကွယ်ပြုမှုဖြင့် အရေးယူသွားမည်ဟု ကြေညာခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#အယုဒ္ဓယ
#ပင်ပေါင်ဗုံး
#လူငယ်ဂိုဏ်း








