မဲခေါင်၊ အောက်တိုဘာ ၅
အောက်တိုဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ မယ့်အိုင် နယ်စပ်အနီး သဘာ၀ဖြတ်ကျော်လမ်း၌ အသက် ၁၅ ဝန်းကျင်သာရှိသေးသော မိန်းကလေး ငယ်အား မူးယစ်မှောင်ခိုသမားများက စပွန်ဆာအချိုရည်ပုလင်း ၄၀ ထဲ ကိုကင်းများထည့်ကာ တောင်း ဖြင့် သယ်ပို့ခိုင်းခဲ့သည်ကို ထိုင်းစစ်တပ်၊ ရဲနှင့် မူးယစ်တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။
မိန်းကလေးငယ် သယ်လာသည့်တောင်းထဲ အိတ်အမည်းများကို မသင်္ကာသဖြင့် ကင်းလှည့်တပ်ဖွဲ့က စစ်ဆေးရာ ထိုင်းစကားမတတ်သော မြန်မာ မိန်းကလေးငယ်သည် စပွန်ဆာပုလင်း အလုံး ၄၀ ထဲ ကိုကင်းများထည့်ကာ သယ်ဆောင်လာသည်ကို တွေ့ရှိရခြင်းဖြစ်သည်။
စပွန်ဆာပုလင်းတစ်လုံးထဲတွင် ကိုကင်း ၁ ဒသမ ၇၈ ဂရမ်ပါရှိပြီး စုစုပေါင်း ၁ ကီလိုဂရမ် သိမ်းဆည်းရမိခြင်း ဖြစ်သည်။
ကိုကလင်း
Ref: MAESAIPRESS
#MeKongNews
#ချင်းမိုင်
#မူးယစ်ဆေးဝါး
#မြန်မာနိုင်ငံသား
#ကိုကင်း








