နေ့စဥ်သတင်း

ဒေါ်လာ ၁၅ သန်းကျော် လိမ်ခဲ့သည့် နဂါးကျားဖြန့်ဂိုဏ်းကို ပတ္တရားတွင် ကိုရီးယားရဲတပ်ဖွဲ့ လာရောက်ဖြိုခွင်း

မဲခေါင် 24 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၄ တောင်ကိုရီးယားရဲတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး တောင်ကိုရီးယားပြည်သူများအား ငွေလိမ်ဒုက္ခပေးနေသော နဂါးကျားဖြန့်ဂိုဏ်းကို ပတ္တရားအထိ သွားရောက်ဖြိုခွင်းခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။ ယင်းကျားဖြန့်ဂိုဏ်းအုပ်စုသည် Longge Company ဟု ထူထောင်ထားသောအုပ်စုဖြစ်ကာ လူပေါင်း ၉၀၀ နီးပါးထံမှ ကိုရီးယားဝမ် ၂၁ ဘီလီယံ (ဒေါ်လာ ၁၅ သန်း သို့မဟုတ် ဘတ် ၄၇၈ သန်း) အား ရင်းနှီးမြှုပ်နှံမှု၊ ချစ်ခင်ဟန်ဆောင်မှု စသည့် လိမ်လည်နည်းအမျိုးမျိုးဖြင့် ရယူခဲ့ကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ဆိုသည်။ ထို့ကြောင့် တောင်ကိုရီးယားအထူးရဲတပ်ဖွဲ့ဝင်များသည် ပတ္တရားသို့ သုံးကြိမ်တိုင် ကြိုတင်လာရောက်ကာ သက်သေများစုစည်းပြီး ထိုင်းရဲတပ်ဖွဲ့၊ နိုင်ငံတကာနှင့်ပူးပေါင်းပြီး ဇွန်လက ကနဦးစစ်ဆင်ရေးအဖြစ်

မဲခေါင်၊ စက်တင်ဘာ ၂၄

တောင်ကိုရီးယားရဲတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး တောင်ကိုရီးယားပြည်သူများအား ငွေလိမ်ဒုက္ခပေးနေသော နဂါးကျားဖြန့်ဂိုဏ်းကို ပတ္တရားအထိ သွားရောက်ဖြိုခွင်းခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။

ယင်းကျားဖြန့်ဂိုဏ်းအုပ်စုသည် Longge Company ဟု ထူထောင်ထားသောအုပ်စုဖြစ်ကာ လူပေါင်း ၉၀၀ နီးပါးထံမှ ကိုရီးယားဝမ် ၂၁ ဘီလီယံ (ဒေါ်လာ ၁၅ သန်း သို့မဟုတ် ဘတ် ၄၇၈ သန်း) အား ရင်းနှီးမြှုပ်နှံမှု၊ ချစ်ခင်ဟန်ဆောင်မှု စသည့် လိမ်လည်နည်းအမျိုးမျိုးဖြင့် ရယူခဲ့ကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ဆိုသည်။

ထို့ကြောင့် တောင်ကိုရီးယားအထူးရဲတပ်ဖွဲ့ဝင်များသည် ပတ္တရားသို့ သုံးကြိမ်တိုင် ကြိုတင်လာရောက်ကာ သက်သေများစုစည်းပြီး ထိုင်းရဲတပ်ဖွဲ့၊ နိုင်ငံတကာနှင့်ပူးပေါင်းပြီး ဇွန်လက ကနဦးစစ်ဆင်ရေးအဖြစ် သံသယတရားခံ အယောက် ၂၀ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယခု စက်တင်ဘာ ၂၂ ရက်တွင် တစ်ဖန် စုံစမ်းဖော်ထုတ်နိုင်သမျှ နဂါးကျားဖြန့်ဂိုဏ်းဝင် ၂၅ ယောက်ကို ထပ်မံဖမ်းဆီးကာ ဖြိုခွင်းခဲ့ပြီး ခေါင်းဆောင် Jaryong လည်းမိကာ ထိုင်းက ထိန်းသိမ်းထားပြီး ပြန်အလွှတ်ကိုစောင့်နေသည်ဟု တောင်ကိုရီးယား ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများထဲမှ ၂၁ ယောက်ကို တောင်ကိုရီးယားသို့ ခေါ်ဆောင်ကာ စစ်ဆေး အရေးယူမှု လုပ်ငန်းစဉ်များလုပ်နေကြောင်း၊ ထိုင်းဒုစရိုက်သမားများနှင့် တောင်ကိုရီးယားသားများ ပူးပေါင်းလုပ်ဆောင်သည့် ကျားဖြန့်ဖြစ်ကြောင်း၊ တောင်ကိုရီးယားပြည်သူများ ပိုမိုအားကောင်းလာသည့် ကျားဖြန့်ရန်စွယ်ကို သတိကြီးစွာထားရှိပြီး အလိမ်မခံရစေရန် ဆင်ခြင်ရမည်ဖြစ်ကာ အဆိုပါ ဂိုဏ်းများကို မည်သည့်ညှိနှိုင်းမှုမှမလုပ်ဘဲ အမြစ်ဖြတ်ချေမှုန်းမည်ဟု တောင်ကိုရီးယားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သည်။

ယင်းကျားဖြန့်ကုမ္ပဏီနာမည် Longge သည် တရုတ်စကားလုံး နဂါး နှင့် အစ်ကိုကြီး ဆိုသည်မှ ဆင်းသက်လာကာ ကိုရီးယားဘာသာစကားအရလည်း ဂိုဏ်းခေါင်းဆောင် Jaryong ကို အသံထွက် အရပေါင်းလျှင် နဂါးဟု အဓိပ္ပါယ်ရသည့် Ryong ဟုသာ ထွက်ဆိုသည်ဟု သိရသည်။

ကိုကလင်း
Ref: Thethaiger
#MeKongNews
#ထိုင်းနိုင်ငံ
#တောင်ကိုရီးယား
#ကျားဖြန့်
#နဂါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now