ကမ္ဘာ့သတင်း

စစ်ပြီးလျှင် ဂါဇာမြို့တော်ဝန်အဖြစ် တိုနီဘလဲအား စီမံစေလိုသည်ဟု မော့ဆက်အကြီးအကဲဟောင်းဖွင့်ဟ

မဲခေါင် 27 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၇ ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ ကမ္ဘာကျော် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ အခေါင်အချုပ် တာဝန်ယူခဲ့သည့် ယော့ဆီကိုဟန်က ဟားမက်စ်များကိုအပြီးအပြတ်နှိမ်နင်းပြီးနောက် ဂါဇာကမ်းမြောင် ဒေသအား ပြန်လည်ထူထောင်တည်ဆောက်ရေး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဆာ တိုနီဘလဲအား ဂါဇာမြို့တော်ဝန်အဖြစ် ဦးဆောင်သွားစေလိုသည်ဟု ထောက်ခံပြောဆိုသွားခဲ့သည်။ မော့ဆက်အဖွဲ့ ခေါ်ယူစေခိုင်းသည့်စပိုင်များအနက် အသက်အငယ်ဆုံးသူဖြစ်ခဲ့သည့် ကိုဟန်သည် လက်ရှိ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနေရာကို ဆက်ခံမည့်သူအဖြစ် တစ်ပြေးနေသလို ၎င်း ကိုယ်တိုင်ကလည်း ဆက်ခံလိုသည်ဟု ဖွင့်ပြောထားသည်။ အစ္စရေး အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ လည်းဖြစ်သော ကိုဟန်က ဗြိတိန်သည် ပါလက်စတိုင်းနိုင်ငံတော်ကို ထောက်ခံခဲ့မှုအား လုံး၀လက်မခံ နိုင်သော်လည်း စစ်ပြီးလျှင် အမျိုးမျိုးသော အခြေအနေဖြင့် ဂါဇာကိုပြန်လည်ထူထောင်ကာ အုပ်ချုပ်ရေးပုံစံသစ်ချမှတ်သွားရေး

မဲခေါင်၊ စက်တင်ဘာ ၂၇

၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ ကမ္ဘာကျော် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ အခေါင်အချုပ် တာဝန်ယူခဲ့သည့် ယော့ဆီကိုဟန်က ဟားမက်စ်များကိုအပြီးအပြတ်နှိမ်နင်းပြီးနောက် ဂါဇာကမ်းမြောင် ဒေသအား ပြန်လည်ထူထောင်တည်ဆောက်ရေး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဆာ တိုနီဘလဲအား ဂါဇာမြို့တော်ဝန်အဖြစ် ဦးဆောင်သွားစေလိုသည်ဟု ထောက်ခံပြောဆိုသွားခဲ့သည်။

မော့ဆက်အဖွဲ့ ခေါ်ယူစေခိုင်းသည့်စပိုင်များအနက် အသက်အငယ်ဆုံးသူဖြစ်ခဲ့သည့် ကိုဟန်သည် လက်ရှိ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနေရာကို ဆက်ခံမည့်သူအဖြစ် တစ်ပြေးနေသလို ၎င်း ကိုယ်တိုင်ကလည်း ဆက်ခံလိုသည်ဟု ဖွင့်ပြောထားသည်။

အစ္စရေး အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ လည်းဖြစ်သော ကိုဟန်က ဗြိတိန်သည် ပါလက်စတိုင်းနိုင်ငံတော်ကို ထောက်ခံခဲ့မှုအား လုံး၀လက်မခံ နိုင်သော်လည်း စစ်ပြီးလျှင် အမျိုးမျိုးသော အခြေအနေဖြင့် ဂါဇာကိုပြန်လည်ထူထောင်ကာ အုပ်ချုပ်ရေးပုံစံသစ်ချမှတ်သွားရေး တိုနီဘလဲအား ဦးဆောင်စေလိုသည်ဟု ပြောသွားခြင်းဖြစ်သည်။

