မဲခေါင်၊ စက်တင်ဘာ ၂၅
စက်တင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆမ်မန်လမ်း မကြီးရုတ်တရက်မြေကျွံတွင်းကြီးအဖြစ် ပြိုကျခဲ့ရာ ထိုင်းအာဏာပိုင်များက ၁၄ ရက်အတွင်း အားလုံး ပြင်ဆင်ပြီးစီးရန် ရည်မှန်းလုပ်ဆောင်မည်ဟု ကတိပြုပြောဆိုခဲ့သည်။
လမ်းအောက်တွင် ပန်းရောင်မြေအောက်ရထားလမ်းပိုင်းစီမံကိန်းလုပ်ဆောင်နေရာ လမ်းပေါ်၌ ရေစိမ့်မှု တစ်ရပ်ကြောင့် ပြိုကျပြီး ကပ်လျှက်ရှိသော ဗာဂျီယာဆေးရုံ မြေအောက်ရထားလမ်းပိုင်းပါ ပျက်ဆီး ကာ လမ်းလွှဲထားရှိပြီး အရေးပေါ်ပြင်ဆင်မှုများ လုပ်ဆောင်နေရသည်။
စပြိုစဉ် အနက်နှင့် အကျယ် မီတာ ၃၀ သာရှိပြီး ဆက်လက်ပြိုကျမှုများကြောင့် မီတာ ၅၀ နက်သည် အထိ အခြေအနေဆိုးရွားကာ လမ်းနှင့်အဆောက်အအုံပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ထိုင်းအများပြည်သူအမြန်ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (MRTA) တာဝန်ရှိသူများနှင့် ဘန်ကောက်မြို့တော်ဝန် ချက်ဒ်ချက်ဆစ်တီပန့်တို့ အစည်းအဝေးလုပ်ပြီးနောက် “အခြေအနေကတော့ ဆိုးရွားပေမယ့် တည်ငြိမ် တဲ့အဆင့်တော့ရှိပါတယ်။ ထပ်ပြီး ပြိုကျမှုတွေမဖြစ်ဖို့လည်း လုပ်ဆောင်နေသလို သက်ရောက်ခံစားရ သူတွေ ပုံမှန်အတိုင်းပြန်နေထိုင်နိုင်ဖို့အရေးလည်း အားချင်းလုပ်ဆောင်နေပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။
ထိုမြေပြိုတွင်းပြန်လည် တည်ဆောက်မှုကို မြေအောက်ရထားလမ်းတည်ဆောက်မှု အားတာဝန်ယူထားသည့် CKST-PL Joint Venture ကုမ္ပဏီမှ တာဝန်ယူကာ ၁၄ ရက်အတွင်း လမ်းပြန် အသုံးပြုနိုင်ခြင်းနှင့် ကွန်ကရစ်ပြန်လောင်းအပြီး ဖြစ်စေရန် ရည်မှန်းလုပ်ဆောင်နေသည်။
သို့သော် မြေပြိုတွင်း၌ အပျက်အစီးအပိုင်းအစအလေးချိန် ၃၄ တန်ရှိနေရာ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းစဉ်အတွက် ၁၅၀ တန် ဝန်ချီစက်လိုအပ်မည်ဖြစ်သည်။ လုံခြုံတည်ငြိမ်သည့် အခြေအနေကို ဦးစွာလုပ်ဆောင်ပြီးလျှင် သဲရောထားသည့် ဘိလပ်မြေအိတ် ၅၀၀၀၀ သုံးကာ ပြန်ဖာထေးရန် လိုအပ် နေကြောင်း သိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ဘန်ကောက်
#ထိုင်းနိုင်ငံ
#မြေအောက်ရထားလမ်း
#မြေပြို








