မဲခေါင်၊ စက်တင်ဘာ ၂၅
ရုရှားနိုင်ငံအတွင်း မော်စကိုကဲ့သို့သော မြို့ကြီးပေါ်တွင်ပင် ဓာတ်ဆီပြတ်လပ်မှုများကြောင့် ဆီဆိုင်များ ပိတ်ထားရမှုဖြင့် အကြပ်ရိုက်နေချိန် ရုရှားနိုင်ငံ၏ အဓိကအကျဆုံး ရေနံချက်စက်ရုံအား ယူကရိန်းရေတပ်ဒရုန်းဖြင့်ဖောက်ခွဲဖျက်ဆီးခဲ့ပြန်သည်။
ရုရှားနိုင်ငံ ဘက်ရှ်ကော်တိုစတန်ဒေသ ဆလာဗတ်မြို့တွင် တည်ရှိသော ဆလာဗတ် ရေနံချက်စက်ရုံ ကြီးသည် ပူတင်အစိုးရစစ်တိုက်နေခြင်းအတွက် အဓိက ဝင်ငွေရင်းမြစ်ကို ဖော်ဆောင်ပေးနေသော စက်ရုံတစ်ရုံဖြစ်ရာ ယူကရိန်းဘက်က ရုရှား ရေနံနှင့်လောင်စာအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့်အတိုင်း စက်တင်ဘာ ၂၄ ရက်၌ ရေတပ်ဒရုန်းဖြင့် တိုက်ခိုက်ရာ မဲမှောင်သော မီးခိုးလုံးများ ကောင်းကင်အမြင့်သို့ ထိုးတက်လာပြီး ဆိုးရွားစွာ မီးလောက် ပေါက်ကွဲခဲ့သည်ကို အဆိုပါ ဒေသအဝေးမှပင် မြင်တွေ့ရသည်။
ယူကရိန်းသည် ယင်းစက်ရုံအား စက်တင်ဘာ ၁၈ ရက်နေ့က တစ်ကြိမ် ဒရုန်းဖြင့်တိုက်ခိုက်ဖောက်ခွဲခဲ့သေးပြီး ယခု ဒုတိယအကြိမ်တွင် ဆိုးရွားစွာ ပျက်စီးစေနိုင်ခဲ့ ခြင်းဖြစ်သည်။
လက်ရှိ လူသုံးအများဆုံးသော ဓာတ်ဆီ Ai 92 နှင့် Ai 95 တို့ မော်စကိုရှိ ဆီဆိုင်များတွင် ပြတ်တောက် မှုများရှိနေသဖြင့် ဆိုင်ပိတ်ထားရမှုများရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သည်။
ယူကရိန်းကျူးကျော်စစ်မစမီ ပူတင်အစိုးရ၏ ဘတ်ဂျက် ၄၀ ရာခိုင်နှုန်းမှာ ရေနံမှ ရရှိခြင်းဖြစ်ပြီး ကျူးကျော်စစ်ဆင်ပြီးနောက် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများရှိသည့်အချိန်အထိ ဘတ်ဂျက်၏ ၃၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်သေးသည်။
သို့သော် ပြီးခဲ့သည့် ၆ လအတွင်း နိုင်ငံ အတွင်းပိုင်းထဲရှိ အဓိက ရေနံချက်စက်ရုံများကို ယူကရိန်းဘက်က ပစ်ခတ်ထား တိုက်ခိုက်ဖျက်ဆီးမှု များ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သဖြင့် မော်စကိုတွင် ဆီပြတ်လပ်သည့် အကျပ်အတည်း ကြုံနေရ သည်အထိ အခြေအနေဆိုးရွားနေသည်ဟု ရိုက်တာက ဆိုသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ရေနံချက်စက်ရုံ
#မော်စကိုမြို့








