နေ့စဥ်သတင်း

လူမိုက်ဂိုဏ်းနှိမ်နင်းရေး လုပ်ဆောင်နေပြီး ၁၄ နှစ် သမီး လက်ကောက်ဝတ်ဖြတ်ခဲ့သည့် ဂိုဏ်းခေါင်းဆောင်ကိုဖမ်းမိ၊ တရားမဝင်လုပ်သား နှိမ်နင်းရေးပါလုပ်ဆောင်နေဟု ချင်းမိုင်ရဲတပ်ဖွဲ့ဆို

မဲခေါင် 23 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၃ စက်တင်ဘာ ၁၇ ရက်က ချင်းမိုင်ခရိုင်၊ နောင်ပါကရန်ခရိုင်ခွဲရှိ အဝတ်လျှော်ဆိုင်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေး လက်ကောက်ဝတ်အား ဓားဖြင့် မွှမ်းကာလှီးဖြတ်ခဲ့သည့် ချင်းမိုင် ရှမ်း ၉၉၉ ဂိုဏ်းခေါင်းဆောင် ချိုင်လင်းခေါ် မစ္စတာတော့ပ်ကို ဖမ်းဆီးနိုင်ခဲ့ပြီဟု ထိုင်းရဲမှူးချုပ်အပါ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲများက စက်တင်ဘာ ၂၃ ရက်တွင် အတည်ပြု ထုတ်ပြန်သွားခဲ့သည်။ ချင်းမိုင်တွင် ထိုင်းရဲတပ်ဖွဲ့က လူဆိုး၊ လူမိုက်ဂိုဏ်းများနှိမ်နင်းရေးကို လုပ်ဆောင်နေပြီး တော့ပ်အပါအဝင် ဂိုဏ်းစတားများကို ဖမ်းဆီးရန် စစ်ဆင်ရေးတစ်ရပ်ဖော်ဆောင်ကာ တရားခံများကို ရှာဖွေနေခဲ့ရာ နယ်စပ်သို့ဆိုင်ကယ့်ဖြင့် ထွက်ပြေးသည့် တော့ပ် ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် တရားမဝင်

မဲခေါင်၊ စက်တင်ဘာ ၂၃

စက်တင်ဘာ ၁၇ ရက်က ချင်းမိုင်ခရိုင်၊ နောင်ပါကရန်ခရိုင်ခွဲရှိ အဝတ်လျှော်ဆိုင်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေး လက်ကောက်ဝတ်အား ဓားဖြင့် မွှမ်းကာလှီးဖြတ်ခဲ့သည့် ချင်းမိုင် ရှမ်း ၉၉၉ ဂိုဏ်းခေါင်းဆောင် ချိုင်လင်းခေါ် မစ္စတာတော့ပ်ကို ဖမ်းဆီးနိုင်ခဲ့ပြီဟု ထိုင်းရဲမှူးချုပ်အပါ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲများက စက်တင်ဘာ ၂၃ ရက်တွင် အတည်ပြု ထုတ်ပြန်သွားခဲ့သည်။

ချင်းမိုင်တွင် ထိုင်းရဲတပ်ဖွဲ့က လူဆိုး၊ လူမိုက်ဂိုဏ်းများနှိမ်နင်းရေးကို လုပ်ဆောင်နေပြီး တော့ပ်အပါအဝင် ဂိုဏ်းစတားများကို ဖမ်းဆီးရန် စစ်ဆင်ရေးတစ်ရပ်ဖော်ဆောင်ကာ တရားခံများကို ရှာဖွေနေခဲ့ရာ နယ်စပ်သို့ဆိုင်ကယ့်ဖြင့် ထွက်ပြေးသည့် တော့ပ် ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ကိုလည်း နှိမ်နင်းဖမ်းဆီးရန် ကြိုးပမ်းနေရာတွင် သံသယရှိသူ ၁၈၉ ယောက်ကို ဖမ်းဆီးထားကြောင်း သိရသည်။

မစ္စတာတော့ပ်သည် ဘန်ကောက်ရှိ ရှမ်း ၉၉၉ ဂိုဏ်းခေါင်းဆောင်ဖြစ်ကာ ဘန်ကောက်မှထွက်ပြေးပြီး ချင်းမိုင်တွင် အလုပ်အကိုင်ရှာဖွေနေစဉ် ချင်းမိုင်မှ ဂိုဏ်းစတား မစ္စတာ မုန်းနှင့် သိကြွမ်းရင်းနှီးကာ ဆယ်ကျော်သက် လူငယ်ဂိုဏ်းတစ်ခုမှ မစ္စတာမုန်းကို တိုက်ခိုက်ခဲ့သဖြင့် Line အပလီကေးရှင်း Group မှ ရန်သူများကို ရှာဖွေကာ လက်စားချေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကြောရေး၌ ဝန်ခံထွက် ဆိုသွားခဲ့သည်။

သို့သော် မစ္စတာမုန်းဆိုသူပြောသော မိန်းကလေးကို ဓားဖြင့် လက်ကောက်ဝတ်အား လှီးခဲ့ရာတွင် သူလည်း မမြင်ဖူး၊ မသိဖူးသလို လူမှားပြီး လုပ်မိခဲ့ခြင်းသာဖြစ်သောကြောင့် ခံရသူဆယ်ကျော်သက်မိန်းကလေးအား တောင်းပန်သည်ဟုပင် မစ္စတာတော့ပ်က ထွက်ဆိုခဲ့သည်။

အမှုကျူးလွန်ပြီးနောက် ချာချိုအန်ဆာအိုခရိုင်မှတစ်ဆင့် ကမ္ဘောဒီးယားဘက် ထွက်ပြေးရန် ကြိုးစားရင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရဲတပ်ဖွဲ့က မစ္စတာတော့ပ်အား ဆိုးရွားစွာ ဒဏ်ရာရရှိစေမှု၊ လူသတ်ရန်ကြိုးစားမှု၊ လူမိုက်ဂိုဏ်းထူထောင်မှု၊ လူပေါင်း ၁၀ ဦးထက်မနည်းကို တိုက်ခိုက်အနိုင်ကျင့်ခဲ့မှု၊ အများပြည်သူ မငြိမ်မသက်ဖြစ်စေရန် ကျူးလွန်မှု၊ လူအများနှင့်သက်ဆိုင် သည့် မြို့၊ နယ်၊ ရွာများတွင် လက်နက်ကိုင်ဆောင်မှုများဖြင့် အမှုဖွင့်အရေးယူတော့မည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Source – Guru Chiang Mai
ကိုကလင်း
#MeKongNews
#ချင်းမိုင်
#လူဆိုးဂိုဏ်း
#ရွှေ့ပြောင်းလုပ်သား
#ဂိုဏ်းစတား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now