ကမ္ဘာ့သတင်း

အိမ်ဖြူတော်ရှိ ဂျိုးဘိုင်ဒန် ပုံနေရာ အော်တိုပင်ဓာတ်ပုံဖြင့် ဒေါ်နယ်ထရမ့် အစားထိုးထားရှိ

မဲခေါင် 26 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၆ ၈၂ နှစ်ရှိပြီဖြစ်သော သမ္မတဟောင်း ဂျိုးဘိုင်ဒန်၏ အသိဉာဏ်မေ့လျော့တတ်မှုများကို မေးခွန်းထုတ်ကာ သမ္မတစ်ဦးအနေဖြင့် တိုင်းပြည်ကို ကိုယ်တိုင်အုပ်ချုပ်နိုင်စွမ်းမရှိဘဲ လက်မှတ်ကို ထပ်ကာထပ်ကာ ကိုယ်တိုင်မထိုးဘဲသုံးရန် ထားရှိပေးသည့် Autopen သမ္မတဟု စွပ်စွဲခဲ့သည့်အတိုင်း ယခု အိမ်ဖြူတော် သမ္မတအဆက်ဆက် ပုံတူများထားရှိကာ Presidential Walk of Fame နံရံတွင် ဒေါ်နယ်ထရမ့်သည် ဂျိုးဘိုင်ဒန် ပုံတူကိုဖြုတ်ချကာ ၎င်း၏ အော်တိုပင် လက်မှတ်ကို အစားထိုး ချိတ် ဆွဲလိုက်သည်။ ၎င်းဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းကို အိမ်ဖြူတော်ဆက်ဆံရေးအကြံပေး မာဂိုမာတင်က အိမ်ဖြူတော် တရားဝင် အင်စတာဂရမ်လူမှုကွန်ရက်အကောင့်၌ တင်ခဲ့ပြီး အားလုံးကို အသိပေးသွားခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယိုတွင် စာသားအဖြစ်

မဲခေါင်၊ စက်တင်ဘာ ၂၆

၈၂ နှစ်ရှိပြီဖြစ်သော သမ္မတဟောင်း ဂျိုးဘိုင်ဒန်၏ အသိဉာဏ်မေ့လျော့တတ်မှုများကို မေးခွန်းထုတ်ကာ သမ္မတစ်ဦးအနေဖြင့် တိုင်းပြည်ကို ကိုယ်တိုင်အုပ်ချုပ်နိုင်စွမ်းမရှိဘဲ လက်မှတ်ကို ထပ်ကာထပ်ကာ ကိုယ်တိုင်မထိုးဘဲသုံးရန် ထားရှိပေးသည့် Autopen သမ္မတဟု စွပ်စွဲခဲ့သည့်အတိုင်း ယခု အိမ်ဖြူတော် သမ္မတအဆက်ဆက် ပုံတူများထားရှိကာ Presidential Walk of Fame နံရံတွင် ဒေါ်နယ်ထရမ့်သည် ဂျိုးဘိုင်ဒန် ပုံတူကိုဖြုတ်ချကာ ၎င်း၏ အော်တိုပင် လက်မှတ်ကို အစားထိုး ချိတ် ဆွဲလိုက်သည်။

၎င်းဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းကို အိမ်ဖြူတော်ဆက်ဆံရေးအကြံပေး မာဂိုမာတင်က အိမ်ဖြူတော် တရားဝင် အင်စတာဂရမ်လူမှုကွန်ရက်အကောင့်၌ တင်ခဲ့ပြီး အားလုံးကို အသိပေးသွားခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယိုတွင် စာသားအဖြစ် the new walk of fame ဟု ရေးထိုးထားကာ သမ္မတသက်တမ်း ၂ ဆက်တာဝန်ယူသည့် ဒေါ်နယ်ထရမ့် အဖြူအမဲ ပုံ ၂ ခုအကြား ထားရှိလိုက်ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲရှုံးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်ကို အော်တိုပင် သမ္မတ ဟု စွပ်စွဲကာ ပြီးခဲ့သည့် ဇွန်လက ဂျိုးဘိုင်ဒန် သမ္မတရာထူး ရယူခဲ့စဉ်ကာလက အော်တိုပင် လက်မှတ် အသုံးပြုခြင်းများအားလုံးကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။

ဘိုင်ဒန်သည် အသိဉာဏ်မေ့လျော့ မှုများ မကြာခဏဖြစ်သည့်အတွက် နိုင်ငံ၏ အရေးပါသော သမ္မတလက်မှတ်များကို ကိုယ်တိုင်မထိုးဘဲ အကြိမ်ကြိမ် ကော်ပီယူသုံးနိုင်သည့် အော်တိုပင် လက်မှတ် ထားရှိသူဟု စွပ်စွဲခဲ့သည်။

ပြည်ပ အထောက်အပံ့များ၊ လွတ်ငြိမ်းချမ်းသာခွင့်များ၊ သမ္မတ အမိန့်များ၊ ဥပဒေပြုမှုများ၊ ကြေညာချက်များ စွာတွင် ဂျိုးဘိုင်ဒန်သည် သမ္မတ တစ်ဦးအဖြစ် ကိုယ်ပိုင်ဆုံးဖြတ်လက်မှတ်ထိုးနိုင်စွမ်းမရှိသဖြင့် အော်တိုပင် သုံးခြင်းမှ နိုင်ငံအခြေအနေများ ဆိုးရွားခဲ့ရမှုအတွက် စုံစမ်းမည်ဟုလည်း ထရမ့်၏ အမေရိကန်လွတ်ငြိမ်းချမ်းသာခွင့် ရှေ့နေ အက်ဒ်မာတင်က ပြောဆိုသွားခဲ့သည်။

ဂျိုးဘိုင်ဒန်က ထရမ့်၏ စွပ်စွဲချက်များကို တန်ပြန်ကာ မိမိသမ္မတသက်တမ်းလျောက် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ၊ ရေးထိုးခဲ့သည့် လက်မှတ်များအားလုံး၏ ရည်ရွယ်ချက်နှင့် အကျိုးတရားများသည် အမှားအယွင်း မရှိခဲ့ဘဲ သမ္မတအမိန့် ဆုံးဖြတ်ချက်များဖြင့် ကိုယ်တိုင် ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထရမ့်ကိုယ်တိုင်သည်လည်း အော်တိုပင် ကို အသုံးပြုခဲ့ကြောင်း ဝန်ခံထားပြီး အလွန် အရေးမပါသည့် ကိစ္စရပ်များတွင်သာ မိမိ၏ အော်တိုပင်ကို အကြိမ်နည်းပါးစွာ သုံးခဲ့သည်ဟု ဆိုသည်။

အော်တိုပင်ကို ၂၀၀၅ ခုနှစ်က အမေရိကန်သမ္မတ ဂျော့ချ် ဘုရှ်လက်ထက် စတင် တီထွင်ထားရှိခြင်းဖြစ် ကာ ဘာရတ်အိုဘားမားသည် ထို အော်တိုပင် လက်မှတ်အား ၂၀၁၁ မေတွင် စသုံးခြင်းဖြင့် အမေရိကန် သမ္မတသမိုင်း၌ အော်တိုပင် စတင်အသုံးပြုသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဂျိုးဘိုင်ဒန်
#ဒေါ်နယ်ထရမ့်
#အိမ်ဖြူတော်
#အော်တိုပင်
#အိုဘားမား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now