“အဓိက ပြဿနာက စစ်ပြီးသွားတဲ့ နောက်နေ့ လူဦးရေ ၂ ဒသမ ၂ သန်းရှိတဲ့ ဂါဇာကမ်းမြောင်ဒေသကို ဘာလုပ်ကြမလဲဆိုတာပါ။ ဘယ်သူက ဦးဆောင်မလဲဆိုတာပါ။ ပါလက်စတိုင်း အာဏာပိုင်တွေကို ကျွန်တော်တို့ အခွင့်အရေးတွေ ပေးခဲ့ပေမယ့် သူတို့က ဒီနေရာကို ကမ္ဘာ့အနက်ဆုံး တွင်းနက်ကြီး ဖြစ်အောင် လုပ်သွားခဲ့တယ်။ ပါလက်စတိုင်းနိုင်ငံတော် အသိအမှတ်ပြု တည်ထောင်ဖို့ ဗြိတိန်နဲ့ တခြားနိုင်ငံတွေ လက်ခံတာကိုတော့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ဖြစ်လာစရာလည်း မရှိဘူး။ ပါလက်စတိုင်းမှာ ခေါင်းဆောင်တွေက နုံချာတယ်။ ရှိလည်း ရှိမနေဘူး။ မိုဟာမက် အဘက်စ်ကို ခေါင်းဆောင်အဖြစ်ခေါ်လို့လည်း မရဘူး။ သူဟာ ပြည်သူရွေးတဲ့ခေါင်းဆောင်၊ ပြည်သူတွေလက်ခံတဲ့ သူလည်း မဟုတ်ဘူး။ ဒါကြောင့် စစ်ပြီးရင် ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံတွေပူးပေါင်းပြီး ဂါဇာနိုင်ငံတကာ အုပ်ချုပ်မှုကူးပြောင်းရေးအာဏာပိုင်အဖွဲ့ GITA ထူထောင်မယ်။ တိုနီဘလဲနဲ့ ကျွန်တော် ကောင်းကောင်း သိတယ်။ သူအဆိုပြုထားတဲ့ ဂါဇာပြန်လည်ဖွဲ့စည်းထူထောင်ရေး အဆိုကိုလည်း ကြိုက်တယ်။ ဘုရားသခင် သူ့ကိုကောင်းချီးပေးမှာပါ။ ဒါကြောင့် တိုနီဘလဲဟာ ဂါဇာမြို့တော်ဝန် အဖြစ် ပြန်လည်ဖွဲ့စည်းထူထောင်ရေးမှာ ဦးဆောင်တာကို ထောက်ခံချင်ပါတယ်” ဟု ကိုဟန်က ထောက်ခံပြောဆိုသွားသည်။

အစ္စရေးနှင့်စစ်ပွဲပြီးလျှင် ဂါဇာကို မည်သို့ ပြန်လည် ထူထောင်မည်ဆိုခြင်းမှာ ဝိဝါဒကွဲပြားမှုများ ရှိနေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာနေ ပါလက်စတိုင်းများအားလုံးအား လျော်ကြေး လောက်ငှစွာပေးပြီး အနည်းဆုံး ၁၀ နှစ် ဂါဇာမှ ထွက်သွားစေပြီး ကမ္ဘာကျော် အပန်းဖြေအဆင့်မြင့် နေရာဖြစ်သည့် ရီဗားရီးယားကဲ့သို့ အလှဆုံး၊ အဆင့်အမြင့်ဆုံး မြို့အဖြစ် ထူထောင်သွားလိုသည်ဟု အကြံပြုထားသည်။

နက်တန်ယာဟုကလည်း ဟားမက်စ်များအားလုံးကို သုတ်သင်ခြင်း၊ ဖမ်းဆီးခြင်း များလုပ်ပြီးလျင် ၎င်းတို့အား အာရပ်တစ်နိုင်ငံငံသို့ လွှဲအပ်ကာ ဂါဇာတွင် ပြည်သူတင်မြှောက်မည့် အကြမ်းဖက်မူဝါဒကင်းရှင်းသော အစိုးရ ပြန်ဖွဲ့လိုသည်ဟု ပြောဆိုထားသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အစ္စရေး
#မော့ဆက်
#ဂါဇာ
#တိုနီဘလဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now