ကမ္ဘာ့သတင်း

မုန်တိုင်းဘုရင် ရာဂါဆာ ထိုင်ဝမ်သို့ဝင်ပြီး တောင်ပေါ်ရေကန်ကြီးပါ ပြိုသဖြင့် ၁၄ ယောက်သေဆုံး

မဲခေါင် 24 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၄ ဖိလစ်ပိုင်သို့ ဝင်ရောက်တိုက်ခတ်ရာတွင် အနည်းဆုံး ၃ ဦးသေဆုံးခဲ့သည့် ၂၀၂၅ ခုနှစ်၏ အပြင်းထန် ဆုံးစူပါတိုင်ဖွန်းမုန်တိုင်းရာဂါဆာခေါ် မုန်တိုင်းတို့၏ ဘုရင်သည် စက်တင်ဘာ ၂၃ ရက်က ထိုင်ဝမ်နှင့် ဟောင်ကောင်နှင့်တရုတ်နိုင်ငံတို့သို့ ဝင်ရောက်လာပြီးနောက် ထိုင်ဝမ်တစ်ခုတည်းမှာပင် အနည်းဆုံး ၁၄ ယောက်သေဆုံးခဲ့ရပြီးဖြစ်သည်ဟု သိရှိရသည်။ တောင်အာရှသို့ ဝင်ရောက်လာချိန်တွင် ရာဂါဆာ၏ ပြင်းအားသည် ပိုအားကောင်းလာပြီး စက်တင်ဘာ ၂၄ မနက်တွင် အန္တရာယ်သတိပေးချက် အမြင့်ဆုံးဖြစ်သည့် T10 အဆင့်ဖြင့်မိုးလေဝသ ပညာရှင်များ က ထုတ်ပြန်သတိပေးခဲ့ရသည်။ တစ်နာရီ ၁၃၇ မိုင်နှုန်းဖြင့် တိုက်ခတ်သည် မုန်တိုင်းသည် ဟောင်ကောင်တွင် လမ်းထွက်လျှောက်နေသည့် ကလေးတစ်ဦးအပါ ၂ ဦးကို

မဲခေါင်၊ စက်တင်ဘာ ၂၄

ဖိလစ်ပိုင်သို့ ဝင်ရောက်တိုက်ခတ်ရာတွင် အနည်းဆုံး ၃ ဦးသေဆုံးခဲ့သည့် ၂၀၂၅ ခုနှစ်၏ အပြင်းထန် ဆုံးစူပါတိုင်ဖွန်းမုန်တိုင်းရာဂါဆာခေါ် မုန်တိုင်းတို့၏ ဘုရင်သည် စက်တင်ဘာ ၂၃ ရက်က ထိုင်ဝမ်နှင့် ဟောင်ကောင်နှင့်တရုတ်နိုင်ငံတို့သို့ ဝင်ရောက်လာပြီးနောက် ထိုင်ဝမ်တစ်ခုတည်းမှာပင် အနည်းဆုံး ၁၄ ယောက်သေဆုံးခဲ့ရပြီးဖြစ်သည်ဟု သိရှိရသည်။

တောင်အာရှသို့ ဝင်ရောက်လာချိန်တွင် ရာဂါဆာ၏ ပြင်းအားသည် ပိုအားကောင်းလာပြီး စက်တင်ဘာ ၂၄ မနက်တွင် အန္တရာယ်သတိပေးချက် အမြင့်ဆုံးဖြစ်သည့် T10 အဆင့်ဖြင့်မိုးလေဝသ ပညာရှင်များ က ထုတ်ပြန်သတိပေးခဲ့ရသည်။

တစ်နာရီ ၁၃၇ မိုင်နှုန်းဖြင့် တိုက်ခတ်သည် မုန်တိုင်းသည် ဟောင်ကောင်တွင် လမ်းထွက်လျှောက်နေသည့် ကလေးတစ်ဦးအပါ ၂ ဦးကို ပင်လယ်ထဲ ဆွဲချသွားခဲ့ ကြောင်း၊ ၂၀၁၇ ကတိုက်ခဲ့သည့် ဟာတိုနှင့် ၂၀၁၈ တွင် တိုက်ခတ်ခဲ့သည့် မန်ခက်မုန်တိုင်းများ၏ ပြင်းအားမျိုးအထိ အားကောင်းလာသည်ဟု သိရသည်။

တရုတ်နှင့်ဟောင်ကောင်တွင် မုန်တိုင်းကြောင့် လူဦးရေ ၂ သန်းအထိ ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်နေရကြောင်းလည်း သိရသည်။

ထိုင်ဝမ်သို့ မုန်တိုင်းဝင်ရောက်မှုသည် အခြေအနေအဆိုးရွားဆုံးဖြစ်ကာ အနည်းဆုံး ၁၄ ဦးသေဆုံးပြီး ၁၀၀ ကျော်ပျောက်ဆုံးနေကြောင်း လတ်တလောသတင်းများအရ သိရသည်။

ထိုင်ဝမ်အရှေ့ပိုင်း မြို့ဖြစ်သည့် ဟွာလီယန်သည် မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံရကာ ၁၂၉ ယောက်အထိ ပျောက်ဆုံးနေ ကြောင်းနှင့် ဂွမ်ဖူမြို့သည်လည်း တောင်ပေါ်တွင်ရှိသော ရေကန်ကြီး ကမ်းပြိုကာ မြို့ပေါ်သို့ ရေအလုံး အရင်းဖြင့် ထိုးဆင်းသဖြင့် တံတားများ၊ အဆောက်အအုံများစွာ ကျိုးပျက်ကာ ဒေသတစ်ခုလုံး ရေနစ်မြုပ်သွားခဲ့ပြီဖြစ်သည်။

ဒေသစံတော်ချိန် စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် ဟောင်ကောင်သို့ မုန်တိုင်းသည် တစ်နာရီ လေတိုက်နှုန်း ၁၃၇ မိုင်ဖြင့် ဝင်ရောက်လာသဖြင့် ၃၃ ယောက် ဒဏ်ရာရထားသည်ဟု တောင်တရုတ်နံနက်ခင်းသတင်းက ဖော်ပြလာသည်။ မုန်းတိုင်သည် ဆက်လက်ပြီး တရုတ်တောင်ပိုင်း ကုန်တွင်းပိုင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။

ကွမ်တုံပြည်နယ်တွင်း လော်စပီကာများဖြင့် နေအိမ်အတွင်းမှ မထွက်ကြရန် တာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက် မနက်ကတည်းက သတိပေး ကြေညာနေကာ ကမ်းခြေနှင့်နီးစပ်ရာဒေသမှ သန်းချီ နေရာရွှေ့ပြောင်းရကြောင်း သိရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရာဂါဆာမုန်တိုင်း
#ထိုင်ဝမ်
#ကွမ်တုံပြည်နယ်
#ဖိလစ်ပိုင်
#စူပါတိုင်ဖွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now