ကမ္ဘာ့သတင်း

အပြင်းထန်ဆုံးမုန်တိုင်း ရာဂါဆာကြောင့် ဂွမ်ဒေါင်းပြည်နယ်တွင် လူပေါင်း ၃၇၁၀၀၀ ရွှေ့ပြောင်းကာ လေကြောင်းခရီးစဉ် ရာချီ ရပ်ဆိုင်းထား

မဲခေါင် 23 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၃ စက်တင်ဘာ ၁၇ ရက်က ဖိလစ်ပိုင်ပင်လယ်ပြင်တွင် စတင်ပေါ်ထွန်းတိုက်ခတ်သည့် ရာဂါဆာ စူပါ တိုင်ဖွန်းမုန်တိုင်းသည် အန္တရာယ်သတိပေးချက် အမြင့်ဆုံးအဆင့်သတ်မှတ်ခံရကာ ဖိလစ်ပိုင်ကို တိုက်ခတ်ပြီးနောက် စက်တင်ဘာ ၂၃ ရက်နှောင်းပိုင်း တရုတ်နိုင်ငံတောင်ပိုင်းသို့ ရွေ့လျား တိုက်ခတ် လာပြီဖြစ်သည်။ တစ်မိနစ်အတွင်း တစ်နာရီ ကီလိုမီတာ ၂၇၀ လေတိုက်နှုန်းဖြင့် တိုက်ခတ်နေသော ရာဂါဆာကြောင့် ဖိလစ်ပိုင်တွင် ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ပြီးဖြစ်ရာ မုန်တိုင်းသည် တောင်တရုတ်ပင်လယ်ကို ဖြတ်ကာ တရုတ်တောင်ပိုင်း၊ ဟောင်ကောင်၊ မက္ကာအိုနှင့် ဂွမ်ဒေါင်းပြည်နယ်များသို့ ပြင်းထန်စွာ ဝင်ရောက်လာတော့မည်ဖြစ်သည်။ ဂွမ်ဒေါင်းပြည်နယ် နည်းပညာပိုင်းဆိုင်ရာဗဟိုချက် ရှန်ဇန်းအပါအဝင် မြို့ပေါင်း ၁၀ မြို့ကျော်ကို ပြည်နယ်အစိုးရက

မဲခေါင်၊ စက်တင်ဘာ ၂၃

စက်တင်ဘာ ၁၇ ရက်က ဖိလစ်ပိုင်ပင်လယ်ပြင်တွင် စတင်ပေါ်ထွန်းတိုက်ခတ်သည့် ရာဂါဆာ စူပါ တိုင်ဖွန်းမုန်တိုင်းသည် အန္တရာယ်သတိပေးချက် အမြင့်ဆုံးအဆင့်သတ်မှတ်ခံရကာ ဖိလစ်ပိုင်ကို တိုက်ခတ်ပြီးနောက် စက်တင်ဘာ ၂၃ ရက်နှောင်းပိုင်း တရုတ်နိုင်ငံတောင်ပိုင်းသို့ ရွေ့လျား တိုက်ခတ် လာပြီဖြစ်သည်။

တစ်မိနစ်အတွင်း တစ်နာရီ ကီလိုမီတာ ၂၇၀ လေတိုက်နှုန်းဖြင့် တိုက်ခတ်နေသော ရာဂါဆာကြောင့် ဖိလစ်ပိုင်တွင် ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ပြီးဖြစ်ရာ မုန်တိုင်းသည် တောင်တရုတ်ပင်လယ်ကို ဖြတ်ကာ တရုတ်တောင်ပိုင်း၊ ဟောင်ကောင်၊ မက္ကာအိုနှင့် ဂွမ်ဒေါင်းပြည်နယ်များသို့ ပြင်းထန်စွာ ဝင်ရောက်လာတော့မည်ဖြစ်သည်။

ဂွမ်ဒေါင်းပြည်နယ် နည်းပညာပိုင်းဆိုင်ရာဗဟိုချက် ရှန်ဇန်းအပါအဝင် မြို့ပေါင်း ၁၀ မြို့ကျော်ကို ပြည်နယ်အစိုးရက အန္တရာယ်အရှိဆုံး သတိပေးချက်ထုတ်ပြန်ထားရပြီး လူပေါင်း ၃၇၁၀၀၀ ကို နေရာ ရွှေ့ပြောင်းခိုင်းပြီးဖြစ်ကာ လေကြောင်းခရီးစဉ်ပေါင်း ထွက်ခွာ ၂၁၀ နှင့် ဆိုက်ရောက် ၃၁၉ ခုကို ရွှေ့ဆိုင်းလိုက်ရသည်ဟု သိရှိရသည်။

