မဲခေါင်၊ အောက်တိုဘာ ၆
အောက်တိုဘာ ၅ ရက်နေ့က ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ စားသောက်ဆိုင်တစ်ဆိုင်၏ ခေါင်မိုးပေါ်မှ အသက် ၆၀ အရွယ် သေနတ်သမားတစ်ဦး မြင်မြင်ရာသို့ အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ရာ ၁၆ ယောက် ဒဏ်ရာရခဲ့သည်။
ရဲတပ်ဖွဲ့က သေနတ်သမားသည် ရဲကားများအပါအဝင် ဖြတ်သွားဖြတ်လာ ကားများကို ပစ်မှတ်ခွဲခြား ခြင်းမရှိဘဲ မြင်မြင်ရာလိုက်ပစ်နေခဲ့ခြင်းဖြစ်သည်ဟုဆိုကာ အောက်တိုဘာ ၅ ရက် ညည့်သန်းခေါင် ကျော်ချိန်မှ သေနတ်သမားကို ရဲအင်အားအလုံးအရင်းသုံးပြီး ဖမ်းဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
သေနတ်သမားသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ပစ်ခတ်သည်ကို ချက်ချင်း မသိရသေးဘဲ ကျည်အား ပြင်းရိုင်ဖယ်သေနတ်ကို အသုံးပြုကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးစဉ် ရရှိသွားသည့် ဒဏ်ရာများကြောင့် လက်ရှိ စစ်ဆေးနိုင်သေးခြင်းမရှိဘဲ ဆေးရုံတင်ထားရကြောင်း၊ ခရိုင်ဒွန်ပါ့ခ်လမ်း တွင် ထိုပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း၌ ကံကောင်းသည်မှာ ဒဏ်ရာရသူအားလုံး အသေးစားဒဏ်ရာများသာ ရခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဆစ်ဒနီ
#သေနတ်သမား
#ရိုင်ဖယ်သေနတ်
#စားသောက်ဆိုင်








