နေ့စဥ်သတင်း

ရာဂါဆာတိုင်ဖွန်းကြောင့် ၉ ဦးသေဆုံးအပြီး ဘွာလွိုင်မုန်တိုင်း ဖိလစ်ပိုင်သို့ ထပ်ဝင်မည်

မဲခေါင် 25 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၅ ပြီးခဲ့သည့်ရက်ပိုင်းကမှ ရာဂါဆာတိုင်ဖွန်းမုန်တိုင်း နိုင်ငံမြောက်ဘက်စွန်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ၉ ဦးသေဆုံးခဲ့ကာ နာလန်ပြန်ထူရန် မကြိုးစားနိုင်သေးမီမှာပင် ဖိလစ်ပိုင်သို့ စက်တင်ဘာ ၂၆ ရက်၌ နောက်ထပ် အင်အားပြင်းအပူပိုင်းမုန်တိုင်း ဘွာလွိုင် ထပ်မံဝင်ရောက်မည်ဖြစ်သောကြောင့် စာသင်ကျောင်းများပိတ်၊ လေကြောင်းခရီးစဉ်မှား ဖျက်သိမ်းထားရသည်။ ရာဂါဆာမုန်တိုင်းကြောင့် နိုင်ငံမြောက်ပိုင်း ကာဂါယန်ခရိုင်ရှိ ငါးဖမ်းလုပ်သား ၇ ဦး လှေနစ်မြုပ်သေ ဆုံးပြီး သစ်ပင်ကျိုးကျသဖြင့် တစ်ဦးသေဆုံး၊ မြေပြိုမှုကြောင့် ၇၄ နှစ်အရွယ်အမျိုးသားတစ်ဦး အပါအဝင် ၉ ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့သည်။ စက်တင်ဘာ ၂၄ ရက်တွင် ရာဂါဆာမုန်တိုင်းဒဏ်သင့်ပြည်သူများကို စားနပ်ရိက္ခာနှင့် ရေဘေးကူညီမှု အထောက်အပံ့များပေးရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ညွှန်ကြားထားပြီး

မဲခေါင်၊ စက်တင်ဘာ ၂၅

ပြီးခဲ့သည့်ရက်ပိုင်းကမှ ရာဂါဆာတိုင်ဖွန်းမုန်တိုင်း နိုင်ငံမြောက်ဘက်စွန်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ၉ ဦးသေဆုံးခဲ့ကာ နာလန်ပြန်ထူရန် မကြိုးစားနိုင်သေးမီမှာပင် ဖိလစ်ပိုင်သို့ စက်တင်ဘာ ၂၆ ရက်၌ နောက်ထပ် အင်အားပြင်းအပူပိုင်းမုန်တိုင်း ဘွာလွိုင် ထပ်မံဝင်ရောက်မည်ဖြစ်သောကြောင့် စာသင်ကျောင်းများပိတ်၊ လေကြောင်းခရီးစဉ်မှား ဖျက်သိမ်းထားရသည်။

ရာဂါဆာမုန်တိုင်းကြောင့် နိုင်ငံမြောက်ပိုင်း ကာဂါယန်ခရိုင်ရှိ ငါးဖမ်းလုပ်သား ၇ ဦး လှေနစ်မြုပ်သေ ဆုံးပြီး သစ်ပင်ကျိုးကျသဖြင့် တစ်ဦးသေဆုံး၊ မြေပြိုမှုကြောင့် ၇၄ နှစ်အရွယ်အမျိုးသားတစ်ဦး အပါအဝင် ၉ ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့သည်။

စက်တင်ဘာ ၂၄ ရက်တွင် ရာဂါဆာမုန်တိုင်းဒဏ်သင့်ပြည်သူများကို စားနပ်ရိက္ခာနှင့် ရေဘေးကူညီမှု အထောက်အပံ့များပေးရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ညွှန်ကြားထားပြီး တစ်ပြိုင်တည်းမှာ ပင် ဖိလစ်ပိုင် တောင်ဘက်စွန်းရှိ အကြီးဆုံးနှင့်လူနေအထူထပ်ဆုံး လူဇွန်ကျွန်းအား ဗဟိုပြုကာ စက်တင်ဘာ ၂၆ ရက်တွင် နောက်ထပ် အင်အားပြင်းအပူပိုင်းမုန်တိုင်း ဘွာလွိုင် ထပ်မံဝင်ရောက်မည် ဟု သတိပေးချက်ထုတ်ပြန်ကာ စာသင်ကျောင်းများဆက်ပိတ်ထားပြီး လေကြောင်းခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရပြန်သည်။

ဖိလစ်ပိုင် သဘာ၀ဘေးအန္တရာယ်တားဆီးကာကွယ်ရေး တာဝန်ရှိသူများက နောက်လာမည့် ဘွာလွိုင် မုန်တိုင်းသည်လည်း အသက်အန္တရာယ်ကို အလွန်ခြိမ်းခြောက်နိုင်သည့်အဆင့်ရှိသော မုန်းတိုင်းဖြစ် ကြောင်းနှင့် လူဦးရေ ၃ သန်းအထိ မုန်တိုင်းဒဏ်သင့်နိုင်ကာ အန္တရာယ်ဇုန်များမှ ရွှေ့ပြောင်းထားကြရန် သတိပေးတိုက်တွန်းထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် လူများလုပ်သည့် သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုဒဏ်ကြောင့် ပင်လယ်ရေအပူချိန် မြင့်တက်လာခြင်းနှင့်အတူ တစ်နှစ်လျှင် အင်အားပြင်းမုန်တိုင်း အလုံး ၂၀ အထိ တိုက်ခတ်ခံနေရသဖြင့် မုန်တိုင်းသင့်နေကြဒေသများ၌ နာလန်မထူသော ဆင်းရဲမွဲတေမှုများ ဖြစ်ပွားစေကာ သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး ရန်ပုံငွေများကိုလည်း အလွဲသုံးစား လိမ်လည်အသုံးပြုနေသည့် အမှုများလည်း ဖြစ်ပွားလျှက်ရှိသည်။

ကိုကလင်း
Ref: straitstimes
#MeKongNews
#ဖိလစ်ပိုင်
#ရာဂါဆာမုန်တိုင်း
#ဘွာလွိုင်မုန်တိုင်း
#အပူပိုင်းမုန်တိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now