မဲခေါင်၊ အောက်တိုဘာ ၆
မြန်မာ – ထိုင်း – လာအိုနယ်စပ်ဖြစ်သည့် ရွှေတြိဂံဒေသအနီး ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မတူညီသော နေရာများ၌ ၂ ရက်အတွင်း စိတ်ကြွမူးယစ်ဆေးဝါး အလုံး ၁၀ သန်းနီးပါး သိမ်းဆည်းရမိခဲ့သည်။
အောက်တိုဘာ ၄ ရက်နေ့က ချင်းမိုင်ခရိုင် ချင်ဒါအိုခရိုင်ခွဲ နယ်စပ်အနီး လူ ၄၊ ၅ ဦးပါ အုပ်စုသည် နယ်စပ်ကင်းလှည့်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့နှင့် ထိပ်တိုက်တွေ့ရာတွင် ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ထွက်ပြေးသွားကြပြီးနောက် သွားရောက် စစ်ဆေးရာ စိတ်ကြွဆေး ၄၀၀၀၀၀ ပါ အိတ် ၂ လုံးနှင့် လူသေတစ်လောင်းတွေ့ရကာ သေဆုံးသူသည် အခင်းဖြစ်ရာနေရာအနီးမှ ထိုင်းရွာသားတစ်ဦးဖြစ်သည်ကို စုံစမ်းသိရှိခဲ့ရသည်။
အောက်တိုဘာ ၅ ရက်တွင်လည်း ချင်းရိုင်ခရိုင် ဟွေးရိုင်စစ်ဆေးရေးဂိတ်သို့ ဖြတ်မောင်းလာသည့် ကားတစ်စီးအတွင်း ဒါဇင်ပေါင်းများစွာသော အိတ်များထဲ၌ စိတ်ကြွဆေး ၆၄၉၈၀၀၀ ပြားနှင့် ၂၅ ကီလိုဂရမ်ပါ ICE တစ်အိတ်ကို သိမ်းဆည်းရမိခဲ့သည်။
ယာဉ်မောင်းသည် ၄၁ နှစ်အရွယ် ချင်ဒါအိုခရိုင်မှ ထိုင်းရွာသားတစ်ဦးဖြစ်ပြီး ၃၃ နှစ်နှင့် ၂၁ နှစ်အရွယ်အမျိုးသမီး ၂ ဦးကိုပါ ဖမ်းဆီးရမိ ခဲ့သည်။
အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင်လည်း ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရှိ ကုန်လှောင်ရုံတစ်ခုအတွင်း လျှို့ဝှက်စွာထားရှိသည့် ကုန်ကားတစ်စီးပေါ်၌ စိတ်ကြွဆေး ၃ သန်းအား ထိုင်းမူးယစ်နှိမ်နင်းရေးရဲ တပ်ဖွဲ့က သွားရောက် သိမ်းဆည်းနိုင်ခဲ့သည်။
ကားကြမ်းခင်း စတီးအခင်းအောက်၌ ဝှက်ထားသည့် စိတ်ကြွဆေးများဖြစ်ကာ ချင်းမိုင်မှ သယ်ဆောင်ရောက်ရှိလာခြင်းဖြစ်ကာ အဆိုပါ ကုန်လှောင်ရုံကို ဟင်းသီးဟင်းရွက်များသိုလှောင်ရန် ငှားရမ်းသည်ဟုဆိုကာ မူးယစ်ဆေးဝါးများလှောင်ထားခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ကိုကလင်း
Ref: Maesaipress & Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#မူးယစ်ဆေးဝါး
#ချင်းမိုင်
#ချင်းရိုင်