ဂွမ်ဒေါင်းပြည်နယ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် မီးသတ်သမား ၃၈၀၀၀၊ သင်္ဘော ၂၃ စီး၊ ဒရုန်းပေါင်းများစွာကို အသုံးပြုရန် အသင့်ပြင်ဆင်ထားကာ တရုတ်ဗဟိုအစိုးရက သဘာ၀ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် ယာယီတဲ ၆၀၀၀၀၊ အိပ်ယာများ၊ ဓာတ်မီးများလည်း ပေးပို့ကာ ကယ်ဆယ်ရေးစခန်းများလည်း အနှံ့အပြားဖွင့်ကာ မုန်တိုင်း ကိုရင်ဆိုင်ရန် စောင့်ဆိုင်းနေကြကြောင်း သိရသည်။

ရှန်ဇန်းမြို့တွင် စျေးအားလုံး၊ စာသင်ကျောင်း၊ စက်ရုံ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံး ပိတ်ထားပြီး လူများ နေအိမ်အတွင်း စားနပ်ရိက္ခာအသင့်ထားရှိပြင်ဆင်နေထိုင်ကြရန် သတိပေးချက်များ ထုတ်ပြန် နေသည်။

ရှန်ဇန်းလေဆိပ်၊ ဟောင်ကောင် ဇူးဟိုင်-မက္ကာအိုတံတားများလည်း ပိတ်ထားပြီး စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှစပြီး ဘတ်စ်ကားများ၊ တက္ကဆီနှင့် ရထားခရီးစဉ်အားလုံးလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။

ရှန်ဇန်မြို့ရှိ စတိုးဆိုင်များတွင် လူများစွာ မုန်တိုင်းကို ရင်ဆိုင်ရန် စာပွဲတင်ဖုန်းအားသွင်းဘက်ထရီများ အလုအယက်ဝယ်ယူသဖြင့် ပစ္စည်းပြတ်လပ်ကာ ဒလီဗာရီသမားများလည်း မလာနိုင်တော့ဘဲ အရေးပေါ်ပစ္စည်းများစွာ ပြတ်လပ်နေပြီဟု သိရသည်။

ရှန်ဇန်းမြို့သည် ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်စွာတည်ရှိသဖြင့် နေရပ်ရှောင်ရသူအများစုမှာ ယင်းမြို့မှ ဖြစ်သည်ဟု သိရသည်။

ဟောင်ကောင်တွင်လည်း လေယာဉ်ခရီးစဉ် ၅၀၀ ကျော် ရပ်ဆိုင်းကာ ကျောင်းများ ၂ ရပ်ပိတ်ထားပြီး ယာယီဒုက္ခသည်စခန်း ၄၆ ခုဖွင့်လှစ်ထားသည်။

ထိုင်ဝမ်တွင်လည်း ပြည်တွင်းလေကြောင်းခရီးစဉ် ၁၄၆ လိုင်းဖျက်သိမ်းခဲ့ရသည်။

၂၀၂၅ ခုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းများထဲတွင် ရာဂါဆာသည် အပြင်း ထန်ဆုံးဖြစ်ကာ အမြင့်ဆုံးလေတိုက်ခတ်နှုန်း တစ်နာရီ ၂၀၅ ကီလိုမီတာနှုန်းရှိသည်။

၎င်းနောက်တွင်မှ တစ်နာရီ အမြင့်ဆုံးလေတိုက်နှုန်း ၁၉၅ ကီလိုမီတာနှုန်းနှင့် တိုက်ခတ်နေသော နီယိုရူရီမုန်တိုင်း၊ ဩဂုတ် ၁၅ ရက်က လှုပ်ခဲ့သည့် ပိုဒယ်မုန်တိုင်း (လေတိုက်နှုန်း တစ်နာရီ ၁၅၀ ကီလိုမီတာ)တို့ အသီးသီး ရပ်တည်နေသည်။

ကိုကလင်း
Ref: scmp
#MeKongNews
#ရာဂါဆာမုန်တိုင်း
#စူပါတိုင်ဖွန်း
#တရုတ်နိုင်ငံ
#ဟောင်ကောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now